News sport

အောင်​လအန်​ဆန်​၏ ကမ္ဘာ့ချန်​ပီယံခါးပတ်​ကို စိန်​​ခေါ်ထိုးမည့်​အလိန်းဂါလာနီ ဘန်​​ကောက်​ MMAပွဲတွင်​ အနိုင်​ရရှိ

အောင်​လအန်​ဆန်​ ရရှိထားသည့်​ One MMA ကမ္ဘာ့ချန်​ပီယံနှစ်​ခုထဲမှ လိုက်​ဟဲဗီးဝိတ်​ ကမ္ဘာ့ချန်​ပီယံခါးပတ်​အတွက်​ စိန်​​ခေါ်ထိုးသတ်​သွားမည့်​အလိန်းဂါလာနီသည်​ မတ်​လ၂၄ရက်​ကဘန်​​ကောက်​တွင်​ ပြုလုပ်​ခဲ့​သော MMAပြိုင်​ပွဲ၌ အနိုင်​ရရှိခဲ့​သော​ကြောင့်​ ​အောင်​လအန်​ဆန်​ကို စိန်​​ခေါ်ထိုးသတ်​ရန်​ ပိုမိုနီးစပ်​လာပြီဖြစ်​​ကြောင်း သိရသည်​။

အဆိုပါပွဲ MMAပွဲစဉ်​တွင်​ ​ဟောင်​​ကောင်​နိုင်​ငံသား ကင်းမရွန်းနွယ်​ဖွား အလိန်းဂါလာနီက မွန်​ဂိုလီးယား MMAဖိုက်​တာ နှင့်
ယှဉ်​ပြိုင်​ထိုးသတ်​ခဲ့ခြင်း ဖြစ်​ပြီး အမှတ်​ဖြင့်​ အနိုင်​ရရှိခဲ့ခြင်းဖြစ်​သည်​။

မွေထိုင်းနှင့်​ ကစ်​​ဘောင်​ဆင်​ ဟဲဗီးဝိတ်​တန်း ကမ္ဘာချန်​ပီယံဆုကို ​လေးကြိမ်​အထိ ရရှိထားသူ အလိန်းသည်​ MMA​လောကထဲကို​နောက်​ပိုင်းမှဝင်​​ရောက်​လာခဲ့ပြီး ကမ္ဘာ့ချန်​ပီယံ စိန်​​ခေါ်ပွဲထိုးသတ်​နိုင်​သည်​အထိ ပြင်​ဆင်​​နေ​ကြောင်း သိရသည်​။

အလိန်းဂါလာနီသည်​ ​အောင်​လအန်​ဆန်​၏ လိုက်​ဟဲဗီးဝိတ်​ကမ္ဘာ့ချန်​ပီယံခါးပတ်​ကို စိန်​​ခေါ်ထိုးနိုင်​ရန်​အတွက်​ မွန်​ဂိုလီးယားMMAဖိုက်​တာ နှင့်​ ဘန်​​ဘောက်​ပွဲစဉ်​တွင်​ ဟဲဗီးဝိတ်​မှတစ်​ဆင့်​​လျော့၍ လိုက်​ဟဲဗီးဝိတ်​၌ ယှဉ်​ပြိုင်​ထိုးခဲ့ခြင်း ဖြစ်​သည်​။

န်းက ​အောင်​လအန်​ဆန်​ကို စိန်​​ခေါ်ထိုးသတ်​ရန်​ အ​ကောင်းဆုံးပြင်​ဆင်​မှုများ ပြုလုပ်​​နေ​ကြောင်းနှင့်​ မကြာမီ ​အောင်​လနှင့်​ထပ်​ဆုံမည်​ဖြစ်​​ကြောင်း One ကို​ပြောဆိုထားသည်​။

 

အောင်​လအန်​ဆန်​နှင့်​ အလိန်းဂါလာနီတို့သည်​ ပြီးခဲ့​သောနိုဝင်​ဘာလက ရန်​ကုန်​၌ MMAအထူးပွဲစဉ်​ ယှဉ်​ပြိုင်​ထိုးသတ်​ထားဖူးပြီး ​အောင်​လအန်​ဆန်​က ပထမအချီမှာပင်​ အနိုင်​ရရှိခဲ့သည်​။

အောင်​လအန်​ဆန်​၏ One MMA လိုက်​ဟဲဗီးဝိတ်​ ကမ္ဘာ့ချန်​ပီယံခါးပတ်​ကာကွယ်​ပွဲကို စက်​တင်​ဘာလတွင်​ ယှဉ်​ပြိုင်​ထိုးသတ်​သွားမည်​ဖြစ်​​ကြောင်း သိရသည်​။

credit – မိုင်း​စောလွင်

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment