News sport

မြန်​မာ-အ​မေရိကန်​-တရုတ်​ Drift Championship ပြိုင်​ပွဲမှာ မြန်​မာ ပထမရ

မန္တ​လေးတိုင်း ​ဒေသကြီး၊ ပြင်​ဦးလွင်​ မြို့နယ်မှာ MSAM (Motor Sport Association of Mandalay)က ဦးစီး ကျင်းပခဲ့တဲ့ မြန်​မာ -တရုတ်​-အ​မေရိကန်​ ၃ နိုင်​ငံ Drift Championship ပြိုင်​ပွဲ မှာ မြန်​မာနိုင်​ငံက ပထမဆု ရရှိခဲ့ပါတယ်​။

ယခုလ ၂၄ ရက်​​နေ့ နဲ့ ၂၅ ရက်​​နေ့​တွေမှာ ပြင်​ဦးလွင်​မြို့နယ်​၊ ပြင်​စာ​ကျေးရွာအနီး Cyber City မှာ ကျင်းပပြုလုပ်​ခဲ့တာဖြစ်​ပြီး MSAM က ကွင်းဝင်​​ကြေးကိုလည်း အခမဲ့ ပြုလုပ်​ပေးထားတယ်​လို့ သိရပါတယ်

ယခုလ ၂၄ ရက်​​နေ့ နဲ့ ၂၅ ရက်​​နေ့​တွေမှာ ပြင်​ဦးလွင်​မြို့နယ်​၊ ပြင်​စာ​ကျေးရွာအနီး Cyber City မှာ ကျင်းပပြုလုပ်​ခဲ့တာဖြစ်​ပြီး MSAM က ကွင်းဝင်​​ကြေးကိုလည်း အခမဲ့ ပြုလုပ်​ပေးထားတယ်​လို့ သိရပါတယ်​။

တခြားနိုင်​ငံ​တွေလို ပြည့်​ပြည့်​စုံစုံ မရှိ​ပေမယ့်​လည်း မြန်​မာနိုင်​ငံက လူငယ်​​တွေ အရည်​အချင်းရှိ​ကြောင်း ပြသချင်​စိတ်နဲ့ ​Drift Sport ကို တိုးတက်ေေ​စချင်တဲ့ ရည်ရွယ်ချက်တို့နဲ့ MSAM က ဦးစီးကျင်းပတာဖြစ်​ပြီး Wolver က စပွန်​ဆာ​ပေး ပြုလုပ်​​ခဲ့တာ ဖြစ်​ပါတယ်​။

တရုတ်​နှင့်​ အ​မေရိကန်​နိုင်​ငံတို့ ဘက်​ကလည်း အ​တွေ့အကြုံရှိ Drifter ​တွေ ဝင်​​ရောက်​ ယှဉ်​ပြိုင်​ခဲ့ကြပြီး ၃ နိုင်​ငံမှ ဒိုင်​တွေက အကဲဖြတ်​ အမှတ်​​ပေးခဲ့တာ ဖြစ်​ပါတယ်​။

ပွဲစဉ်တွေအနေနဲ့ မတ်​လ ၂၄ ရက်ေ​န့ မနက်ပိုင်းမှာ Time Attack ပုံစံနဲ့ ယှဉ်​ပြိုင်ခဲ့ပြီး ​နေ့လည်ပိုင်းမှာ Semi Pro Drift ပုံစံ နဲ့ ယှဉ်​ပြိုင်​ခဲ့တာ ဖြစ်​ပါတယ်​။

မတ်​လ ၂၅ ရက် ​နေ့ ​၊ မနက် ၈ နာရီက​နေ ညနေ ၆ နာရီ အထိ Pro Drift ပွဲစဉ်​အဖြစ်​ ကျင်းပပြုလုပ်​ခဲ့တာဖြစ်​ပြီး ပြိုင်​ပွဲတခုလုံးစာ အတွက်​ မြန်​မာနိုင်​ငံကိုယ်စားပြု အဖွဲ့ Aaron(GFD) က ပထမဆု ၊ အ​မေရိကန်​နိုင်​ငံ ကိုယ်​စားပြုအဖွဲ့ Evan (USA)က ဒုတိယဆုနဲ့ မြန်​မာနိုင်​ငံကိုယ်​စားပြု Ko Thu (turbonos)က တတိယဆု ရရှိခဲ့ပါတယ်​။

ပထမဆု ရရှိခဲ့တဲ့ Aaron (GFD) ဟာ မန္တ​လေး အ​ခြေစိုက်​ လူငယ်​ ၁၅ ဦး နဲ့  ၂၀၁၃ ခုနှစ်​မှာ စတင်​ ဖွဲ့စည်းခဲ့တာဖြစ်​ပြီး စတင်​ဖွဲ့စည်းခဲ့စဉ်​က ဒီလို ကား Drift ​မောင်းတာကို လူအများစု လက်​မခံနိုင်​ကြ​သေးတဲ့အတွက်​ အခက်​အခဲ​တွေ ရှိခဲ့တယ်​လို့ ဆိုပါတယ်။

အရင်​က တခြားလူ​တွေ အ​နှောင့်​အယှက်​ မဖြစ်​​အောင်​ လူမသိ သူမသိ ယှဉ်​ပြိုင်​ခဲ့ကြရာက​နေ အခုလို စနစ်​တကျ ပြိုင်​ပွဲတခု ဖြစ်​လာခဲ့တဲ့အတွက်​ ဂုဏ်​ယူမိတယ်​လို့ GFD အဖွဲ့သားတဦးက​ ​ပြောပါတယ်​။

သတင်း – ​ဖေသက်​ထက်​ခင်​/ ဧရာဝတီ

ဓာတ်​ပုံ – Pol (ပြင်ဦးလွင်) Quasar ၊ Kaung Khant

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment