ကမ္ဘာကြီးဟာ အံသြစရာတွေနဲ့ပြည့်နေတဲ့နေရာကြီးပါ ။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေဟာလည်းတစ်နည်းတစ်ဖုံတော့အံ့သြစရာကောင်းနေပါတယ် ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်က အရာရာတိုင်းဟာ သူ့ရဲ့ကိုယ်ပိုင်ပုံစံတစ်ခုအောက်မှာဖြစ်တည်နေကြတဲ့အတွက်ပါပဲ ။ လူတွေကြားမှာလည်း တချို့လူတွေဟာ ယေဘုယျအခြေအနေနဲ့ကွဲထွက်နေပြီးတော့ ထူးခြားနေတဲ့သူတွေရှိကြပါတယ် ။
အခု တင်ပြမယ့် ထူးဆန်းတဲ့ လူ ၁၀ ယောက်ကိုတစ်စေ့တစ်စောင်းကြည့်လိုက်ရအောင် …..
၁. Yu Zhenhuan
ဒီလူကတော့ တရုတ်နိုင်ငံမြောက်ပိုင်း Liaoning ဆိုတဲ့နေရာမှာနေထိုင်တဲ့သူတစ်ယောက်ပါ ။ သူ့ရဲ့ခန္ဓာကိုယ် ၉၆ ရာခိုင်နှုန်းလောက်ကိုအမွှေးတွေနဲ့ဖုံးလွှမ်းနေပါတယ် ။ ဒါဟာ ရှားပါးတဲ့ ဟော်မုန်းမညီမျှမှုပြဿနာကြောင့်ဖြစ်ရခြင်းဖြစ်ပြီးပါတယ် ။ သူဟာ ကမ္ဘာပေါ်မှာတော့ အမွှေးအများဆုံးလူတစ်ယောက်ပါပဲ ။ အမွှေးမရှိတဲ့နေရာဆိုလို့ လက်ဖဝါးနဲ့ ခြေဖဝါးနှစ်ခုပဲရှိပါတယ် ။
၂. Helmut Strebl
အသက် ၄၉ နှစ်အရွယ် သြစတေးသျနိုင်ငံသား ကာယဗလမောင်တစ်ယောက်ဟာ ကြွက်သားအများဆုံးအဖြစ် နာမည်ကျော်တဲ့သူတစ်ယောက်ဖြစ်တယ် ။ သူဟာ ဆိုရှယ်မီဒီယာပေါ်မှာလည်းရေပန်းစားပါတယ် ။ သူ့ခန္ဓာကိုယ်ပေါ်မှာ အဆီဆိုလို့ ၃ ရာခိုင်နှုန်းသာရှိပါတယ် ။ ဒီလိုခန္ဓာကိုယ်မျိုးကိုတော့ နှစ်ပေါင်းများစွာ အာရုံစိုက်လေ့ကျင့်မှသာရနိုင်တာဖြစ်ပါတယ် ။
၃. Tran Van Hay
သူ့ဆံပင်အတိုင်းအတာကိုသေချာမတိုင်းတာရသေးပေမယ့် ကမ္ဘာ့ဆံပင်အရှည်ဆုံး ဂင်းနစ်မှတ်တမ်းဝင်တစ်ယောက်ဖြစ်ပါတယ် ။ Tran Van Hay ဟာ နှစ်ပေါင်း ၅၀ လောက်လူတွေရဲ့မျက်စိအောက်ကပျောက်ကွယ်နေခဲ့ပြီး အခုချိန်မှာတော့ ကမ္ဘာ့ဆံပင်အရှည်ဆုံးလူတစ်ယောက်အဖြစ် လူတွေရဲ့မြင်ကွင်းထဲကိုရောက်ရှိလာခဲ့ပါတယ် ။
၎. Ekaterina Lisina
အရပ် ၆ ပေ ၉ လက်မရှည်လျားတဲ့ဒီမော်ဒယ်ကတော့ အကြီးဆုံးခြေထောက်ရှိတဲ့ အမျိုးသမီးတစ်ဦးပါ ။ Ekaterina ဟာ ဂင်းနစ်မှတ်တမ်းနှစ်ခုတင်ထားနိုင်တဲ့ အရပ်အရှည်ဆုံး အမျိုးသမီးတစ်ဦးဖြစ်ပြီးတော့ သူ့ရဲ့ခြေထောက်အရှည်ဟာ ၁၃၂ စင်တီမီတာ (၅၂ လက်မ) ရှိပါတယ် .
၅. Nikita Tkachuk
သူကတော့ ရုရှားကာယဗလမောင်တစ်ဦးပါ ။ လူတိုင်းမှင်တက်မိသွားရတဲ့သူ့ကြွက်သားတွေကတော့ တကယ်တော့ဘာမှမဟုတ်ပါဘူး ။ အရက်ဆီနဲ့လူးပြီး ကြွက်သားတွေကို ဆွထားတာပဲဖြစ်ပါတယ် ။
၆. Skye Broberg
သူကတော့ ဆပ်ကပ်မယ်တစ်ယောက်ဖြစ်ပြီး Skye Circus လို့လဲသူ့ကိုခေါ်ကြပါတယ် ။ ဂျွမ်းဘား အားကစားမှာ ငါးကြိမ်တိုင်တိုင် ဂင်းနစ်မှတ်တမ်းတင်ထားခဲ့နိုင်ပြီးတော့ ကမ္ဘာတစ်ဝှမ်းကိုလှည့်လည်ဖျော်ဖြေနေသူတစ်ဦးဖြစ်ပါတယ် ။ သူ့ရဲ့ဖျော်ဖြေမှုတွေကတော့ ကွင်းအသေးလေးတစ်ခုကို ခန္ဓာကိုယ်ဝင်ပြခြင်း အချိုးအဆစ်များကွေးပြခြင်းတို့အပြင်
သူ့ရဲ့မှန်လှောင်အိမ်လေးထဲကရုန်းထွက်တဲ့စတန့်မျိုးတွေပဲဖြစ်ပါတယ် ။
၇. Michele Kobke
၂၀၁၃ ခုနှစ်မှာတော့ အသက် ၂၄ နှစ်အရွယ် Michele Kobke ကတော့ သူ့ရဲ့ ၁၆လက်မသာရှိတဲ့ခါးကြောင့် နာမည်ကျော်လာခဲ့ပါတယ် ။ ဒါပေမယ့် မွေးကထဲက ခါးသေးသေးလေးဖြစ်နေခဲ့တာမဟုတ်ပါဘူး ။ သူ့ရဲ့ခန္ဓာကိုယ်ကို အခုလိုဖြစ်လာအောင် ပြုပြင်ခဲ့တာပဲဖြစ်ပါတယ် ။ လန်ဒန်မှာ ဝတ်တဲ့ခါးစည်းကို ညအိပ်တိုင်းဝတ်ဆင်ခဲ့တဲ့အတွက် သူ့ခါးဟာ ၉ လက်မလောက်သိမ်သွားခဲ့တာဖြစ်ပါတယ် ။
၈. Nick Stoeberl
Nick ကတော့ ကမ္ဘာပေါ်မှာ လျာအရှည်ဆုံးလူတစ်ယောက်ဖြစ်ပြီးတော့ ၂၀၁၅ မှာ ဂင်းနစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်
အခုချိန်ထိ သူ့စံချိန်ကိုချိုးနိုင်မယ့်လူမရှိသေးပါဘူး ။ Miley Cyrus ကတော့ ဒီလူနဲ့အတူ Selfie ဆွဲမှာ အသေအချာပဲ ။
၉. Thai Ngoc
၁၉၄၂ ခုနှစ်မှာမွေးဖွားခဲ့တဲ့ ဒီဗီယက်နမ်နိုင်ငံသား လယ်သမားကြီးဟာ ၁၉၇၃ ခုနှစ်ကစပြီးတော့ အိပ်စက်ခြင်းမပြုခဲ့ပါဘူး ။ သူဟာ ပြင်းပြင်းထန်ထန် နေမကောင်ဖြစ်ပြီးတဲ့နောက်မှာ လုံးဝအိပ်ချင်စိတ်မရှိတော့တာဖြစ်ပါတယ် ။ ဒီတော့ သူအသက်ရှင်နေထိုင်ခဲ့တဲ့အချိန်တစ်လျောက်လုံး ၄၃ နှစ်တိုင်တိုင် မအိပ်စက်ပဲ နေခဲ့ပါတယ် ။ ဒါပေမယ့် အိပ်ပျော်ဖို့မကြိုးစားခဲ့တာတော့မဟုတ်ပါဘူး ။
၁၀. Dean Karnazes
ဒီလူကိုတော့ ထာဝရပြေးနိုင်တဲ့လူသားတစ်ယောက်အဖြစ်လူသိများပါတယ် ။ ဘာကြောင့်လဲဆိုတော့ သုံးရက်နဲ့သုံးညတိုင်တိုင်မအိပ်ပဲပြေးတယ်ဆိုတာက သာမန်လူတစ်ယောက်အတွက်တော့ဘယ်လိုမှမဖြစ်နိုင်ပါဘူး ။ တောင်ဝင်ရိုးစွန်းက အပူချိန် အနုတ် ၂၅ ဒီဂရီအောက်လျော့နည်းတဲ့နေရာမှာကျင်းပခဲ့တဲ့ မာရသွန်ပြိုင်ပွဲမှာအနိုင်ရခဲ့တဲ့အပြင် ဂန္တာရကိုဖြတ်ပြေးတဲ့ပြိုင်ပွဲမှာလည်း အနိုင်ရခဲ့ပါတယ် ။ သူ့ဘဝတစ်လျောက်လုံးမိုင်ရာချီပြေးနေခဲ့ပေမယ့် ကြွက်သားဒဏ်ရာရတာမျိုး ကြွက်တက်တာမျိုးတစ်ခါမှမဖြစ်ခဲ့ပါဘူး ။
Writer – Min Thu (Daily Hot News)
Leave a Comment