ပရလောက

ကင်မရာမှတ်တမ်းတွေမှာ ဖမ်းမိတဲ့ သွေးစုတ်ဖုတ်ကောင် ( ၅ ) ကောင်

သွေးစုပ်ကောင်တွေဆိုတာက ရာဇဝင်ထဲမကောင်းဆိုးဝါးကောင်တွေပါ ။ ဒဏ္ဍာရီတွေထဲမှာတော့ သွေးစုပ်ကောင်တွေဟာ သတ္တဝါမျိုးစိတ်တစ်ခုဖြစ်ပြီးတော့ သူတို့ဟာ ရက်စက်ကြမ်းကြုတ်တယ် ။ သာမန်ထက်ကြမ်းတမ်းတဲ့ လိင်ပိုင်းဆိုင်ရာစိတ်ရှိပြီးတော့ ဥာဏ်ရည်ကောင်းမွန်လွန်းပြီး ဂန္တဝင်ဆန်တဲ့အရာတွေအဖြစ်ဖော်ပြထားပါတယ် ။

သမိုင်းအထောက်အထားအတွေအရတချို့နေရာတွေမှာ သူတို့တွေလူတွေကြားမှာရှိခဲ့ကြောင်းသက်သေတွေတွေ့ရပေမယ့်  အခုချိန်မှာရောလူတွေကြားမှာရှိနေနိုင်မလား ။ အခုဖော်ပြမှာကတော့ ကင်မရာမှာ မတော်တဆ ဖမ်းမိလိုက်တဲ့ သွေးစုပ်ကောင် ၅ ကောင်ပဲဖြစ်ပါတယ် ။

၁. တောထဲမှ သွေးစုပ်ကောင်

နိုဝင်ဘာ ၆ ရက်နေ့ ၂၀၀၆ ခုနှစ်မှာ လူနှစ်ယောက်ညဘက်ကြီးတောထဲမှာတောင်တက်နေစဉ်အချိန်မှာ ညရိုက်ကင်မရာဖွင့်ပြီးရိုက်ကူးထားခဲ့ပါတယ် ။ သူတို့လမ်းလျောက်ရင်း ၄၅ မိနစ်အကြာမှာ တစ်စုံတစ်ခုကိုတွေ့လိုက်ရတဲ့အတွက်ရပ်ပြီးတော့ ကင်မရာကို မြင်ကွင်းချဲ့ကာအမှောင်ထဲကို  ကြည့်လိုက်တဲ့အခါမှာတော့…. ဆံပင်မပါ ပိန်လှီလှီနဲ့ နားရွက်ချွန်ချွန် နဲ့ ကိုယ်လုံးတီးလူတစ်ယောက်ဟာ လမ်းအဆုံးမှာ ဝပ်တွားနေတာကိုတွေ့လိုက်ရပါတယ် ။

သူက Noseferatu နဲ့ခပ်ဆင်ဆင်ပဲ ကင်မရာကိုအနီးကပ်ဆွဲရိုက်ခဲ့ပြီးတော့ သတ္တဝါရဲ့ပုံသဏ္ဍာန်ကို မီးရောင်အောက်မှာသေချာကြည့်ခဲ့ပါတယ် ။ နောက်တော့ အဖော်ပါလာတဲ့တစ်ယောက်က ဒီသတ္တဝါကိုလှန့်ဖို့အတွက် တုတ်တစ်ချောင်းကိုရိုက်ပြီးအသံပြုလိုက်ပါတယ် ။ သူ့ရဲ့အလင်းရောင်ထွက်နေတဲ့မျက်လုံးတွေနဲ့လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူတို့နှစ်ယောက်ထွက်ပြေးလာကြပြီး ဗီဒီယိုလည်း အဆုံးသတ်သွားပါတယ် ။

၂.ရုရှားမှ သွေးစုပ်ကောင်တိုက်ခိုက်မှု

ဗီဒီယိုထဲမှာပါတာကတော့ ဘောင်းဘီအရောင်လှလှဝတ်ထားတဲ့သူတစ်ယောက်ဟာ စတိုးဆိုင်အလုပ်သမားနေတဲ့ရန်ဖြစ်နေတဲ့အခိုက်အတန့်ပါပဲ ။ သူတို့က Twilight စာအုပ်အကြောင်းကို ငြင်းနေကြတာပါ ။ ဒီလူဟာ ပေါက်ကွဲလာပြီးထွက်သွားဖို့လုပ်ပေမယ့် အလုပ်သမားတစ်ယောက်ဟာသူ့ကိုတားဖို့ကြိုးစားပါတယ် ။ ဒါပေမယ့်တားဖို့ကြိုးစားတဲ့အလုပ်သမားဟာ ခုံနဲ့မိတ်ဆက်သွားရပါတယ် ။

နောက်ထပ်အလုပ်သမားတစ်ယောက်ကထပ်မံတားဆိးဖို့ကြိုးစားပေမယ့် သူလည်းအထိုးခံလိုက်ရပြီးပေအနည်းလောက်လွင့်ထွက်သွားပါတယ် ။ မှန်ထဲမှာမြင်ရတဲ့အတိုင်းပဲ နောက်ထပ်အလုပ်သမားတစ်ယောက်က နောက်ကနေဝင်ဖမ်းဖို့ကြိုးစားနေတာကိုတွေ့ရမှာပါ ။ ဒါပေမယ့် သူ့ကိုလက်တစ်ဖက်ထဲနဲ့ လေထဲမှာကိုင်မြှောက်လိုက်တဲ့အချိန်မှာတော့ ဒီဘောင်းဘီလှလှနဲ့လူရဲ့ပုံရိပ်ကို မှန်ထဲမှာမမြင်ရတဲ့အတွက်  သွေးစုပ်ကောင်လို့သတ်မှတ်လိုက်ရတာဖြစ်ပါတယ် ။

၃. မှန်ရှေ့ကဖြတ်လျောက်သွားတဲ့ သွေးစုပ်ကောင်

ဒီ CCTV မှတ်တမ်းကတော့ သွေးစုပ်ကောင်တွေ သာမန်လူအဖြစ်နဲ့နေထိုင်ကြပြီးတော့ အလုပ်လုပ်ရင်း ဈေးဝယ်ထွက်နေကြတဲ့ဆိုတဲ့သက်သေပါပဲ ။ ဂျော်ဂျီယာပြည်နယ် Savannah မှာ ရှိတဲ့လူတွေပြည့်နေတဲ့စတိုးဆိုင်ထဲမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တစ်ခုပါ ။ နေကာမျက်မှန်တပ်ထားတဲ့ ဖြူဖျော့ဖျော့အသားအရေရှိတဲ့လူတစ်ယောက်ဟာ ဆိုင်ကမထွက်သွားခင်မှာ ဆိုင်ဝန်ထမ်းနဲ့စကားပြောနေခဲ့တာပါ ။ ဒါဟာဘာမှမထူးဆန်းပေမယ့် မှန်တစ်ခုကိုဖြတ်ပြီးတော့ ဆိုင်ဝန်ထမ်းဆီလာတဲ့အချိန်မှာ သူ့ပုံရိပ်က မှန်ထဲမှာ ပေါ်မနေတာကတော့ အရမ်းထူးဆန်းသွားပါပြီ ။ ဒါဟာ သွေးစုပ်ကောင်တွေလူတွေကြားထဲမှာနေထိုင်နေတယ်ဆိုတဲ့သက်သေတစ်ခုပါပဲ သူတို့ကိုကျွန်တော်တို့သတိမထားမိရင်တောင်မှပေါ့ ။

၎. လူနှစ်ယောက်ကိုတိုက်ခိုက်ပြီးစားသွားတဲ့ သွေးစုပ်ကောင်

ဒီဗီဒီယိုမှတ်တမ်းဟာ သက်သေတစ်ခုအဖြစ်တွေ့ရှိရတဲ့အတွက် မှတ်တမ်းတင်ထားတဲ့သူဘာဖြစ်သွားပြီလဲဆိုတာကိုတော့ ကျွန်တော်တို့တွေးကြည့်လို့ရပါတယ် ။ မှတ်တမ်းတင်ထားတဲ့သူဟာ တက္ကဆတ်ကဘားတစ်ခုမှာ သွေးစုပ်ကောင်တွေလို့ထင်ရတဲ့လူအုပ်စုကို ရိုက်ကူးနေတာပဲဖြစ်ပါတယ် ။ ၁၂ မိနစ်အကြာမှာတော့သူတို့ရဲ့ လှုပ်ရှားမှုတွေကိုမြင်လာရပါတယ် ။ ဘားအပြင်ဘက်မှာ သူ့ကောင်မလေးကို ရိုက်နှက်နေတဲ့လူတစ်ယောက်ကို ဒီသွေးစုပ်ကောင်အုပ်စုက ခေါ်ဆောင်သွားခဲ့ပါတယ် ။

ကင်မရာရိုက်နေတဲ့သူဟာလယ်ကွင်အသားကုန်ရိုက်နှက်နေတာမြင်ရပါတယ်းတစ်ခုကိုဖြတ်ပြီးတော့ သူတို့နောက်ကိုလိုက်သွားတဲ့အခါမှာ ဟိုလူကို  နောက်တော့ သူ့ကိုစတင်ကိုက်ဖဲ့ကာ သွေးတွေကိုသောက်သုံးနေတာကိုလည်း ထိတ်လန့်ဖွယ်တွေ့ခဲ့ရပါတယ် ။ မကြာခင်မှာပဲ ကင်မရာရိုက်နေတဲ့သူကို အနောက်ဘက်မှ သွေးစုပ်ကောင်တစ်ကောင်မှတိုက်ခိုက်သွားခဲ့ပါတော့တယ် ။

၅. သွေးစုပ်ကောင်တိုက်ခိုက်ပြီးနောက် ဖုတ်ကောင်ဖြစ်သွားသောသူ

ဒါကတော့ နံပတ် ၄ ရဲ့ အဆက်ပဲဖြစ်ပါတယ် ။ ကင်မရာရိုက်နေတဲ့သူဟာတိုက်ခိုက်ခံရပြီးတော့ သေလုဆဲဆဲအခြေအနေဖြစ်နေခဲ့ပါတယ် ။ လည်ပင်းပေါက်ထွက်နေပြီးတော့ သွေးတွေအများကြီးထွက်နေခဲ့ပါတယ် ။ သူဟာကင်မရာကိုနောက်ဆုံးစကားတွေပြောရင်း ဆေးလိပ်သောက်နေခဲ့တာပါ ။ နောက်တော့လဲကျပြီးတော့ မေ့မြောသွားကာ သေဆုံးသွားတယ်လို့ယူဆရတဲ့အချိန်အထိ ကင်မရာကဆက်လက်မှတ်တမ်းတင်နေခဲ့ပါတယ် ။

ဒါပေမယ့် မိနစ်အနည်းငယ်အကြာမှာ သူဟာ မေ့မြောနေရာမှာ ပြန်လည်သတိရလာပေမယ့် အမူအရာတွေကပြောင်းလဲနေပါတယ် ။ လဲနေရာမှထလာခဲ့ပြီးတော့ ဖရိုဖရဲနဲ့နေရာမှထွက်ခွာသွားပါတယ် ။ သူဟာ ဖုတ်ကောင် ဒါမှမဟုတ် ဇွန်ဘီး ဒါမှမဟုတ် သွေးစုပ်ကောင်တစ်ခုခုဖြစ်သွားခဲ့တာဖြစ်နိုင်ပါတယ် ။ ဗီဒီယိုထဲမှာပါတဲ့သူကိုတော့ နောက်တစ်ကြိမ်ထပ်မံတွေ့ရခြင်းမရှိတော့ပါဘူး ။ သူ့ရဲ့ဆဲလ်ဖုန်းကိုတော့ နောက်ပိုင်းမှာရှာဖွေတွေ့ရှိခဲ့ပါတယ် ။

Writer – Min Thu (Daily Hot News)

 

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment