OMG

သမိုင်းတစ်လျောက် ကမ္ဘာ့ အကြီးဆုံး တိရိစ္ဆာန် ( ၁၀ ) ကောင်

ကမ္ဘာ​ပေါ်ကထူးခြားဆန်းပြားပြီး တမူထူးခြားတဲ့အရာ​တွေဟာကျွန်​​တော်​တို့လူ​သားတွေကို အမြဲဆွဲ​ဆောင်​တတ်​ကြပါ​တယ်​။ ​အောက်​မှာဖော်​ပြမယ့်သတ္တဝါမျိုး​တွေလို​ပေါ့။သူတို့​တွေဟာ နဂိုမူလပုံစံနဲ့အရမ်းကွာခြားပါတယ်​။ သူတို့ရဲ့အရွယ်​အစား​တွေ ဘဝသက်​တမ်း​တွေကသင့်​ကိုအံအားသင့်​​စေပါလိမ့်​မယ်​။ သိချင်​ကြတယ်​မလား? အခု​ဖော်​ပြမှာကမယုံနိုင်​​လောက်​​အောင်​ ကြီးမားထူးခြားလှတဲ့တိရိစ္ဆာန်​ (၁၀) မျိုးအ​ကြောင်းဖြစ်​ပါတယ်​။

1. Brutus

၅.၅ မီတာ​ကျော်​ရှည်လျားပြီး မိ​ကျောင်းသဏ္ဌာန်​ရှိတဲ့ မေးရိုးတ​လျှောက်​က ငါးမန်းနဲ့တူတဲ့ Brutus ဆိုတဲ့သတ္တဝါဟာ လွန်​ခဲ့တဲ့နှစ်​အနည်းငယ်​ခန့်​က နိုင်​ငံတကာသတင်းစာ​ခေါင်းစည်းဖြစ်​ခဲ့ပြီး ထင်​ရှား​ကျော်​ကြားတဲ့တွားသွားသတ္တဝါထဲမှာစားရင်းဝင်​ခဲ့ပါတယ်​။

2. အ​လေးချိန်​ ၁၉၈၄ ​ပေါင်​(၉၀၀ ကီလို) ရှိ​သောတရုတ်​နိုင်​ငံမှဝက်

XU Changjin လို့​ခေါ်တဲ့ Wafangdian မြို့ငယ်​​လေးကလယ်​သမားတစ်​​ယောက်​ရဲ့​ပြောပြချက်​အရ အဲ့ဒီဝက်​ရဲ့အသက်​ဟာ ၅နှစ်​သာရှိပါ​သေးတယ်​။သူဟာသူ့ရဲ့ဝက်​ကို​ကောင်းမွန်​စွာတည်​​ဆောက်​ထားတဲ့ဝက်​ခြံမှာ​မွေးမြူထားပြီးသက်​တမ်းတစ်​​လျှောက်​လုံးအရည်​အ​သွေးပြည့်​မီတဲ့အစာကိုသာ​ကျွေးပါတယ်​။ Liu Mingyu လို့​ခေါ်တဲ့ ဇီဝ​ဗေဒဆိုင်​ရာသိပ္ပံပညာရှင်​ပါ​မောက္ခ က အဲ့ဒီဝက်​ဟာပုံမှန်​လို​ရွေ့လျားလို့မရ​အောင်​ကြီးမားတဲ့အတွက်​ ကိုယ်​လက်​လှုပ်​ရှားမှု​ကြောင့်​​သေသွားနိုင်​တယ်​လို့ဆိုပါတယ်​။Liu ကအဲ့ဒီဝက်​ကို Liaon လက်​​အောက်​ခံမြို့ရဲ့ စိုက်​ပျိုး​ရေးပြတိုက်​မှာပြသပြီးဂရင်းနစ်​စံချိန်​တင်​​ရွေးချယ်​မှုစားရင်းဝင်​​အောင်​ပြုလုပ်​ခဲ့ပါတယ်​။ ဒါ​ပေမယ့်​ ဂရင်းနစ်​စံချိန်​အတွက်​​ပြော​ရေးဆိုခွင့်​ရှိတဲ့သူက ဒီ ၉၀၀ကီလိုဝက်​က 1933 ခုနစ်​မှာ​သေသွားတဲ့ Big Bill လို့​ခေါ်တဲ့ ပိုလန်​-တရုတ်​ဝက်​ကိုမမီဘူးလို့​ပြောပါတယ်​။Big Bill ဟာ ၁၁၅၇.၄ ကီလိုအ​လေးချိန်​ရှိပြီး အမြင့်​ ၁.၅၂ မီတာ အရှည်​ ၂.၄၇ မီတာရှိပါတယ်​။

3. Flying Fox

ဒါက​တော့ မီးခိုး​ရောင်​ဦး​ခေါင်းနဲ့​ကြောက်​စရာလင်းနို့သတ္တဝါဖြစ်​ပါတယ်​​။အဲ့ဒီလင်းနို့ဟာ သြစ​တေးလျရဲ့​တွေ့ရှိသမျှထဲမှာအကြီးဆုံးလင်းနို့ဖြစ်​ပါတယ်​။ဒီသတ္တဝါမှာ မဲနက်​တဲ့ကိုယ်​ထည်​ ပါ နီညို​ရောင်​လည်​​မွေး​တွေရှိပါတယ်​။

4. Spider Crab

ဂျပန်​နိုင်​ငံမှာရှိတဲ့ ပင့်ကူဂဏန်းဟာ Arthropod မျိုးစိတ် ထဲမှာ ​ခြေ​ထောက်​အများဆုံးနဲ့အကြီးဆုံးသတ္တဝါပါပဲ။ ​ခြေ​ထောက်​တစ်​​ချောင်းတစ်​​ချောင်းဟာဆိုရင်​ ၅.၅ မီတာ (၁၈​ပေ) အထိ​ရောက်​ပါတယ်​။ ခန္တာကိုယ်​တစ်​ခုလုံးက​တော့​ ၄၀စင်​တီမီတာ (၁၆​ပေ) ထိအကျယ်​ရှိပြီး တစ်​​ကောင်​လုံးအနေ​နဲ့ ၄၂ ​ပေါင်​(၁၉ကီလို) အ​လေးချိန်​ရှိပါတယ်​။

5.Amazonian Giant Centipede

နောက်​တစ်​ခုက ဧရာမကင်း​ခြေများကြီးပါ Amazonian ကင်း​ခြေများဟာ အသားစားကင်း​ချေများအမျိုးအစားဖြစ်​ပြီး ကမ္ဘာ့အကြီးဆုံးကင်း​ခြေများအဖြစ်​အသိအမှတ်​ပြုခံထားရပါတယ်​။သူ့ရဲ့အရှည်​က ၃၅စင်​တီမီတာ (၁၄လက်​မ) ထိရှိပါတယ်​။ အဝါရောင်​​ခြေ​ထောက်​​ရှိ​သောကင်း​ခြေများ Peruvian လို့လဲ​ခေါ်ပါတယ်​။ သူဟာ ​တောင်​အ​မေရိက ဧရိယာနဲ့ Carribean ​ဒေသမှာ​နေထိုင်​ကျက်​စားကြတယ်​။အခြားကင်းခြေများမျိုးစိပ်​​တွေလို S ပုံသဏ္ဌာန်​ရှိပြီး ​ခြေ​ချောင်း​လေး​တွေက အစာရှာတဲ့​နေရာမှာ အ​ပြေးမြန်​​စေပါတယ်​။ ​ခေါင်းမှာ အကာအကွယ်​ပြုရန်​အကာတစ်​ခုရှိပြီး နှာ​မောင်းတစ်​စုံရှိပါတယ်​။ ​ခြေ​ချောင်း​တွေမှာလဲအကာအကွယ်​ပြုရန်​ ချွန်​ထက်​တဲ့​ခြေသည်း​လေး​တွေပါရှိပါတယ်​။

6. Georage

Georage ဟာကမ္ဘာ့အကြီးဆုံး​ခွေးဖြစ်​တယ်​။သူဟာ​အောက်​တိုဘာ ၁၇ တုန်းက ရှစ်​နှစ်​ပြည့်​ဖို့တစ်​လအလို Tuscon မှာ​သေဆုံးခဲ့တယ်​။ သူရဲ့​ခြေဖဝါးက​နေပုခုံးထိအမြင့်​ ၄၃ လက်​မရှိပြီး ၇​ပေ နဲ့၃လက်​မထိ​အောင်​မတ်​တပ်​ရပ်​နိုင်​ပါတယ်​။သူဟာ ​နေ့တိုင်းအိပ်​တယ်​ ပစ္စည်းပို့တဲ့သူ​တွေကို​ဟောင်​တယ်​ သူ့အကြိုက်ဆုံးဖြစ်​တဲ့ကြက်​သား​တို့ ထမင်းတို့ပဲစားပြီးအချိန်​ကုန်​ပါတယ်​။သူ့အ​လေးချိန်​ဟာ မယုံနိုင်​စရာပါပဲ ​ပေါင်​ချိန်​ ၁၀၀ ​ကျော်​ရှိပါတယ်​။

7. African Goliath Frog

အာဖရိကမှာရှိတဲ့ဧရာမဖားဟာဆိုရင် အလျား ၃၃ စင်​တီမီတာအထက်​ထိကြီးထွားကြပါတယ်​။မွေးဖွားစ ဖား​လေးရဲ့အ​လေးချိန်​​တောင်​ ၇​ပေါင်​ (၃.၂ကီလို) ထိရှိနိုင်​ပါတယ်​။

8. Giant Freshwater Stingray

ရေချို ငါးလက်​ထုံ လို့​ခေါ်တဲ့ငါးတစ်​မျိုးဟာလဲကမ္ဘာ့အကြီးဆုံး​ရေချိုငါးတစ်​မျိုးပါ။ဒါ​ပေမယ့်​မသိနိုင်တာက ငါးလက်​ထုံအ​ရေအတွက်​ဘယ်​​လောက်​ကျန်​​သေးတယ်​ သူတို့​တွေဘယ်​လို​ဒေသကိုကြိုက်​တယ်​ ဘာ​တွေကိုစား​သောက်​တယ်​ဆိုတာ ပါပဲ

9. Giant African Land Snail

အာဖရိကန်​ ကုန်း​နေဧရာမခရုဟာ ကုန်း​နေ gastropod မျိုးစိတ် ထဲမှာအကြီးဆုံးဖြစ်​ပါတယ်​။သူတို့ဟာ မဲနက်​ပြီး​ပေါ့ပါးတဲ့အခွံတစ်​ခုကို​ကျော​ပေါ်တင်​ထားကြပါတယ်​။အဲ့ဒီ​ကျော​ပေါ်ကအခွံမှာလဲ ကန့်​လန့်​ဖြတ်​မဲညို​ရောင်​အရိပ်​​တွေပါရှိကြတယ်​။

10. Chinese Giant Salamander

Andrias Davidianus လို့​ခေါ်တဲ့တရုတ်​နိုင်​ငံကကင်းလိပ်​​ချောဟာ ကမ္ဘာ့အကြီးဆုံးကင်းလိပ်​​ချောဖြစ်​ပါတယ်​။ရေ​နေသတ္တဝါဖြစ်​ပြီး ပြုပြင်​​ပြောင်းလဲမှုများစွာရှိပါတယ်​။ ယ​နေ့​ခေတ်​မှာအဲ့​လောက်​အရှည်​ကြီးမ​တွေ့ရ​​တော့ပေမယ့်​ ရှင်သန်နေမယ်ဆိုရင်တော့ ၁.၈ မီတာ​ကျော်​အထိရှိနိုင်ပါတယ်

Writer – Min Thu (Daily Hot News)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment