OMG

လာမယ့် နှစ် ၅၀ အတွင်းမှာ ထာဝရအသက်ရှင်သန်မှုကို ရယူနိုင်တော့မည်ဟု သိပ္ပံပညာရှင်များပြော

သေခြင်းဟာရှောင်လွဲမရနိုင်တဲ့ အရာတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့မရှိတော့တဲ့အချိန်မှာ အမွေဆက်ခံဖို့အတွက် အမြဲတမ်းစဉ်းစားထားရလေ့ရှိတယ် ။ ဒါပေမယ့် သင့်ရဲ့ အလုပ်တွေ သင့်ရဲ့ ဝါသနာတွေ သင့်ရဲ့အိမ်မက်တွေအတွက် မကုန်နိုင်တဲ့အချိန်တွေရထားမယ်ဆိုရင်ရော…

သင်သေစရာမလိုတော့ဘူးဆိုရင်ရော…
သိပ္ပံနဲ့ဆေးပညာတိုးတက်လာတာနဲ့ ပိုကောင်းတဲ့ ဆေးပညာတွေနဲ့ ကုသမှုတွေကြောင့် လူ့သက်တမ်းကို ပိုမိုရှည်လားလာစေပါတယ် ။ လာမယ့် နှစ် ၅၀ အတွင်းမှာ ထာဝရအသက်ရှင်သန်မှုကို ရယူနိုင်တော့မှာဖြစ်ကြောင်း သိပ္ပံပညာရှင်များပြောကြားပါတယ် ။

အသက်အရွယ်ကြီးရင့်မှုကိုနားလည်ဖို့အတွက်တော့ ကျွန်တော်တို့ ရူပဗေဒဘက်ကို နဲနဲလေ့လာရလိမ့်မယ် ။ သာမိုဒိုင်းနမစ် ဥပဒေ ၄ ခုရှိတဲ့အနက် ဒုတိယဥပဒေမှာ အရာရာတိုင်းဟာ အက်တမ်တွေနဲ့ဖွဲ့စည်းထားပြီး တဖြည်းဖြည်းယိုယွင်းလာကာ ပျက်ဆီးသွားရတယ်လို့ ရေးသားထားပါတယ် ။ ဒီတော့ ကျွန်တော်တို့လူသားတွေဟာလည်း အက်တမ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး ဒီအက်တမ်တွေကလည်း သာမိုဒိုင်းနမစ်ဒုတိယဥပဒေသကိုလိုက်နာရပါလိမ့်မယ် ။

Senolytics လို့ခေါ်တဲ့ မော်လီကျူးပေါ်အခြေခံထုတ်ထားတဲ့ဆေးဝါးတွေဟာ မသေနိုင်တဲ့ဆဲလ်တွေကို ရှင်းထုတ်ဖို့အတွက် ဖန်တီးထားတာဖြစ်ပါတယ် ။ ။ ဒီမသေနိုင်တဲ့ဆဲလ်တွေဟာ အခြားကျန်းမာနေတဲ့ဆဲလ်တွေကိုထိခိုက်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ ထုတ်လုပ်တဲ့အတွက် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်တယ် ။ ဒါပေမယ့် ဒီဖြစ်စဉ်ဟာ အသက်အရွယ်ကြီးရင့်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲရှိပါသေးတယ် ။

Writer – Min Thu (Daily Hot News)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment