OMG

ကွန်ဒုံးကို နှာခေါင်းထဲမှသွင်းပြီး ပါးစပ်ထဲမှပြန်ထုတ်သော ပြိုင်ဆိုင်မှု

Like ရဖို့အတွက်များကွာ…

ဆိုရှယ်မီဒီယာပေါ်က လူငယ်တွေကြားမှာတော့ ပြိုင်ဆိုင်မှုလေးတွေရှိနေတာပဲ ။
၅စက္ကန့်ရုပ်ပြောင်းလဲခြင်းတို့ မမြင်နိုင်တဲ့သေတ္တာတို့လိုမျိုး ပြိုင်ဆိုင်မှုတွေပြီးသွားတော့ အခုရေပန်းစားနေတာကတော့
ကွန်ဒုံးပြိုင်ဆိုင်မှုတဲ့… စိတ်ပျက်စရာတော့တော်တော်လေးကောင်းတယ် ။

ဒီပြိုင်ဆိုင်မှုကဘယ်လိုမျိုးလဲ…..
ဒါကတော့ ကွန်ဒုံးကို နှာခေါင်းထဲကိုရှိုက်သွင်းပြီးတော့ လည်ချောင်းမှတစ်ဆင့် ပါးစပ်ထဲမှပြန်ပြီးဆွဲထုတ်တဲ့ ပြိုင်ဆိုင်မှုပါပဲ ။ သင်ထင်ထားသလိုပဲ မယုံနိုင်လောက်အောင် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလွန်းပါတယ် ။

ကျန်းမာရေး ပညာရှင်တွေကတော့ ဒီပြိုင်ဆိုင်မှုဟာ အသက်အန္တရာယ်ရှိတဲ့အတွက် အပြင်းအထန်ကန့်ကွက်နေပါတယ်

ကွန်ဒုံးကို ရှိုက်သွင်းလိုက်တာဟာ လေပြွန်ပိတ်သွားပြီးတော့ အသက်ရှုပ်သွားတာမျိုးဖြစ်လာနိုင်တယ် ။
ပြီးတော့ ကွန်ဒုံးမှာသုံးတဲ့ချောဆီဟာ ယောင်ယမ်းမှုတွေဖြစ်ပေါ်စေနိုင်တဲ့အတွက် ပိုးဝင်တာမျိုး ဓါတ်မတည့်တာမျိုးတွေဖြစ်လာနိုင်တယ် ။

Likes နဲ့ သူတို့ကို ကြည့်ဖို့အတွက် အခုလိုပြိုင်ဆိုင်တာပါတဲ့

Johns Hopkins Bloomberg School of Public က လက်ထောက်ပရော်ဖက်ဆာ Bruce Lee ကတော့ –

“ကွန်ဒုံးသုံးခြင်းကြောင့် သေစေနိုင်တဲ့အချိန်ကိုပြပါဆိုရင်တော့ အခုချိန်ကိုပြရမယ်
သူတို့က နှာခေါင်းကနေ ကွန်ဒုံးကို ရှိုက်သွင်းပြီးတော့ ပါးစပ်ကတစ်ဆင့်ပြန်ထုတ်နေတာ”

“ပါးစပ်ထဲကနေ ကောင်းကောင်းမွန်မွန်ပြန်ထွက်လာတယ်ဆိုရင်တောင်မှ ကွန်ဒုံးကို ရှူသွင်းလိုက်တာဟာ သက်တောင့်သက်သာမရှိစေတဲ့အပြင်
အရမ်းကို နာကျင်စရာပါ”

“Likes နဲ့ Views တွေရဖို့အတွက်များ ဒီလိုလုပ်တာဟာ ထိုက်တန်လို့လားဗျာ” လို့သူကပြောခဲ့ပါတယ် ။

Writer – Min Thu (Daily Hot News)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment