Entertainment International Celebrity

Selena အတွက် အပြိုင်အဆိုင် ကျောက်ကပ်ထုတ်ပေးချင်နေတဲ့ JB နဲ့ The Weeknd

Selena Gomez ကတော့ အချစ်ရေးမှာ ကံကောင်းနေတယ်လို့ ပြောလို့ရပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ Justin Bieber ရဲ့နှလုံးသားကိုလည်း ပိုင်ဆိုင်ထားခွင့်ရသလို အရင်အချစ်ဟောင်း The Weeknd ကလည်း သူမအပေါ် အခုထိ စွဲလန်းနေတဲ့ အရိပ်အယောင် တွေမြင်နေရတုန်းပါ။

ဒါတင်မကပဲ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းတခြမ်း Charlie Puth ကလည်း Selena Gomez ကြောင့် အသည်းတွေကွဲခဲ့ရဖူးပါတယ်။အ မျိုးသားဆယ်လီတွေရဲ့ အချစ်ကို ရထားတဲ့ သူမနဲ့ပတ်သက်ပြီး သူမရဲ့ အချစ်ဟောင်းဖြစ်တဲ့ JB နဲ့ The Weeknd တို့ကြားမှာ အားပြိုင်မှုပေါ်လာပါတယ်။

The Weeknd နဲ့ Selena Gomez တို့ဟာ (၁၀) လကြာ လက်တွဲခဲ့ကြပြီး ပြီးခဲ့တဲ့ အောက်တိုဘာကမှ လမ်းခွဲခဲ့တာပါ။ The Weeknd ရဲ့ My Dear Melancholy ဆိုတဲ့ Mini Album ထွက်ရှိလာပါတယ် ။အယ်ဘမ်မှာပါတဲ့ သီချင်းတိုင်းလိုလိုမှာ Selena Gomez ရဲ့ အငွေ့အသ က်တွေ ပြည့်နှက်နေပါတယ်။ သူ့ရဲ့ သီချင်းသစ်တစ်ပုဒ်မှာ ” I almost cut a piece of myself for your life” ဆိုတဲ့ “မင်းဘဝအတွက် ငါ့ကိုယ်ငါ့တောင် တစ်စဆီ စတေးမိလုနီးပါး “စာသားပါဝင်နေပါတယ်။

Justin ကလည်း The Weeknd ရဲ့ သီချင်းသစ်ဟာ ကောင်းတယ်လို့ ထင်ကြောင်း၊ဒါပေမယ့် Jb အတွက်တော့ နည်းနည်းလေးခါးသက်စေခဲ့တယ်လို့ JB နဲ့ နီးစပ်တဲ့ အတွင်းလူကပြောပါတယ်။ Ju stin ကလည်း Selena ကို အချစ်စစ်နဲ့ ချစ်သူဖြစ်ကြောင်း၊သူတို့အတူ ရှိသည်ဖြစ်စေ၊မရှိသည်ဖြ စ်စေ Justin ကတော့ Selena ကို စောင့်နေမှာဖြစ်ကြောင်း၊သူကလည်း Selena အတွက် ကျော က်ကပ်တစ်ခုကို ထုတ်ပေးရမယ်ဆိုရင် ၀မ်းပန်းတသာနဲ့ ထုတ်ပေးသွားမှာ ပါလို့ JB နဲ့ နီးစပ်တဲ့ အတွင်းလူက ပြော ခဲ့ပါတယ်။

The Weeknd က သူ့ရဲ့ ကျောက်ကပ်ကို တောင် Selena အတွက် ထုတ်ပေးချင်ခဲ့တာပဲ ဆိုပြီး ဒီစာသားနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ကြ ပါတယ်။The Weeknd ဘက်က အချစ်တွေကို ကိုယ့်အသွေးအသားကိုတောင် စတေးပေးမယ်ဆိုတဲ့ အချိန်မှာ Justin Bieber ဘက်ကလည်း အခုလို တုံ့ပြန်ခဲ့ပါတယ်။ ကိုယ်တိုင်ထုတ်ပြောတာတော့ မဟုတ်ပဲ JB နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း ကနေလာတဲ့ သတင်းပါ။

from hollywoodlife

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment