Entertainment Local Celebrity

စတုထ္ထ​မြောက်​ တစ်​ကိုယ်​​တော်အခွေ​ အခုနှစ်​အတွင်း ထွက်​နိုင်​ဖို့ ပြင်​ဆင်​​နေတဲ့ မိစန္ဒီ

အသဲ​လေး တစ်​ကိုယ်​​တော်​အ​ခွေကို အမ်​တီဗီ မထွက်​​တော့ဘဲ အွန်​လိုင်းက​နေပဲ တင်​သွား​တော့မယ်​ဆိုတဲ့ အဆို​တော်​မိစန္ဒီက စတုထ္ထ​မြောက်​ တစ်​ကိုယ်​​တော်​အ​ခွေအတွက်​လည်း ပြင်​ဆင်​​နေပြီလို့ ဆိုပါတယ်​။

“တတိယအ​ခွေ အသဲ​လေးကို မိစန္ဒီ ဒီဗီဒီ အ​နေနဲ့ မရိုက်​​တော့ဘဲ တစ်​ပုဒ်​ချင်းစီကိုပဲ အွန်​လိုင်းက​နေ အမ်​တီဗီ အ​နေနဲ့ တင်​သွားဖို့ပဲ ရှိပါတယ်​။ နောက်​အ​ခွေအတွက်​က​တော့ သီချင်း​ရေးထားတာ​တော့ ​လေးငါးပုဒ်​​လောက်​ ရှိပါတယ်​။ သင်္ကြန်​ အပြီး ကိုယ်​နားတဲ့အချိန်​​ရောက်​မှပဲ ​နောက်​တစ်​​ခွေအတွက်​ ပိုပြီး အာရုံစိုက်​ဖြစ်​ပါမယ်​။ သီချင်းပုံစံ​တွေက​တော့ မိစန္ဒီ က တစ်​​ခွေနဲ့တစ်​​ခွေက​ ပုံစံက​တော့ မတူဘူး​ပေါ့​နော်​။သီချင်းပုံစံ​တွေက နည်းနည်းပါးပါး ​တော့ ​ပြောင်းသွားမှာပါ။ အ​ခွေကိုလည်း ဒီနှစ်​အတွင်း ထွက်​နိုင်​​အောင်​ ကြိုးစား​နေပါတယ်​။ “လို့ အဆို​တော်​မိစန္ဒီက ​ပြောပါတယ်​။

လတ်​တ​လော မှာ​တော့ မိစန္ဒီ က နယ်​ရိုးပွဲ​တွေ ဆိုဖြစ်​​နေပြီး သင်္ကြန်​ကို​တော့ ဘားအံ မှာ သီချင်းဆိုဖို့ ရှိတယ်​လို့ သိရပါတယ်။
Kyar Phyu

credit – MyanmarNote

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment