News sport

ကမ္ဘာ့ဖလားပြိုင်ပွဲအကြို လူငယ်ဘောလုံးပြိုင်ပွဲတွင် မြင်တွေ့ရတော့မယ့် ထွန်းတောက်နေတဲ့ ရွှေမြန်မာ ကလေးတစ်ဦး

ကမ္ဘာ့ဖလားပြိုင်ပွဲအကြို လူငယ်ဘောလုံးပြိုင်ပွဲတွင် မြင်တွေ့ရတော့မယ့် ထွန်းတောက်နေတဲ့ ရွှေမြန်မာ ကလေးတစ်ဦး…

ကမ္ဘာ့ဖလားပြိုင်ပွဲအကြို လူငယ်ဘောလုံးပြိုင်ပွဲတွင် မြန်မာကစားသမားတစ်ဦးဝင်ပြိုင်မည်

ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအကြို လူငယ်ဘောလုံးပြိုင်ပွဲ၌ ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်တစ်သင်းတွင်အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)မှ ကစားသမား မင်းခန့် သူပါဝင်မည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာဦးဇော်မင်းထိုက်က ပြောသည်။

အဆိုပါ Football For Friendship World Champion-ship လူငယ်ဘောလုံးပြိုင်ပွဲကို ဇွန်လ ၈ ရက်မှ ၁၅ ရက်အထိရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှ မတူညီသည့် အသက် (၁၂) နှစ်အောက် ကစားသမား ခြောက်ဦးဖြင့်ဖွဲ့စည်းသည့် အသင်း ၃၂ သင်းယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲဝင် ၃၂ သင်းတွင် ၂၁၁ နိုင်ငံမှ ကစားသမားများပါဝင်မည် ဖြစ်သည်။

အဆိုပါ လူငယ်ဘောလုံးပြိုင်ပွဲသို့ စေလွှတ်ရန် ဘောလုံးအကယ်ဒမီများရှိ ကစားသမားများထဲမှ အကောင်းဆုံးနှင့် အသင့်တော်ဆုံးကစားသမားကို ရွေးချယ်ခြင်းဖြစ်ကြောင်း ဦးဇော်မင်းထိုက်က ပြောသည်။

‘‘ဒီပြိုင်ပွဲကို သွားပြိုင်ဖို့ အ သက်မီတဲ့ မြန်မာကစားသမား တစ်ဦးရွေးတဲ့အခါဘောလုံးပညာချည်းပဲ ကြည့်ရွေးတာမဟုတ်ပါဘူး။ အကယ်ဒမီတွေမှာ အတူသင်ရတဲ့သူတွေ ဖြစ်တဲ့အတွက် ဘောလုံးပညာကမကွာကြဘူး။ အဲဒီအတွက် ကျောင်းတွင်းပညာရပ်ပါယှဉ်ပြီးအကောင်းဆုံးသူရွေးရ တာပါ’’ဟု ၎င်းကပြောသည်။

မြန်မာကစားသမား မင်းခန့် သူသည် နောက်တန်းကစားသ မားဖြစ်သည်။ မင်းခန့်သူပါဝင် သည့် Gharial အသင်းတွင် မော်ဒိုဗာ၊ဆာမိုဟာ၊ပါကစ္စတန်၊စပိန်၊ ပီရူးစသည့်နိုင်ငံများမှ ကစားသ မားများပါဝင်မည်ဖြစ်သည်။

အသက် (၁၂)နှစ်ရှိ မင်းခန့်သူသည် မုံရွာဇာတိဖြစ်ပြီး လက်ရှိတွင် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)၌ တက်ရောက်သင်ကြားနေသည်။

Credit

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment