Funny

အဆန်းတွေမှ သဘောကျတယ်ဆိုတဲ့သူတွေအတွက် အဆန်းဆုံး ဆံပင်ပုံစံအမျိုး ၃၀

ဆုံးဖြတ်ချက်ဆိုတာ တစ်ခါဆုံးဖြတ်လိုက်ပြီးရင် ပြင်ဖို့ခဲယဉ်းသွားပြီ
ဒါကြောင့် တစ်ခုခုကိုဆုံးဖြတ်ရတော့မယ်အခါမှာ သေချာစဉ်စားဆုံးဖြတ်ဖို့လိုတယ်
ဘာကြောင့်လဲဆိုတော့ ဖြစ်လာတဲ့ရလဒ်နဲ့အချိန်အကြာကြီး ဆက်နေထိုင်သွားရတော့မှာကိုး
ဥပမာ ကလေးယူတာမျိုး ၊ အိမ်သစ်ဝယ်တာမျိုး ၊ ကားဝယ်တာမျိုးပေါ့
ဒါပေမယ့် တချို့သေးငယ်တဲ့အရာတွေကိုလည်း သေချာဆုံးဖြတ်ရတယ်..ဥပမာ ဆံပင်ပုံစံပေါ့

အင်း ဆံပင်ပုံစံဆိုတာက တကယ့်ကို နောင်တရစရာကောင်းသွားနိုင်တယ်
အခုဖော်ပြမယ့်လူတွေကို သင်မြင်ရင်ဘယ်လိုလဲဟ လို့တောင် ပါးစပ်ကထွက်သွားနိုင်တယ်
ကံကောင်းတာကတော့ သူတို့ရဲ့ဆုံးဖြတ်ချက်အမှားတွေက ယာယီလောက်ပဲဖြစ်ပြီးတော့ ပြန်လည်ပြုပြင်လို့ရနိုင်တာပါပဲ
ဆံပင်ပုံစံလေးတွေကို တစ်ချက်လောက်ကြည့်လိုက်ရအောင်

၁ သူ့ဘာအသီးကြိုက်လဲလို့ သင်သွားမေးနေစရာမလိုဘူး

၂ ဒီအမွှေးက ဘာကိုပြောချင်တာလဲဆိုတာ တစ်ယောက်လောက်ရှင်းပြပါလား

၃ သန်းသိုက်ကြီးပဲဖြစ်မှာပါ

၎ မနက်ပိုင်းလာနေတဲ့ကာတွန်းကားထဲက တစ်ယောက်နဲ့မတူဘူးလား

၅ ဆေးသုတ်တံကိုများသဘောကျလို့လားမသိဘူး

၆ အသက်ကြီးတာကစိတ်ပျက်ဖို့ကောင်းပါတယ်
ဒါပေမယ့်အသက်ကြီးချင်ယောင်ဆောင်တာကတော့ ပိုပြီးတော့စိတ်ပျက်စရာကောင်းတယ်

၇ ဂိမ်းထဲက သဘောအကျဆုံးဇာတ်ကောင်နဲ့တူအောင်လုပ်လိုက်တဲ့အခါမှာတော့…..

၈ ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး..

၉ တော်ဝင်ဆန်တယ်လို့ ကိုယ့်ကိုယ်ကိုထင်ထားတဲ့သူတစ်ယောက်ပေါ့

၁၀ Backstreet Boys ကိုတစ်သက်လုံး သဘောကျလာတာဆိုတော့လည်း….

၁၁ ရယ်တော့မရယ်လိုက်နဲ့…ဒီဆံပင်က သူ့ကို Damage တွေအများကြီးပေါင်းပေးထားတာ

၁၂ သူကတော့ ဗော်ကန်သားတစ်ဝက် Predator တစ်ဝက်ဖြစ်မယ်ထင်တယ်

၁၃ ဟောလိဝုဒ်တစ်ယောက်ရဲ့ဆံပင်ပုံစံကိုအတုခိုးထားတာဆိုပေမယ့်နဲနဲတော့လွဲနေသေးတယ်

၁၄ Droctor Who ထဲက ပလတ်စတစ်ဂြိုလ်သားကိုမှတ်မိလား

၁၅ ပြောရတော့အားနာတယ်..ခင်ဗျားဆံပင်တွေ ကျွတ်ကျကုန်ပြီ

၁၆ ဆံပင်တိုတို ညှပ်ဖို့ ဖိအားပေးခံရပေမယ့်လည်း မြင်းမြှီးဆံပင်ကသင့်အကြိုက်ဆုံး ကေဖြစ်နေသောအခါ…

၁၇ ဂျပန်ခေါင်မိုးဒီဇိုင်းလေးနဲ့ တူချင်တယ်လို့ ဆံသဆရာကိုပြောလိုက်မိတဲ့အခါမှာတော့…

၁၈ သူက ခြင်္သေ့ပဲဖြစ်မလား နေကြာပွင့်ပဲဖြစ်မလား မပြောတတ်တော့ဘူး

၁၉ Street Fighter ထဲ Guile ရဲ့ တရုတ်ဗားရှင်းပေါ့

၂၀ ဆံသဆရာအား Manning Face meme နဲ့တူချင်တယ်လို့ပြောလိုက်သောအခါ…

၂၁ ဦးထုပ်တစ်ခါထဲပါပြီးသား..

၂၂ မြေဆွဲအားကို ဆန့်ကျင့်နေတဲ့ ကေပေါ့..

၂၃ John Cena ဆံပင်ပုံစံ နဲ့ Hulk Hogan ရဲ့ဆံပင်ပုံစံ ဘယ်ဟာရွေးရမလဲမဆုံးဖြတ်နိုင်တဲ့အခါ…

၂၄ အီမိုလား လေဆင်နှာမောင်းထဲရောက်သွားတဲ့ပုံလားမသဲကွဲဘူး

၂၅ ဆံပင်ညှပ်ရင်း အခွေထစ်သွားတာလားမသိဘူး

၂၆ အိုလာလို့ပျော်ပြီးမျက်ရည်တောင်ကျနေသေးတယ်

၂၇ သူ့ခေတ်က သူ့အကြိုက်ဆုံး အမျိုးသားအဆိုတော်အဖွဲ့လိုမျိုးညှပ်ထားတာဖြစ်မယ်

၂၈ ဘာလို့ ဒီခေါင်းတုံးဆံပင်ရှည်ပုံစံကိုသဘောကျနေကြလဲမသိဘူး

၂၉ ဒီလိုဆံပင်ထားပြီးတော့ ဘယ်လိုမျိုးရုပ်တည်နဲ့နေနိုင်လဲမသိဘူး

၃၀ သူ့ကိုကြည့်ရတာ Rock Star နဲ့ Porn Star ပေါင်းထားတဲ့ရုပ်မျိုးပေါက်နေတယ်

Writer – Min Thu (Daily Hot News)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment