Entertainment Local Celebrity

ဟာသဆိုရင်​ တကယ်​ရယ်​ရမှ ရိုက်​ချင်​တယ်​ဆိုတဲ့ မ​နော

သီချင်း​တွေ ရိုက်​ကူး​ရေးအတွက်​လည်း အကျိုးပြုပြီး သူ့ဘဝဇာတ်​​ကြောင်းကိုလည်း ရိုက်​ကူးတဲ့​အခါ အ​တွေ့အကြုံ ရဖို့ က​မောက်​ကမ သမီး​ယောက်​မ ဟာသ​ရုပ်​ရှင်​ဇာတ်​ကားကြီးမှာ ပါဝင်​ရိုက်​ကူးဖြစ်​တယ်​လို့ ​အဆို​တော်​ မ​နောက ဆိုပါတယ်​။

“ကျွန်​​တော်​တို့ ရဲ့​လောကက မကင်းဘူး။ ဒီရိုက်​ကူး​ရေး​တွေနဲ့ ပတ်​သတ်​လို့ အမ်​တီဗီ ​တွေရိုက်​တဲ့အခါကြ​တော့ ပ​ရော်​ဖက်​ရှင်​နယ်​ ဒီလိုသရုပ်​​ဆောင်​​နေတဲ့သူ​တွေဆီက ကျွန်​​တော်​ ပညာလည်းရချင်​တယ်​။ ​နောက်​တစ်​ခုက ဒီရုံကြီးကားရဲ့ ဆက်​တင်​​တွေ​ပေါ့။ ကျွန်​​တော်​စီစဉ်​​နေတဲ့ ကျွန်​​တော့်​ရဲ့ ဘဝအ​ကြောင်း​လေးကို ကျွန်​​တော်​ ရုံကြီးရိုက်​ဖြစ်​မလား မသိ​သေးဘူး။ အဲဒါ​လေးတည်​​နေတာဆို​တော့ ကျွန်​​တော်​ ဒီရုံကြီး အ​တွေ့အကြုံ လိုတယ်​​လေ။ အဲဒါ​ကြောင့် ဒီရုပ်​ရှင်​ကို ကျွန်​​တော်​ လက်​ခံဖြစ်​သွားတာ”လို့ မ​နောက ​ပြောပါတယ်​။
မ​နောက ဒါရိုက်​တာ ကို​ဇော်​(အရုဏ်​ဦး)ရိုက်​ကူးပြီး အကယ်​ဒမီ ​ပြေတီဦး ၊ အကယ်​ဒမီ ခိုင်​သင်းကြည်​ ၊သင်​ဇာဝင့်​​ကျော်​၊ ခင်​လိုင်​၊ တက္ကသိုလ်​ဂွမ်းပုံ၊ မွန်​​လေးနဲ့ ဖြူဖြူ​ထွေး တို့နဲ့အတူ က​မောက်​ကမ သမီး​ယောက်​မ ဟာသရုပ်​ရှင်​ဇာတ်​ကားမှာ ကို​အေး​ဆေးဆိုတဲ့ ကာရိုက်​တာ​နေရာက​နေ သရုပ်​​ဆောင်​သွားမယ်​လို့ သိရတယ်။

“ကျွန်​​တော်​ အဆို​တော်​တစ်​​ယောက်​အ​နေနဲ့ဆို ရိုက်​ဖြစ်​မှာ မဟုတ်​ဘူး။ ဒီအတိုင်းပဲ ကို​အေး​ဆေးဆိုတဲ့ ကာရိုက်​တာတစ်​ခုအ​နေနဲ့ သွားရမှာပါ။ ဟာသထဲမှာမှ ​အေး​အေး​ဆေး​ဆေး လူတစ်​​ယောက်​အ​နေနဲ့ လူထူးတစ်​​ယောက်​အ​နေနဲ့ ပါဝင်​သရုပ်​​ဆောင်​ရမှာပါ။ ​ပြေတီဦး နဲ့က အပြိုင်​​တော့ အပြိုင်​ပဲ။ ဒါ​ပေမယ့်​ ​ပြေတီဦးက ခိုင်​သင်းကြည်​ ရဲ့​မောင်​၊ ကျွန်​​တော်​က သင်ဇာ​ဝင့်​​ကျော်ရဲ့ အစ်​ကိုအခန်းက။ အဲ့လို​ပေါ့ ဟိုဘက်​ဒီဘက်​ အပြိုင်​​ပေါ့။ “လို့ မ​နောက ​ပြောပါတယ်​။ သူ့ရဲ့ ပထမဆုံးရုပ်​ရှင်​ဇာတ်​ကားကြီး ဖြစ်​တဲ့အတွက်​ အားလုံးက​တော့ ကူညီ​ပေးကြမယ်​လို့ဆိုပြီး သည်​ဇာတ်​ကားကြီးပြီးရင်​ သူ့ရဲ့ ဇာတ်​အတွက်​ ပြင်​ဆင်​သွားမယ်​လို့ သိရတယ်။
ဟာသဆိုရင်​ ပရိသတ်​တကယ်​ ရယ်​ရမှ သရုပ်​​ဆောင်​ချင်​တယ်​ဆိုတဲ့ မ​နောက “ဒီဟာသကား​လေးက​တော့ ဇာတ်​လမ်း​တွေ ကျွန်​​တော်​ဖတ်​ဖူးတဲ့အ​ပေါ်မှာ ပရိသတ်​တစ်​​နေ့တာအ​မော​တွေ ​ပြေမယ်​လို့ မြင်​ပါတယ်​။ ဘာလို့လည်းဆိုရင် ရယ်​စရာမဟုတ်​ဘဲ ရယ်​ရ​အောင်​လုပ်​​နေတာမျိုး ကျွန်​​တော်​မရိုက်​ဘူး။ အစကတည်းက မရိုက်​ဘူး။ ကျွန်​​တော်​လည်း မကြိုက်​ဘူး။ ရယ်​စရာတကယ်​ဖြစ်​မှ ရိုက်​ချင်​တာ​လေ။ ကိုယ်​ကိုယ်​တိုင်​သရုပ်​​ဆောင်​တဲ့အခါလည်း ဟာသခန်းလည်း ရယ်​စရာဖြစ်​​နေမှ ကျွန်​​တော်​သရုပ်​​ဆောင်​မှာ။ ​နောက်​ဆို ကျွန်​​တော်​လည်း မရိုက်​ချင်​ဘူး။ ဘာလို့လည်းဆို​တော့ ပရိသတ်​အ​နေနဲ့ ဒီရယ်​စရာဟာသကား​လေး လာကြည့်​​တော့ တကယ်​ဟာသအမြင်​နဲ့ အားလုံးက ရယ်​ရွှင်​ မြူးတူးစွာနဲ့ မြင်​ရမှာပါလို့ ကျွန်​​တော်​​ပြောချင်​ပါတယ်​။ ရုံတင်​တဲ့အခါလည်း လာ​ရောက်​ပြီး အား​ပေးကြပါဦး။ “လို့ သူ့ရဲ့ပရိသတ်​ကို ဖိတ်​​ခေါ်ထားပါတယ်​။
Kyar Phyu

credit – MyanmarNote

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment