Funny

မိန်းကလေးတိုင်း သိထားသင့်တဲ့ ယောက်ျားတို့ မာယာ”

စော် အထာမှာ ဆရာကျတဲ့ ယောက်ျားတို့ရဲ့ မာယာ ဆိုတာ မိန်းကလေးတွေ နှိပ်ကြည့်လိုက်နော်။

မိန်းကလေးတိုင်းသိထားသင့်တဲ့ ယောက်ျားတို့ မာယာ ”

Propose လုပ်နေဆဲကာလမှာ

သေမလိုရှင်မလို Feel ပြတယ်

ရင်မခုန်ဘူး ဒါပေမယ့် ရည်းစားရချင်ဇောနဲ့

ဟတ်ဟတ်ထိုး ကြွေချင်ယောင်ဆောင်ပြတယ်

စိတ်မပါဘဲနဲ့လည်း အသည်းအသန်ဂရုစိုက်ပြတယ်

လိုချင်တဲ့Targetမရောက်မချင်းအမိန့်တွေနာခံဖို့ဝန်မလေးဘူး

လိုအပ်ရင် မျက်နှာရှစ်ခေါက်ချိုးဇီးရွက်လောက်လုပ်ပြမယ်

တစ်ဖက်က သနားစိတ်ဝင်သွားအောင်မျက်နှာလေးညှိုးပြမယ်

ဖုန်းဆက်ချိန် စာပို့ချိန် တိကျတယ် Right time ဘဲ

Reply မြန်ချက် စက္ကန့်ပိုင်းအတွင်း အရေးတယူပြန်တယ်

ဘာလုပ်နေလဲ ယောင်ပြီးလာမမေးနဲ့

သတိရလို့ Photo လေးထိုင်ကြည့်နေတယ် ဆိုတာချည်းပဲ

တစ်ရက်လောက်မတွေ့ရရင်ကို ကမ္ဘာပဲပျက်တော့မလိုနဲ့

Overtine တွေ အရည်ကျဲကျဲ ဖျော်ပြရတာအမော

ပိန်သွားတယ်နော် သွားမပြောနဲ့

ဟုတ်တယ် ညညလွမ်းလို့အိပ်မပျော်တာ

{ဒါဘဲရမယ်}

ဝလာတယ်ပြောကြည့်ဦးမလား

အင်း ချစ်နဲ့ဆုံရလို့ စိတ်တွေချမ်းသာနေတာလေ…

{သေသွားမယ်}

နဖူးလေး အားယားလို့သွားမစမ်းနဲ့

ချက်ချင်းပျော့ကျပြီး လူမမာလုံးလုံးဖြစ်သွားတာ

{အကယ်ဒမီရှော့}

>ဟော လာပါပြီ Anni တွေလွန်မြောက်ပြီးနောက်

သေသေရှင်ရှင် ပစ်ထားတယ်

အဖြေရတာ မသိရင်တစ်ဘဝလုံးပိုင်သွားတာကျနေတာဘဲ

ဆက်လက်၍ ကြိုးစားရန်မလိုအပ်တော့လို့ထင်မှတ်သွားပြီလေ

ဂရုလည်းမစိုက်တော့ဘူး သေရင်တောင်သိလိုက်မယ်မထင်

အဖြေရပြီးပြီဆိုတော့ စစ်တပ်ကအာဏာပြန်သိမ်းပြီလေ

မျက်နှာက မြောက်ကိုရီးယားသမ္မတရုပ်လို တည်သွားပြီ

ဖုန်းဆက်ချိန် စာပို့ချိန် မျှော်မနေနဲ့ ရူးတောင်သွားဦးမယ်

Reply ကြာချက်USAအာကာသခရီးစဉ်တောင် ပြန်ရောက်ပြီ

အင်း/ဟုတ်/ စာတစ်လုံးထဲက တော်တော်နဲ့ရောက်မလာသေး

ဘာလုပ်နေလဲ အရေးတယူသွားမမေးနဲ့

ဘာလုပ်ရမှာလဲ အားနေတယ်ထင်နေလို့လား

{ကိုဒေါသ}

ပိန်သွားတယ် ဝလာတယ် သွားမပြောနဲ့မကြိုက်ဘူး

သစ်ရွက်လှုပ်တာနဲ့ စိတ်ကတိုနေတတ်တဲ့အချိန်ဖြစ်သွားပြီ

{ဦးစိတ်တို}

ဒါကြောင့်

တချို့ယောက်ျားလေးတွေက ရည်းစားမဖြစ်သေးခင်မှာတော့ မာယာလေးတွေသုံးတတ်ကြပါတယ်နော်

အဖြေရပြီးရင်တော့အမှန်တရားလေးတွေမြင်ရစေ့မယ် စိတ်သာချနေပေတော့ ညမလေးတို့ရေ။

ဒါပေမယ့် အဲလိုမဟုတ်ပဲ တကယ်ချစ်တဲ့သူ တကယ်မြတ်နိုးတဲ့ယောက်ျားလေးတွေလည်း လောကမှာ ရိုက်သတ်လို့ မကုန်ပါဘူးးးကွယ်။

အချစ်ရေးမှာ ကံကောင်းကြပါစေနော်။
ဖိုးသူတော် (www.phothutaw.com)
Credit: Original Uploader

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment