LifeStyle

” ဖင် ခေတ် ”

” ဖင် ခေတ် ”

တကယ် .. တကယ် , ခေတ်ကိုက ” ဖင် ” ခေတ် ။

ဘုရားစူး ” ဖင် ” ခေတ်ပါ ။

တကယ့် ” ဖင် ” ခေတ်ပါ ။
မိန်းကလေးဆို သေလောက်အောင်ချော

စက်စက်ယိုအောင်ချော ဖင် မရှိရင် လူရာမဝင်ဘူးသာမှတ် ။
မျက်နှာက အဓိကမဟုက်ဘူး ” ဖင် ” သာ အဓိက ။
ပညာမတက်ရင်နေ ဖင်ကိတ်ရင် ရပြီဆိုတဲ့ခေတ် ။
ဟိုအရင် အမျိုးသားဘောစိတွေကို ရည်ညွန်းတဲ့ စကားပုံမျိုး

“သွား”မပါရင်နေ “ကား” ပါရင် ပြီးရောဆိုတဲ့ အတိုင်း ။
ခုခေတ် အမျိုးသမီးတွေကို စကားပုံညွန်းရရင်

” မျက်နှာမပါရင်နေ ဖင်ကိတ်ဖို့အရေးကြီးတယ် ” ဆိုတဲ့ခေတ် ။
ပြားမနေဖို့ကအရေးအကြီးဆုံး

ကိတ်ချင်သလောက်ကိတ် ၊ ကော့ချင်သလောက်ကော့ ၊

အို ကုန်ကုန်ပြောရရင် ကောက်ချင်သလောက်သာကောက်

ဖင်ကိတ်ရင်ကို တစ်ဗန်းသာတဲ့ခေတ် ။
ယောကျာင်္းထုကြီးကလည်း ခုခေတ်မှာ ဖင်ချည်းသက်သက်

အာရုံစိုက်လာကြတာမို့လား ။

သို့ဆိုလေတော့ ” The Big Booty is first face ” ပေါ့ ။
ဖင်ပြားတဲ့ မိန်းကလေးတွေဆို ဒီခေတ်မှာ အစစအရာရာ

အောင်မြင်ဖို့ သိပ်မလွယ်ဘူး ။
အဲ .. ဖင်သာကိတ် နေရာတကာ မျက်နှာပန်းလှတယ်လေ ။
ဆယ်လီဖြစ်ချင်သလား ဖင်အသားပေးပုံလေးတွေ

ရွှက်ကနဲရိုက် ဖေ့စဖုက်ပေါ်တင်လိုက် ၊ သွားရေ တများများ

အမျိုးထုကြီးက ဝန်းရံခြင်းဖြင့် အချိန်တိုအတွင်း

ဆယ်လီဘရတီ ဖြစ်ပြီသာမှတ် ။
ဒီလိုဆိုလေတော့ မရှိမဲ့ရှိမဲ့ အယ်စီဒီ ဖင်ပိုင်ရှင်များကလည်း

မကိတ်ကိတ်အောင် အမျိုးမျိုးကောက်ပြကြရင်း ဖင်ပြ like

တောင်းတဲ့ခေတ် ။

ယခင် ဖင်အကိတ်ပိုင်ရှင်များကတော့ စင်ပေါ်ကဆိုရမှာပဲ ။
ပြဿနာက အဲ့ဒီမှာ စတာ
” မနေ့ကထိ ဖင်ဘယ်နားနေမှန်း မသိတဲ့ကာင်မ

ဒီနေ့ချက်ချင်းကြီး ကိတ်လာတာဆိုတော့ အတုပေါ့အေ ။
ဟော  တစ်ယောက်ကို တစ်ယောက် ရန်ဆောင်ကြပြီ

ဖော်ကြပြီ ။
” ဒီမှာ  ကောင်မ ငါ့ဖင်လာကိုင်ကြည့် ဟော့ဒီမှာ

ဟော့ ဒီမှာ ”

” ဖြန်း  ဖြန်း  ဖြန်း ”

(ဖင်ကို ရိုက်ပြတဲ့အသံ )
သူ့ဖင်ဘယ်လောက်စစ်ကြောင်းကို

သက်သေပြတဲ့အနေနဲ့ တဗြန်းဗြန်းရိုက်ပြနေသေးတာ

တကယ့် အစစ်ကြီးပေါ့လေ ။

ဒီလိုလည်း အာမခံဖင်ပိုင်ရှင်များက ဘဝင်မြင့်တက်ကြသူတို့ဖင်အတွက် ဂုဏ်ယူတက်ကြသေးတာ ။
သတင်းတွေဆိုလည်းကြည့်
မူ့ခင်းသတင်း
” အမျိုးသမီးနှစ်ဦး ဖင်အတု အစစ်ငြင်းခုံရာမှ

အချင်းများကာ ဖင်နှင့်ဖိသက်မူ့ဖြစ်ပွား ”
ငှယ်
” အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးထံမှ

မသင်္ကာဖွယ် ဆီလီကွန်ဖင်အတုများကို ၄င်း၏အမျိုးသား

တွေ့ရှိသွားရာမှ လိမ်လည်မူ့ဖြင့် အနှီးအမျိုးသမီးအား တရားစွဲခြင်း ”
ဟာ!
စီးပွားရေးသတင်း
” လာမည့်နှစ်(2018)တွင် ဆီလီကွန်ဖင်အတုများ

ဈေးတက်လာနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ၏စီးပွားရေး

သုတေသနပညာရှင်များ ကြိုတင်ခန့်မှန်း ”
ဟယ် !
အလုပ်အကိုင် အခွင့်အလမ်း
” မြန်မာနိုင်ငံတွင် ဖင်မကိတ်ပါက

အလုပ်ရနိုင်ချေနည်းပါ ”
ဟိုက် !
ဒါမျိုးသတင်းတွေက ဆိုရှယ်မီဒီယာနဲ့ တီဗီချန်နယ်တိုင်းမှာ

အထူးသတင်းအနေနဲ့ ခဏခဏ မြင်နေကြားနေရပြီလေ

။ ဖင်ပြတဲ့နေရာမှာလည်း ပညာသားပါဖို့လိုတယ် ။
လမ်းလျှောက်ရင်း နိမ့်ချည် မြင့်ချည် ရင်တုန်သွားစေချင်

သလား  ။

သိသိသာသာကောက်ထားပြီး တဇောင်း ဓာတ်ပုံရိုက်မလား ။
မှောက်ခုံအနေအထားလေးကနေ ကုန်းတက်သဖွယ်

ခုံးခုံးကလေး ဖြစ်စေချင်လား ။
ဒါမျိုးကျွမ်းကျင်နေရမယ် ။
ဖင်သာလျှင် အဓိက

ကျန်တာ ပဓါန ။
ဖင်ချည်းသီးသန့် ကိတ်လာလောင် လေ့ကျင်ခန်းလုပ်ပေး

နေတဲ့ သင်တန်းတွေဆိုလည်း အမြို့မြို့အနယ်နယ်မှာ

ဖွင့်နေကြပြီ ။
တစ်ချို့အမျိုးသမီးတွေဆို အသက်( ၄၀) ဆယ်လောက်မှ

ကိတ်ချင်လို့ ထိုင်ထ လုပ်ရင်း ဒူးနာသွားတာမျိုးတွေလည်း

ရှိတယ် ။
တစ်ချို့ဆိုလည်း ဒီနေ့မှာ ဖရဲသီးနှစ်လုံး

ထည့်ဝတ်ထားသလို ကိတ်ပြီး

ဟော  နောက်နေကြတော့ ဗလာစာအုပ်နှစ်အုပ် ခံဝတ်ထား

သလို ပြားသွားကြပြန်ရော ။
ဒီတော့ အမျိုးသားများအတွက်ကလည်း ဖင်အတု အစစ်ကို သေချာအောင် ခွဲနိုင်ဖို့ဆိုတာ သိပ်လွယ်တဲ့ အလုပ်မဟုက်

ပေဘူး ။
သိပ်သိချင်လွန်းရင်

ဖင်ကို စိပ်ဆွဲကြည့် ဒါမှမဟုက်

အပ်နဲ့ အသာလေးထိုးကြည့်

အော်ရင် အစစ် ။

မအော်ရင် အတု လို့သာမှတ် ။
ဒီလိုလုပ်လို့ မိန်းကလေးတွေ စိတ်ဆိုးသလားမေးကြည့် ။

လုံးဝမဆိုးဘူး ။

အစစ်ဖြစ်ကြောင်း သက်သေပြ ရရင်

သူတိုက ကျေနပ်နေပြီ ။

နာလည်းကြိတ်ခံကြတာ ။
အရွယ်ရောက်ပြီးသား သမီးရှင် အမေတွေ

အပြင်မှာ တစ်ယောက်နဲ့ တစ်ယောက် နူတ်ဆက်ရင်
” ဟယ် သူငယ်ချင်းသမီးလေးက တော်တော်ကိတ်တာပဲ

ကြည့်စမ်း ဖင်လေးကို ကောက်လို့ ”
” အန်တီကလဲ မြောက်တော့မယ် ဒါတောင် နေမကောင်း လို့ နည်းနည်ကျသွားတာသိလားခ်ခ် ”
” အေးပါကွယ် ”

” ကြာကြာကိတ်နိုင်ပါစေ လို့အန်တီဆုဆောင်းပေးတယ်နော် ”
” အိုက် စ် ကျိုင်းဇူး အန်တီ ”
ကဲ  ကြည့် ဆုတောင်းပေးတာတောင်

ကြာကြာကိတ်ပါစေဆိုလား ။
” ဟုက်ပြီ သမီးလေ လုပ်ထား ”

” ၁၀၁  ၁၀၂  ၁၀၃ ၁၀၄ ”
” မရတော့ဘူး အမေ သမီးညောင်းလှပီ ”
” လုပ်ပါ သမီးလေးရယ် ၉၀၀ လောက်ပဲ လိုပါတော့တယ် ”
တခြား မမှတ်နဲ့ ၊ ကျုပ်အိမ်ဘေးက ဂျီးဒေါ်တစ်ယောက်

သူ့ သမီးကို မကိတ်ကိတ်အောင် ထိုင်ထ အခါ (၁၀၀၀)

လုပ်ခိုင်းနေတဲ့ အသံ ။
” မရတော့လို့ပါ အမေရယ် ”

” တော် တော် ညောင်းနေပီ ”
” ညည်းဒီလိုပျင်းနေပုံနဲ့ အားကြီးကြီး ကိတ်မှာ ပေါ့အေ ”

” ကျုပ်သူငယ်ချင်းသမီးဆို သူ့ဖင်ပေါ် လူတက်ထိုင်လို့

ရနေပီ ”
အယ်  နည်းတာကြီးလားဟ

ကျုပ်တောင် , တောက်တစ်ခက်ခက်ဖြစ်ရသေးတာ ။
အပြိုင်အဆိုင်တွေဆိုရမှာပေါ့ ။
ခုခေတ်မှ ပညာတက်လို့ လင်ကောင်းသားကောင်း

ရဖို့သိပ်မလွယ်တော့ဘူး ။

ကိတ်သာကိတ်ထား
ပညာတက်

ဥစ္စာပေါ

ရုပ်ချော

သူဌေးသားတွေ ဝိုင်းဝိုင်းကို လည်လို့ ။
နဂို အကိတ်ကို ပုရိသတွေ မြင်အောင်

သတိထားမိလာအောင် ၊ အိနြေ္ဒရှိရှိလေး ပြတက်ဖို့ပဲ လိုတာ ။
နာမည်ကြီးမော်ဒယ် နဲ့ တက်သစ်စမော်ဒယ်လေးတွေကိုကြည့်

ဖင်နဲ့ပေါက်စီကို အမျိုးမျိုးဖော်ပြီးရိုက်ကြတာ ။
ရိုင်းတယ် ဘာညာတော့ မပြောမိလေနဲ့

ကိုယ်က စောင်တောသားလုံးလုံးကို ဖြစ်ရော ။
“အနုပညာကို အနုပညာမှန်းမသိတဲ့ စောင်တောသားတေ ”

အံမာ  ဒါမျိုး ။
ကျုပ်ကတော့ တကယ် ဖင်ပဲမြင်တယ်

သူတို့ရိုက်တာကိုက ဖင်အသားပေးလေ

အနုပညာ ဘာညာဆိုတာ ဒီလိုပဲရွှီရှောင်ဖောရှော  ။
” ခုခေတ် မိန်းကလေးဆိုတာ ကိတ်မှလေ ”

” ဟုက်တယ်မို့လား  မရှိရှိတာလေး ပင့်တင်ထားရမှာပဲ ”
ဒါ , မြန်မာ့ နာမည်ကြီးသရုပ်ဆောင် အနုပညာရှင်တစ်ဦး၏

အမျိုးသမီး အလှအပဆိုင်ရာ ခံယူချက် ။
ဖင်ကိတ်တယ်ဆိုတဲ့နေရာမှာ

ကြီးတာနဲ့ မတူဘူးနော်
ကြီးတိုင်းသာ ဆယ်လီဖြစ် ရမယ်ဆို

အန်တီကြူကြူသင်းတို့ ကမ္ဘာကျော်ပြီပေါ့ ။
ဖေ့ဘွတ်ပေါ်တင်တဲ့ ဗီဒီယိုတွေဆိုလည်း ဆန်းပြားချက်
” ကွီးတို့  မီးရေချိုးခါနီး ထမိန်ရင်ရှားလေးနဲ့ လှလား ”
” ဒီရက်ပိုင်း ပေါက်စီလေးပိန်သွားလို့ ခေးကို ဖိုက်တင်းလို့

ပြောသွားကြ ”
ဒါမျိုးတွေကို ရေးပြီးတင်ကြတာ ။
ဖင်ကို ရိုးရိုးပြလို့ ရိုးသွားရင်

သီချင်းဖွင့်ပြီး ဒွန့်ရင်းပြတယ် ။

မှောက်ခုံပြတယ် ။

တုံးလုံးပြတယ် ။

စောင်းပြတယ် ။

ထိုင်ပြတယ် ။
ကျိန်းသေတယ် မကြာခင် ကျွန်တော်တို့နိုင်ငံဟာ

အရှေ့တောင် အာရှရဲ့ ဖင်အကြွားနိုင် ဆုံးနိုင်ငံအဖြစ်

ရပ်တည်လာနိုင်တော့မှာ အသေအချာ ပါပဲဗျာ ။

#Credit

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment