LifeStyle

အတာသင်္ကြန်မှာကဲကြမယ့်သူများ အပူရှပ်ခြင်း ကင်းဝေးစေဖို့

ပူပြင်းတဲ့ နွေနေပူအောက်မှာ သင်္ကြန်ရေစိုရွှဲပြီး အပူရှပ်တာ၊ အအေးမိ ဖျားနာတာမျိုး မဖြစ်စေဖို့လည်း မိမိကိုယ်ကို ဂရုစိုက်သင့်ပါတယ်။ နေအပူဒဏ်နဲ့ အေးတဲ့ရေဒဏ်နှစ်ခု ပေါင်းစပ်သွားတဲ့အခါ ခန္ဓာကိုယ် သွေးကြောထဲကို ရောက်ရှိသွားပြီး အပူအအေး မမျှတတော့ဘဲ ဆန့်ကျင်ဘက် ဖြစ်စဉ် ဖြစ်ပေါ်သွား တာကို အပူရှပ်တယ်လို့ ဆိုနိုင်ပါတယ်။

နေပူထဲကနေ ရုတ်တရက် အေးနေတဲ့ အခန်းထဲ ဝင်လိုက်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ နေပူက ပြန်ရောက်ရောက်ချင်း ရေခဲရေသောက်သုံးခြင်း၊ လေအေးပေးခန်းထဲမှာ နေပြီး ရုတ်တရက် နေပူထဲထွက်လိုက်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် သင်္ကြန်ရေစိုရွှဲနေချိန်မှာ နေပူထဲ အကြာကြီးရပ်တာ၊ နေပူထဲအချိန်ကြာရှည်စွာ နေတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

အပူရှပ်ခြင်းရဲ့ လက္ခဏာရပ်တွေကတော့ အသားအရေဖျော့တော့လာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေ၊ ပျို့အန်ခြင်း၊ ချွေးအလွန်အမင်းထွက်ခြင်း၊ ကြွက်တက်ခြင်း စတဲ့သိသာထင်ရှားတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ အိမ်မှာ အနားယူဖို့ လိုနေပါပြီ။

အပူရှပ်ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့…

(၁) တင်းကြပ်တဲ့ အဝတ်အစားများကို ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

(၂) နေရောင်ခြည်ကာကွယ်ပေးတဲ့ အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ခြင်း၊ ချည်ထည်များကို ရွေးချယ်ဝတ်ဆင်ခြင်း၊

(၃) အသီးအနှံများများစားသုံးခြင်း၊ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ရေဓာတ်ဖြည့်တင်းပေးခြင်း၊

(၄) ချွေးထွက်လွန်နေလျှင် ဓာတ်ဆားသောက်သုံးပေးခြင်း၊

(၅) ရေဓာတ်ကို ကုန်ခမ်းစေတဲ့ ကဖိန်းဓာတ်ပါဝင်တဲ့ အဖျော်ယမကာများ၊ အရက်၊ ဘီယာနှင့် သကြားပါဝင်မှုနှုန်းများတဲ့ သောက်စရာဖျော်ရည်တွေကို ရှောင်ကြဉ်ပါ။

(၆) နေပူကပြန်ရောက်ရောက်ချင်း ရေခဲရေသောက်သုံးခြင်း၊ ခြေလက်ဆေးခြင်း၊ ရေချိုးခြင်း မပြုလုပ်ပါနဲ့။

(၇) နေ့ခင်းဘက်မှာ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုး ရှောင်ပါ။

(၈) သင်္ကြန်ရေစိုရွှဲနေချိန်မှာ နေပူထဲ အချိန်ကြာမြင့်စွာ နေတာမျိုး ရှောင်ပါ။ ထီး၊ ဦးထုပ်အကာ အကွယ်နဲ့ နေရိပ်ထဲမှာနေပါ။

နန်း(ရွှေအင်းလေး)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment