International Celebrity

တင်ပါးအလှပြိုင်ပွဲမှာ ၀င်ပြိုင်ပြီး ဆုရကာ ရွှေမရှား၊ငွေမရှား ဘ၀တစ်ဆစ်ချိုးပြောင်းလဲသွားသူလေး

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ တင်ပါးအလှပြိုင်ပွဲမှာ ဆုရခဲ့တဲ့ Gao Qian ဆိုတဲ့ အမျိုးသမီးကို မှတ်မိကြအုံးမှာပါ။ အသက် (၁၉) နှစ်အရွယ် သူမက သေးသွယ်တဲ့ body နဲ့ Sexy ကျကျ တင်ပါးအလှကို ပိုင်ဆိုင်ထားတဲ့အတွက် ဒီဆုကို ဆွတ်ခူးခဲ့တာပါ။ ပြိုင်ပွဲမှာ ဆုရပြီးနောက်ပိုင်းမှာတော့ သူမရဲ့ ဘ၀ဟာ အတော်လေး ပြောင်းလဲသွားခဲ့ပါတယ်။

နာမည်ကတော့ Gao Qian (高倩)ပါ။ သူမဟာ မနှစ်က နွေရာသီတုန်းက တရုတ်နိုင်ငံ Shenyang က shopping mall မှာ ကျင်းပတဲ့ တင်ပါးအလှပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ တခြားအမျိုးသမီး (၅၀) ခန့်လည်း ၀င်ရောက်ယှဉ်ပြိုင် ခဲ့ပါတယ်။ ၀င်ရောက်ယှဉ်ပြိုင်သူတွေ အားလုံးကို ကျော်တတ်ပြီး သူမက တရုတ်ရဲ့ အလှဆုံးတင်ပါးပိုင်ရှင် ‘Miss Bum Bum’ ဆုကို ဆွတ်ခူးခဲ့တာပါ။ ဆုအဖြစ် တရုတ်ယွမ်ငွေ ငါးထောင်ရခဲ့ပါတယ် ။ငွေကြေးထက် ပိုတန်ဖိုးရှိတဲ့ အရာကတော့ ၀န်းရံသူတွေ အရမ်းများခဲ့ပြီး fan ပရိသတ် (၂)သန်းကျော်အထိ ရခဲ့ပါတယ်။ သူမကို livestream host တင်ဆက်သူ၊ fitness trainer တစ်ယောက်အဖြစ် လူသိများ ကျော်ကြားသွားခဲ့ပါ တယ်။

အခုဆိုရင်တော့ သူမရဲ့ ကျော်ကြားမှုက အံ့မခန်းဖြစ်ခဲ့ပြီး ရွှေမရှား ငွေမရှားဘ၀ကို ရောက်သွားခဲ့ပါတယ်။ သူမလိုချင်တဲ့ ကား၊ ပင်လယ် Sea View ကို မြင်နိုင်တဲ့ တိုက်ခန်း၊ ကိုယ်ပိုင် workout studio .. အစရှိတာတွေကိုပါ ပိုင်ဆိုင်နေပါပြီ။ တင်ပါးအလှအတွက်ကိုတော့ တစ်နေ့ကို (၆)နာရီလောက် Gym မှာ ပဲ အချိန်ကုန်လွန်စေပြီး squats ၊ lun ges လေ့ကျင့်ခန်းတွေကို လုပ်တယ်လို့ သိရပါတယ်။

တင်ပါးလှလှကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ ” အနားကို လူတွေ အုံလာပြီး body နောက်ပိုင်းကို လူတွေ အာရုံစိုက်တာ မဖြစ်ရအောင် အပြင်သွားရင် အ၀တ်အစားပွပွတွေကိုပဲ ရွေးချယ်ဝတ် ဆင်ပြီးသွားတယ်လို့ ပြောပါတယ်။ အပြင်သွားတုန်းက အမျိုးသားတစ်ယောက်က သူ့ချစ်သူကောင်မလေးကို သူမရဲ့ ခန္ဓာကိုယ်နောက်ပိုင်းကို ညွန်ပြတဲ့ ဖြစ်ရပ်မျိုးနဲ့ ကြုံခဲ့ဖူးကြောင်းနဲ့ ဒီအခြေအနေဟာ သူမအတွက်တော့ အနေခက်စေတဲ့ အနေအထားတစ်ခု ဖြစ်ခဲ့ရတယ်လို့ Gao က ပြောခဲ့ပါတယ်။

source medium

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment