International Celebrity

အနုပညာလမ်းကို အပြာကားသရုပ်ဆောင်တွေ အဖြစ် စတင်ခဲ့တဲ့ အောင်မြင်တဲ့ အနုပညာရှင် (၁၅)ယောက်

အပြာလောက နဲ့အနုပညာလုပ်ငန်းဆိုတာ ဆက်စပ်နေတာပါပဲ
အခြေခံကတော့ အပြာကားသရုပ်ဆောင်ပဲဖြစ်ဖြစ် ဇာတ်ကားသရုပ်ဆောင်ပဲဖြစ်ဖြစ် ကြည့်ရှုအားပေးသူတွေကို အားရကျေနပ်စေဖို့ပါပဲ
ဒါပေမယ့် တချို့သောနာမည်ကြီးမင်းသမီးမင်းသားတွေ ဟာ အပြာလောကနေစတင်ခဲ့တယ်ဆိုတာ သင်သိရဲ့လား

အခုလိုအင်တာနက်ခေတ်မှာတော့ အပြာကားသရုပ်ဆောင်ဟာလည်း ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လိုပဲသတ်မှတ်ခံရပါတယ်
ဒါပေမယ့် အရင်ခေတ်တုန်းကတော့ အပြာကားသရုပ်ဆောင်တွေဆိုတာ ဘယ်သူမှန်းမသိရတဲ့အတွက် သူတို့ကိုယ်သူတို့
ရုပ်ရှင်လောကပေါ်ကိုတွန်းတင်ပြီးတော့ အောင်မြင်အောင်လုပ်ဆောင်ခဲ့ကြပါတယ်
ဘဝမှာအခက်အခဲတွေအများကြီးတော့ ရင်ဆိုင်ခဲ့ရတာပေါ့
ကျွန်တော်တို့သဘောကျတဲ့သရုပ်ဆောင်ဖြစ်လာစေခဲ့တဲ့ အပြာကားထုတ်လုပ်ရေးတွေကိုတောင် ကျေးဇူးတင်သင့်သေးတယ်

အခုဖော်ပြမှာကတော့ အပြာကားသရုပ်ဆောင်အဖြစ်အနုပညာခြေလှမ်းစတင်ခဲ့တဲ့ ဟောလိဝုဒ်မှ နာမည်ကြီးသရုပ်ဆောင် ၂၅ ယောက်ပဲဖြစ်ပါတယ်

၁ Stormy Daniels

၁၇ နှစ်အရွယ်မှာအဖော်အချွတ်ကချေသည်အဖြစ်လုပ်ကိုင်ခဲ့ပြီးတော့ The 40 Years Virgin , Knocked Up နဲ့ Finding Bliss
စတဲ့ကားတွေမှာသရုပ်ဆောင်ခဲ့ပါတယ်

၂ Joan Laurer

Joan ကတော့ လက်ဝှေ့သမားတစ်ယောက်အဖြစ်အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၀၄ခုနှစ်မှာအပြာကားလောကထဲရောက်ရှိလာခဲ့ပါတယ်
အေပရယ် ၂၀ ရက်နေ့ ၂၀၁၆ ခုနှစ်မှာ ဆေးလွန်ပြီးသူ့အိမ်မှာသေဆုံးသွားခဲ့ပါတယ်

၃ Ron Jeremy

PORN STAR: THE LEGEND OF RON JEREMY, 2001. ©Maelstrom Entertainment.

သူ့ခေတ်တုန်းကတော့ နာမည်ကြီး အပြာကားသရုပ်ဆောင်မင်းသားတစ်ယောက်ဆိုတာတော့ ပြောဖို့တောင်မလိုတော့ပါဘူး
Ghostbusters , Boondock Saints , Detroit Rock City အစရှိတဲ့ ဟောလိဝုဒ် ဇာတ် ကားတွေမှာ သရုပ်ဆောင်ခဲ့ပါတယ်

၎ Shu Qi

Shu Qi ကိုတော့ So Close ကားနဲ့ပတ်သတ်ပြီးလူတွေသိကြမှာပါ
The Transporter ကားအပြင် The Eye 2 နဲ့ New York I love you ဆိုတဲ့ ဇတ်ကားတွေရိုက်ကူးခဲ့တဲ့အပြင်
ဘာလင်မြို့နိုင်ငံတကာ ရုပ်ရှင်အစည်းအရုံးရဲ့ ဂျူရီလူကြီးတစ်ယောက်လည်းဖြစ်တယ်
ဒီအချိန်မတိုင်ခင်တုန်းကတော့ သူဟာ Hong Kong Penthouse နဲ့ Playboy ဇာတ်ကားတွေမှာ အပြာမင်းသမီးအဖြစ်ပါဝင်ခဲ့ဖူးတယ်
Viva Erotica အပြာကားထုတ်လုပ်ရေးနဲ့လည်း Sex and Zel II ဆိုတဲ့ကားရိုက်ခဲ့ဖူးသေးတယ်

၅ Traci Lords

အသက် ၁၆ နှစ်အရွယ် Traci ကတော့ Penthouse မှာစတင်ပေါ်လာခဲ့တာဖြစ်ပြီးတော့ အခုချိန်မှာဆိုရင်အပြာကား ၁၀၀ လောက်ရိုက်ကူးပြီးသွားပါပြီ
Zack and Miri Make a Porno, Blade, Serial Mom, Cry-Baby စတဲ့အပြာကားတွေမှာသရုပ်ဆောင်ခဲ့ပြီး Gilmore Girls, Roseanne, Married… With
Children, Melrose Place, Tales from the Crypt, and Will & Grace အစရှိတဲ့ဇာတ်ကားတွေမှာတော့ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်

၆ Jenna Jameson

အပြာကား ၁၈၇ ကားလောက်ရိုက်ကူးပြီးတဲ့နောက်မှာတော့ သူဟာ ရုပ်ရှင်လောကထဲဝင်လာခဲ့ပါတယ်
Howard Stern’s Private Parts, Family Guy အစရှိတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ပြီး
Grand Theft Auto: Vice City နဲ့ Tony Hawk’s Pro Skater 4 မှာအသံပိုင်းဆိုင်ရာအကူအညီပေးခဲ့တယ်

၇ Ginger Lynn

Ginger ဟာ ၁၉၈၀ ပြည့်နှစ်မှာ ညစ်ညမ်းစကားပြောခန်းတွေကြောင့်ကျော်ကြားလာတာဖြစ်ပါတယ်
သူရဲ့ ကောင်လေး Emilio Estevez နဲ့ 90 western Young Guns II ကားမှာသရုပ်ဆောင်ခဲ့တဲ့နောက်မှာ သူ့ကိုလူသိများလာပါတယ်
American Pie စီးရီးတစ်ခု ဖြစ်တဲ့ Band Camp မှာလည်းပါဝင်ခဲ့ပါသေးတယ်
အခုချိန်ထိအပြာကားလောကကိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့မင်းသမီးတစ်လက်ပါပဲ

၈ Paul Barresi

Paul ဟာ ၁၉၈၀ ပြည့်နှစ်လောက်မှာ သူ့ရဲ့ကိုယ်ပိုင် Gay Porn စီးရီးလိုက်ရိုက်ကူးခဲ့ပြီးတော့ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်
နောက်ပိုင်းမှာတော့ John Travolta vehicle Perfect နဲ့ John Carpenter’s Ghosts of Mars ဇာတ်လမ်းတွေရိုက်ကူးခဲ့ပါတယ်

၉ Ashlyn Gere

Gere ဟာ အပြာကားပေါင်း ၂၀၀ ကျော်ရိုက်ကူးခဲ့ပြီးတော့သူ့နယ်ပယ်မှာဆုတောင်ရခဲ့ပါသေးတယ်
နောက်ပိုင်းမှာ သရဲကားတွေရိုက်ကူးပြီးတော့ ဇာတ်လမ်းလောကထဲကိုဝင်ရောက်လာတာဖြစ်တယ်
Creepazois နဲ့ Lunch Meat ဇာတ်ကားတွေမှာ စပေါ်လာခဲ့တာဖြစ်ပြီးတော့ Xfiles နဲ့ Jet Li’s The One မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်

၁၀ Ilona Staller

Ciccionlina ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်လောကမှာကျော်ကြားတဲ့ဒီမင်းသမီးဟာအပြာကားမြောက်များစွာရိုက်ကူးခဲ့ပါတယ်
သူဟာ Replikator ဆိုတဲ့သိပ္ပံဇာတ်ကားတစ်ခုမှာ Ned Beatty နဲ့အတူရိုက်ကူးခဲ့ဖူးပါတယ်
အခုတော့ အိတလီအစိုးရအဖွဲ့ဝင်တစ်ယောက်ဖြစ်နေပါပြီ

၁၁ Holly Sampson

၁၉၉၀ ပြည့်နှစ်အလယ်ပိုင်းမှာ Lady Chattery’ Stories ဆိုတဲ့ဇာတ်ကားတွေနဲ့အောင်မြင်လာခဲ့တဲ့မင်းသမီးတစ်လက်ပါ
ဒီအရင်ကတော့ Hardcore ကားတွေရိုက်ကူးခဲ့ဖူးပါတယ်
Tiger Woods’ Marriage Scandal နဲ့ The Wonder Years ဆိုတဲ့ဇာတ်လမ်းတွေထဲက အပြာမင်းသမီးတစ်ဦးလည်းဖြစ်တယ်
Christian Slater ဆိုတဲ့ကားမှာသရုပ်ဆောင်ခဲ့တဲ့အချိန်ဟာ သူ့အတွက်အောင်မြင်မှုရလာတဲ့အချိန်ပါပဲ

၁၂ Robert Kerman

ရုပ်ရှင်လောကမှာမအောင်မြင်ခင်အချိန်မှာ ရာချီတဲ့အပြာကားတွေရိုက်ခဲ့တဲ့ တစ်ယောက်ပါပဲ
၁၉၈၀ ပြည့်နှစ်ထွက် အီတလီသဲထိတ်ရင်ဖိုကားတွေဖြစ်တဲ့ Cannibal Holocaust , Eaten Alive နဲ့ Cannibal Ferox တို့မှာ ပါဝင်ခဲ့ပြီးတော့ Night of the
Creeps , No way out နဲ့ Spider Man ဇာတ်ကားများမှာလည်းပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်

၁၃ Riley Steele

Riley ဟာ Pirates II : Stagnetti’s Revenge ဆိုတဲ့အပြာကားစီးရီးမှာ ပါဝင်ခဲ့တာဖြစ်တယ်
နောက်တော့ ဟောလိဝုဒ်ဇာတ်ကားတွေဖြစ်တဲ့ Piranha 3 D နဲ့ HBO ရဲ့ The Girl’s Guide To Depravity ဆိုတဲ့ ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့တယ်

၁၄ Spalding Gray

Little Orphan Dusty, Maraschino Cherry နဲ့ The Farmer’s Daughters ဆိုတဲ့အပြာကားသုံးကားရိုက်ကူးခဲ့ဖူးတယ်
နောက်တော့ ဇာတ်လမ်းလောကထဲဝင်ရောက်လာပြီး သရုပ်ဆောင် ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်လာတယ်
Kubrick’s The Killing Fields , King of the Hill , Beyond Rangoon နဲ့ Diabolique ဆိုတဲ့ကားတွေမှာသူ့ကိုတွေ့နိုင်ပါတယ်

၁၅ Marilyn Monroe

မာရီလင်မွန်ရိုးဟာ အပြာကားသရုပ်ဆောင်တစ်ယောက်မဟုတ်ပေမယ့် Sexy ကျတဲ့ပုံတွေရိုက်ကူးခဲ့ဖူးပါတယ်
ဒီပုံတွေအတွက် ငွေကြေးလည်းရခဲ့ပါတယ်
အဲ့ဒီအချိန်တုန်းကတော့ အပြာကားရိုက်ကူးရေးလုပ်ငန်းတွေဟာ အရမ်းကိုလျို့ဝှက်လုပ်ဆောင်နေရတယ်ဆိုပေမယ့်လည်း
သူဟာ ခင်ပွန်းသည်တွေ ချစ်သူရည်းစားတွေ နဲ့ အိမ်နီးနားချင်းတွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့သူတယောက်ပါပဲ

Writer – Min Thu (Daily Hot News)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment