LifeStyle

စိတ်ဖိစီးမှု ပိုမိုဖယ်ရှားနိုင်ရေး အဝတ်မဝတ်ဘဲ ယောဂကျင့်စဉ်ကျင့်ရန် တိုက်တွန်း

ခန္ဓာကိုယ်က တင်းမာနေတဲ့ ကြွက်သားတွေနဲ့ စိတ်ဖိစီးမှုတွေကို ပိုမိုဖယ်ရှားနိုင်ဖို့ အဝတ်မပါဘဲ ယောဂကျင့်စဉ်ကျင့်ဖို့ ယောဂကျင့်စဉ်ဆရာမက တိုက်တွန်းလိုက်ပါတယ်။

သြစတြေးလျနိုင်ငံ ကွင်းစ်လန်ပြည်နယ် တူဝမ်းဘားမြို့မှာ ယောဂသင်တန်းကျောင်း ဖွင့်လှစ်ထားတဲ့ အလီယာမူးဒီးက သူမရဲ့ သင်တန်းသားတွေကို အဝတ်မဝတ်ဘဲ ယောဂကျင့်စဉ် ကျင့်ဖို့ သင်ကြားပေးနေတာပါ။
ခန္ဓာကိုယ်အရွယ်အစား အမျိုးမျိုးရှိတဲ့ အမျိုးသမီးတွေ အဝတ်အစားချွတ်ဖို့ သူတို့ရဲ့ စိတ်မလုံခြုံမှုက လွတ်မြောက်အောင်နဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို လက်ခံဖို့ စွမ်းအားမြှင့်တင်တဲ့ အနေနဲ့ ဒီယောဂသင်တန်းတွေကို ဖွင့်လှစ်ထားတာလို့ အသက် ၂၉ နှစ်အရွယ် သင်တန်းဆရာမက ပြောပါတယ်။

ဒီကျင့်စဉ်က ခန္ဓာကိုယ်အပေါ် ယုံကြည်မှု တိုးမြှင့်စေတယ်လို့ အလီယာက ပြောလိုက်ပြီး “အမျိုးသမီး တော်တော်များများမှာ ခန္ဓာကိုယ်အပေါ် ယုံကြည်မှုပြဿနာရှိတယ်ဆိုတာ ကျမသိတယ်။ ကျမ ဒီအမည်းစက်ကို ပယ်ဖျက်ချင်တာ” လို့ သူမက ပြောပါတယ်။

“ဒါက လိင်ကိစ္စအတွက် အဝတ်မဝတ်တာမျိုး မဟုတ်ဘူး။ ဒါပေမယ့် ဒါက ရှင်တို့ရဲ့ ကိုယ်ပိုင်အသားအရေကို ယုံကြည်မှုရှိဖို့နဲ့ ဘဝဆိုတာ တခါပဲရလို့ ကိုယ့်ခန္ဓာကိုယ်ကို တဘဝလုံး ရှက်နေမယ့်အစား ကိုယ့်ရဲ့ မပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ချစ်တတ်အောင်သင်ကြားဖို့” လို့ သူမက ပြောပါတယ်။

သူမရဲ့ ပထမဆုံး အဝတ်မပါတဲ့ ယောဂအတန်းကို ၂၀၁၇ ခုနှစ် မေလက စတင်ခဲ့ပြီး ၂ လ တကြိမ် ဖွင့်တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။

Ref; Daily Mail

credit

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment