Knowledge

ကင်မရာမှတ်တမ်းတွေမှာ ဖမ်းမိတဲ့ ဒဏ္ဍာရီလာ နဂါး ( ၅ ) ကောင်

ကျွန်တော်တို့က နဂါးဆိုတဲ့သတ္တဝါကို ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ ၊ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ မြင်ဖူးကြားဖူးကြမှာပါ။ အဲ့ဒီထဲမှာဆိုရင် နဂါးတွေ ကြောက်မက်ဖွယ်ပုံသဏ္ဍာန်တွေနဲ့ အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုး တွေ့ရတတ်ပါတယ်။ တစ်ခါတစ်ရံ အိမ်မွေးတိရိစ္ဆာန်တွေကဲ့သို့ ယဉ်ပါးတဲ့ အကောင်တွေပါတွေ့ရတတ်ပါတယ်။ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာရှိတဲ့ နဂါးတွေကိုလေ့လာကြည့်ရအောင်။ နောက်ဗီဒီယိုထဲမှာမြင်တွေ့ရမယ့် နဂါးတွေဟာ ဘယ်အကောင်မှ မယဉ်ပါးဘူးဆိုတာသေချာပါပဲ။ ကင်မရာပေါ်မှာမြင်တွေ့ရတဲ့ တကယ်လက်တွေ့ဘဝက နဂါး၅ကောင် လေ့လာကြည့်ရအောင်။

1. မက္ကဆီကိုနိုင်ငံရဲ့ မီဒီယာမှ ထုတ်လွှင့်လိုက်အရာတစ်ခုဟာ လူသားတွေရဲ့အမြင်မှာတော်တော်လေးကိုထူးဆန်းနေပါတယ် ။အဲ့ဒီအရာကို သဲကန္တာရထဲမှာတွေ့ရှိရတာဖြစ်ပြီး ဘယ်သူကမှ အဲ့ဒီအရာကိုမမြင်ဖူးမတွေ့ဖူးကြပါဘူး။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ရိုက်ကူးခဲ့တာဖြစ်ပြီး သေချာစမ်းစစ်လိုက်တဲ့အခါမှာ နဂါးပုံသဏ္ဍာန် ဒါမှမဟုတ် နဂါးမျိုးနွယ်နဲ့စပ်ဆက်နေတဲ့ အရာကို တွေ့ရပါတယ်။ဗီဒီယိုလေးကို ကြည့်လိုက်ရအောင်။

2. ‎ဒီနဂါးဟာတရုတ်နိုင်ငံက တောင်တန်းတွေအပေါ်မှာ ပျံသန်းနေခဲ့တာပါ။ ဒီတောင်တန်းတွေကို ရှေးအခါက ဒဏ္ဍာရီလာနဂါးတွေက စိုးမိုးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုထူးဆန်းတဲ့အရာနဲ့ပတ်သတ်ပြီး အမျိုးမျိုးသောအဆိုတွေရှိခဲ့ပါတယ်။အဲ့ဒါဟာ နဂါးလား ဒါမှမဟုတ် ဒိုင်နိုဆောပျံလား ဆိုတာ ဝေခွဲမရကြပါဘူး။ဂေါ့ဆိုကေးဒီချောင် က နဂါးဆိုတာ တကယ်ရှိတယ် ကမ္ဘာပေါ်မှာ မဖြစ်နိုင်တဲ့အရာမရှိဘူးဆိုပြီး ထောက်ပြခဲ့ပါတယ်။ သိပ္ပံပညာက ဖြေရှင်းနိုင်တဲ့အရာတွေရှိသလို မဖြေရှင်းနိုင်တဲ့ အရာတွေလဲ ရှိပါတယ်။ ဒါကတော့ လူသားတွေရဲ့ ယုံကြည်မှုအပေါ်မှာ မူတည်နေပါတယ်။

3. ‎ အာရှမှာခရီးလှည့်လည်သွားလာနေတဲ့ လူငယ်တစ်ယောက်က ဒီဗီယိုတစ်ခုကို ဂူထဲမှာ မှတ်တမ်းတင်ခဲ့ပါတယ်။ရေထဲကနေ သူ့ရဲ့ခြေထောက်အနားထိ ထူးဆန်းတဲ့အရာတစ်ခုရွေ့လျားလာတာကို ကြုံတွေ့ခဲ့ပါတယ်။အဲ့ဒါဟာ အသေးစား နဂါးမျိုးနွယ်တစ်ကောင်နဲ့ဆင်တူနေပါတယ်။ သူရဲ့အရေခွံဟာ နို့နှစ်ရောင်ကဲ့သို့ ဖြူနေပြီး ရေထဲမှာပဲ လှည့်ပတ်နေပါတယ်။ သူ့ရဲ့ ဦးခေါင်းပုံနဲ့ လှုပ်ရှားမှုတွေကို ကြည့်အားဖြင့် အဲ့ဒါဟာ တရုတ်နိုင်ငံရဲ့ဒဏ္ဍာရီလာ မြွေနဂါးမျိုးစိတ်တစ်ကောင်နဲ့ ဆင်တူတဲ့ ထူးဆန်းတဲ့ သတ္တဝါလို့ ယုံကြည်ကြပါတယ်။ သင်မြင်တွေ့ဖူးတဲ့ နဂါးတွေရဲ့ ပုံသဏ္ဍာန်နဲ့မတူတာကြောင့် ဗီဒီယိုထဲကိုဂင်ကြည့်လိုက်ပါ။

4. ‎ဒီဗီဒီယိုကိုတော့ အမေရိကနိုင်ငံက မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ နေရာအတိအကျကိုတော့မသိရသေးပါဘူး။ ဒါပေမဲ့ လူအများစုကတော့ သူတို့ရဲ့ခေါင်းပေါ်မှာ ထူးဆန်းပြီးကြီးမားတဲ့သတ္တဝါတစ်ကောင်ပျံသန်းနေတာကို မျက်မြင်တွေ့ခဲ့ကြရပါတယ်။ဒီနဂါးရဲ့ အတောင်ပံတွေက လင်းနို့တွေ့ရဲ့အတောင်ပံနဲ့ဆင်တူပါတယ်။ ပြောရမယ်ဆိုရင် ဒါက လင်းနို့မဟုတ်တာတော့ သေချာပါတယ်။အမည်မသိနိုင်တဲ့ သက်ရှိတစ်ကောင်ပါပဲ။

5. ‎. ဒီဗီဒီယိုမှတ်တမ်းကိုတော့ မှာ ဖမ်းယူုရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ကောင်းကင်ပေါ်မှာ အေးအေးချမ်းချမ်းပျံသန်းနေတဲ့ နဂါးလို့ထင်ရပါတယ်၊။အီလက်ထရောနစ်မျှော်စင်ပေါ်မှာ နားနေတာကို ကျွန်တော်အားလုံးမြင်တွေ့ရမှာပါ။

ဒီလင့်မှာ ဗီဒီယို ကြည့်လို့ရပါတယ် ။ 

Writer – Min Thu (Daily Hot News)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment