International Celebrity

လမ်းပေါ်မှာ လဲကျနေသူအတွက် စိုးရိမ်စိတ်ပူပေးခဲ့တဲ့ Justin Bieber

Justin Bieber ကတော့ သွားရင်းလာရင်းနဲ့ လမ်းပေါ်မှာ လဲကျနေတဲ့ သူတစ်ယောက် အတွက် စိတ်ပူစိုးရိမ် ပေး ခဲ့ပါတယ်။ဧပြီ ()ရက်နေ့တုန်းက Barry’s Bootcam ကနေ workout လုပ်ပြီး ပြန်လာခဲ့ပါတယ်။အဲ့ဒီ အချိန်မှာ ပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့ရဲ့ SUV ကားအနီးမှာ လူနာတင်ယာဉ်တစ်စီး ရပ်ထားတာကို တွေ့ခဲ့ပါတယ်။အဲ့ဒီမှာပဲ JB က ဘာဖြစ်သလဲ ဆိုတာကို စူးစမ်းခဲ့ပါတယ်။လမ်းပေါ်မှာ လဲကျပြီး ဒဏ်ရာရတဲ့ အမျိုးသားကို တွေ့ခဲ့ပါတယ်။ဘာဖြစ်တာလဲ သိရဖို့ အနီးအနားမှာရှိတဲ့ အရေးပေါ်လူနာတင်ယာဉ်မှ တာဝန်ရှိသူတစ်ယောက်ကို မေးကြည့်ခဲ့ပါတယ်။

အမျိုးသားလဲ ကျရတဲ့ အကြောင်းအရင်းကတော့ လော့အိန်ဂျလိစ်ရဲ့ ပူပြင်းတဲ့ ရာသီဥတုကြောင့် လို့ ယူဆရပါတယ်။

 

 

 

 

JB ကတော့ အဖြူရောင်ပိုလိုဝတ်စုံကို ၀တ်ဆင်ထားပါတယ်။ကာကီရောင်ဘောင်းဘီတို ကို ၀တ်ဆင်ထားပါတယ်။အ ခင်းဖြစ်ပွားရာနေရာမှာပဲ ရပ်ပြီး အချိန်အတော်ကြာစကားပြောနေခဲ့တာကိုတွေ့ရပါတယ်။လော့အိန်ဂျလိစ်ရဲ့ အပူချိန် ကတော့ (၁၀၀)ဒီဂရီလောက်အထိမြင့်တက်ခဲ့တာကြောင့် JB ကလည်း ပေါ့ပေါ့းပါးဖက်ရှင်ကိုပဲ ၀တ်ဆင်ထားပြီး ဖိ နပ်ကို လည်း ကြိုးသိုင်းဖိနပ်ကို ၀တ်ဆင်ထားပါတယ်။

လဲကျတဲ့အမျိုးသားအဆင်ပြေ၊မပြေ စူးစမ်းပြီးနောက် အဆင်ပြေတယ်ဆိုတာ သိပြီး ကားပေါ် ပြန်တက်ပြီး သူ့လမ်းသူ ဆက်သွားခဲ့ပါတယ်။ဂျက်စတင်တစ်ယောက် မကြာသေးခင်က ဘောလုံးပြိုင်ပွဲအတွင်း ခြေချင်းဝတ် လည်သွားခဲ့လို့ ဒဏ်ရာရခဲ့ပါသေးတယ်။ဒါပေမယ့် အခုဆိုရင်တော့ JB ရဲ့ ဒဏ်ရာ ပြန်ကောင်းလာခဲ့ပါတယ်။

Source dailymail

credit – celenow

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment