sport

MMA Fighter ကယန်းတိုင်းရင်းသူ အန်တိုနီယာ

မိသားစုဝင်တွေထဲမှာ အငယ်ဆုံးဖြစ်ပြီး ငယ်စဉ်ကတည်းက လုံးထွေးသတ်ပုတ်နေရတာ ၀ါသနာပါတဲ့ အန်တိုနီယာဟာ အသက် ၁၆ နှစ်အရွယ်မှာ မိဘတွေသဘောမတူတဲ့ကြားက Boxing စတင် ကစားဖို့ ဆုံးဖြတ်ရင်း ဒီလောကထဲကို ရောက်လာခဲ့သူပါ။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာမွေးဖွားပြီး ကယန်းလူမျိုးတစ်ဦးဖြစ်တဲ့ သူမဟာ ၀ါသနာနဲ့လည်း ကိုက်ညီသလို အမျိုးသမီးတစ်ယောက်အတွက်တတ်ထားသင့်တယ်လို့ယူဆတဲ့ Boxing ကစားရတာကို ကျေနပ်နေသူတစ်ဦးဆိုရင်လည်း မမှားပါဘူး။

 

 

မိသားစုဝင် ဦးထဲက အငယ်ဆုံးဖြစ်တဲ့ အန်တိုနီယာကို အစ်ကိုဖြစ်သူတွေက ဒီကစားနည်းကို မကစားဖို့ တားမြစ်ခဲ့ဖူးပေမယ့် အခုလို လမ်းကြောင်းမှန်ပေါ်မှာ ပရိသတ်သတိထားမိသူတစ်ဦးဖြစ်လာတဲ့အခါမှာတော့ မိသားစုဝင်အားလုံး အမြင်တွေပြောင်းသွားပြီး ထောက်ပံ့ပေးမှုတွေတောင် ပြုလုပ်လာကြပါတယ်။

ယခင်က Boxing သီးသန့်သာ ကစားပေမယ့် နောက်ပိုင်းမှာ လက်သီးတစ်မျိုးတည်းအားပြုကစားရတာကို မကျေနပ်တော့တာကြောင့် MMA ပြောင်းပြီးကစားဖို့ ဆုံးဖြတ်လိုက်တာလို့ သူက ဆိုပါတယ်။

 

 

MMA အပါအ၀င် စုစုပေါင်း ပွဲစဉ် ၁၁ ပွဲထိုးသတ်ခဲ့ဖူးပြီဖြစ်တဲ့ အန်တိုနီယာဟာ သူ့ရဲ့ MMA ပထမဆုံးပွဲဦးထွက်မှာ ပြိုင်ဘက် ရွှေစင်ကို စက္ကန့်ပိုင်းအတွင်းထိုးသတ်အနိုင်ယူပြီး MMA မှတ်တမ်းကောင်းကိုလည်း ရေးထိုးထားသူပါ။

သူဟာ လက်ရှိအချိန်မှာတော့ တစ်နေ့ကို နာရီကြာ လေ့ကျင့်မှု နှစ်ကြိမ်ပြုလုပ်ရင်း လာမယ့်ပွဲစဉ်တွေအတွက် ပြင်ဆင်နေပါတယ်။

ဧရာဝတီ

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment