Knowledge

လိင်ဆက်ဆံဖော်အရုပ်က လိင်ကုန်ကူးမှု တိုက်ဖျက်ရန် အထောက်အကူဖြစ်မလား

စပိန်သိပ္ပံပညာရှင် ဆာဂီဆန်တို့စ်က လိင်ဆက်ဆံဖော် ဆီလီကွန်ရုပ်တွေကို တီထွင်ခဲ့ပြီး သူ့ရဲ့အခန်းထဲမှာ အတွင်းခံဘောင်းဘီ၊ ဘောင်းဘီတိုတို၊ ဂါဝန် အပေါ်ပိုင်း လက်မပါ ရင်ခံအကျီင်္ိတွေဝတ်ဆင်ထားတဲ့ ရင်သားကြီးကြီး လိင်ဆက်ဆံဖော်ဆီလီကွန်ရုပ် ၅ ရုပ်ကိုကြည့်ပြီး ဂုဏ်ယူနေပုံရပါတယ်။

မစ္စတာဆန်တို့စ်ကတော့ ဆံပင်တုတွေ ဦးနှောက်အတုတွေ ထည့်သွင်းထားတဲ့ ဆီလီကွန်ရုပ်တွေက သူ့အတွက် ငွေရရုံမဟုတ်ဘဲ ဒီဆီလီကွန် လိင်ဆက်ဆံဖော်အရုပ်တွေကို အပျော်မယ်ရုံတွေမှာ သုံးနိုင်မယ်၊ လိင်ကုန်ကူးမှုကို တိုက်ဖျက်မယ့်ကိစ္စအတွက် အထောက်အကူပြုကောင်း ပြုနိုင်မယ်လို့ ယုံကြည်နေတာပါ။

ရုပ်သံထဲမှာ ဆာဂီဆန်တို့စ်က သူတီထွင်ထားတဲ့ လိင်ဆက်ဆံဖော်အရုပ်တွေကို စကားပြောကြည့်ပြီး စမ်းသပ်နေတာလည်း တွေ့ရပါတယ်။

အဲဒီနောက် သူတီထွင်ထားတဲ့ ဆီလီကွန် အရုပ်တခုရဲ့အမည် ဆမန်သာကို အစွဲပြုပြီး သူ့ရဲ့စီမံကိန်းကို ဆမန်သာလို့ အမည်ပေးထားကြောင်း ဆမန်သာရဲ့ဦးခေါင်းထဲမှာ ဦးနှောက်နဲ့ဆင်တဲ့ ကွန်ပျူတာစနစ်ထည့်ထားပြီး သူမဦးခေါင်းထဲမှာ စပီကာ မိုက်ကရိုဖုန်းနဲ့ ခင်ဗျားတို့ပြောတာကို နားလည်နိုင်မယ့် ကိရိယာတခုလည်း ပါကြောင်း ဆာဂီက ရှင်းပြပါတယ်။

ယူကေနိုင်ငံက လီစက်စတာဆိုတဲ့ အမျိုးသမီးကတော့ ၂၀၁၅ ခုနှစ်မှာ လိင်ဆက်ဆံဖော်အရုပ်တွေနဲ့ ပတ်သက်ပြီး ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို ဦးစီးလုပ်ဆောင်ခဲ့ကြောင်း၊ သူမအနေနဲ့ လိင်ဆက်ဆံဖော်အရုပ်တွေက လိင်ကုန်ကူးမှု လျော့ကျဖို့ အထောက်အကူပြုမယ်လို့ မထင်ကြောင်း၊ ဒီအရုပ်တွေက နဂိုရှိပြီးသား လိင်အမြတ်ထုတ်မှုတွေကို ထပ်ဖြည့်ပေးသလိုသာ ဖြစ်ကြောင်း ရှိပြီးသားဖြစ်တဲ့ လူသားလိင်လုပ်သားတွေနဲ့ ဆက်ဆံရေးဆိုတဲ့ ဈေးကွက်ထဲမှာ လိင်ဆက်ဆံဖော် ဆီလီကွန်ရုပ်တွေက အမျိုးသားတွေအတွက် နောက်ထပ် ရွေးချယ်စရာ အမယ်တခုသာ ဖြစ်လာကြောင်း ရှင်းပြပါတယ်။

အမျိုးသားတွေက လိင်လုပ်သမတွေနဲ့ ငွေပေးပြီး လိင်ဆက်ဆံရာမှာ သူတို့လိင်ဆံသူကို ချစ်မေတ္တာရှိလို့ မဟုတ်ပါဘူး။ လိင်လုပ်သားတွေကလည်း အဲဒီအမျိုးသားတွေအိတ်ထဲက ပိုက်ဆံကိုပဲ စိတ်ဝင်စားတာပါ။ အလားတူပဲ အမျိုးသားတွေ လိင်ဆက်ဆံဖော် အရုပ်တွေနဲ့ ဆက်ဆံရာမှာလည်း ဒီအရုပ်တွေက သူတို့ကို ချစ်လာမှာ မဟုတ်ဘူးဆိုတာ သိကြတယ်။ လူသားလိင်လုပ်သားကို ငှားမယ့်အစား အရုပ်တွေကို ငှားရမ်းဆက်ဆံတာပဲ လူသားနဲ့ ကာမဆက်ဆံဖို့ အဆင်မပြေလို့ ဒီအရုပ်တွေနဲ့ ဆက်ဆံတာကိုလည်း ကျနော်တော့ ဘာမှ မှားယွင်းတယ်လို့ မမြင်မိဘူးလို့ ဒေးဗစ်လဲဗီ (လူသားကဲ့သို့ ဦးနှောက်အသိညဏ်အတုဆိုင်ရာ သုတေသီ/Artificial Intelligence Researcher) က ရှင်းပြပါတယ်။

ဘာပဲဖြစ်ဖြစ် လိင်ဆက်ဆံဖော်အရုပ်တွေ ရှိလာတော့ လိင်လုပ်သားဈေးကွက်မှာ ဈေးနှုန်းကျဆင်းလာတယ်။ အချို့တွေအတွက် လိင်လုပ်သားနဲ့လား လိင်ဆက်ဆံဖော်အရုပ်တွေနဲ့ ဆက်ဆံမလားဆိုတဲ့ ရွေးချယ်စရာ ရှိလာတယ်လို့ ဒေးဗစ်က ရှင်းပြခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Ref ; Youtubve

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment