OMG

ခန္ဓာကိုယ်ကို အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပြောင်းလဲနိုင်ခဲ့သူများ

ကိုယ်အလေးချိန် လျှော့ချဖို့နဲ့ ကျန်းမာရေး ညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ ကိစ္စတစ်ခုပါပဲ။ အကြိမ်ကြိမ် ကြိုးစားပြီး ပြောင်းလဲပေမယ့်လည်း အောင်မြင်မှု မရဘဲ လက်လျှော့အရှုံးပေးရတာလည်း မကြာခဏပါပဲ။

အရိုးစွဲနေတဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ဆိုတာ အလွန် ခက်ခဲပါတယ်။ ပြောင်းလဲဖို့ မကြာခဏလုပ်ပေမယ့် အောင်မြင်မှု မရရှိတဲ့အခါ စိတ်ပျက် အားလျော့ပြီး ယုံကြည်မှုတွေ ပျောက်ဆုံးကာ မျှော်လင့်ချက်တွေ ကုန်ဆုံးသွားတာမျိုးလည်း ဖြစ်လေ့ ဖြစ်ထ ရှိပါတယ်။ ဒါပေမယ့် ကိုယ်ဖြစ်ချင်တာကို စိတ်ထဲမှာ စူးစူးနစ်နစ် ထည့်ထားပြီး ဆောင်ရွက်မယ်ဆိုရင် မည်သည့် ကိစ္စမဆို အောင်မြင်မှာပဲဖြစ်ပါတယ်။ အဲဒီလို ပြောင်းလဲမှုတွေကို အောင်မြင်စွာ ပြုလုပ်ခဲ့တဲ့ လူတွေရဲ့ အကြောင်းကို ဆက်လက် ဖော်ပြသွားပါမယ်။

(၁) ပုံမှာပါတဲ့ စုံတွဲကတော့ ၂ ယောက်ပေါင်း ပေါင်ချိန် ၁၃၀ ခန့်ကို လျှော့ချနိုင်ခဲ့ပါတယ်။ အမျိုးသားကတော့ ပေါင် ၇၀ ကျော် ကျခဲ့ပြီး အမျိုးသမီးကတော့ ၅၆ ပေါင် ကျခဲ့ပါတယ်။

(၂) ဒီကောင်မလေးကတော့ ၂ နှစ်အတွင်းမှာ ၁၅၁ ပေါင် ကျအောင် ဝိတ်ချနိုင်ခဲ့ပါတယ်။ သူမဟာ ပိုကီမွန်ဂိုး ဂိမ်းကစားသူ တစ်ဦးဖြစ်ပြီး တစ်ပေါင်ကျတိုင်း ပိုကီမွန် တစ်ကောင် ဖမ်းခဲ့ပါတယ်။ အခုဆိုရင်တော့ ပိုကီမွန် အကောင်လေးတွေ အများအပြားကို သူမ ဖမ်းမိနေပါပြီ။

(၃) ပုံထဲကကောင်မလေးကတော့ ရှစ်လအတွင်းမှာ ၈၈ ပေါင် ကျသွားခဲ့ပါတယ်။ ဝိတ်ကျသွားတာနဲ့အမျှ ချစ်စရာ ကောင်းလာပါတယ်။

(၄) ဒီစုံတွဲကတော့ ၂ ယောက်ပေါင်း ပေါင် ၁၇၀ ကျသွားခဲ့ပြီး ဝိတ်ကျတာသွားတာက သူတို့ကို ပိုမိုပျော်ရွှင်စေပြီး တစ်ဦးနဲ့ တစ်ဦး ပိုမိုနီးကပ်လာတယ်လို့ ပြောကြားသွားပါတယ်။

(၅) ခန္ဓာကိုယ် ခပ်ဖိုင့်ဖိုင့် အမျိုးသမီးကတော့ ၈ လအတွင်းမှာ ၄၈ ပေါင် လျှော့ချခဲ့ပြီး အကိတ်လေဒီ ဘဝသို့ ပြောင်းလဲနိုင်ခဲ့ ပါတယ်။

(၆) ပုံထဲမှာ ပါတဲ့ ခန္ဓာကိုယ်ကို ရရှိဖို့အတွက် သူမအနေနဲ့ ၆ နှစ်လောက် ကြိုးစားခဲ့ရပါတယ်။ အစပိုင်းမှာ ကျရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး နောက်ပိုင်းမှာတော့ သူမရဲ့ ရည်မှန်းချက် ဖြစ်တဲ့ ပေါင် ၁၀၀ ကျော်ကို လျှော့ချနိုင်ခဲ့ပါတယ်။

(၇) တစ်ခုလပ် ကလေး ၃ ယောက်အဖေ ဘဝနဲ့ စိတ်ကျရောဂါခံစားနေရတဲ့သူတစ်ယောက်ဟာ သူထိုင်နေကျ ဆိုဖာပေါ်ကနေ အလေးမရုံသို့ သွားရောက်ခဲ့ပါတယ်။ ၂ နှစ်အကြာမှာတော့ ၈၄ ပေါင် လျှော့ချနိုင်ခဲ့ပြီး သူ့ဘဝကို ပြောင်းလဲနိုင်ခဲ့ပါတယ်။

(၈) ၂ နှစ်အကြာမှာ ပေါင် ၁၀၀ လျှော့ချနိုင်ခဲ့ပြီးနောက် သူမရဲ့ မျက်နှာလေးဟာ ယုံကြည်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

(၉) ပေါင် ၁၀၀ ကျသွားတာကို သူမရဲ့ ခန္ဓာကိုယ်က သက်သေပြနေရုံသာမက သူမရဲ့ အပြုံးလေးတွေကပါ သက်သေ ပြနေပါတယ်။

(၁၀) လွန်ခဲ့တဲ့ ၂ နှစ်တုန်းက သူမဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံကို စတင် ပြောင်းလဲခဲ့ပြီးတဲ့နောက်မှာတော့ လက်ရှိအချိန်မှာ ပေါင် ၁၇၀ ကို လျှော့ချနိုင်ခဲ့ပါတယ်။

(၁၁) ကစီဓာတ် လျော့နည်းတဲ့ အစားအသောက်နဲ့ ပုံမှန် လေကျင့်ခန်းလုပ်ခြင်းတို့က သူ့ကို ၁၆ လအတွင်းမှာ ၁၄၁ ပေါင် လျော့ကျစေခဲ့ပါတယ်။

(၁၂) သူမကတော့ အခုလည်း အရင်တုန်းကလိုပါပဲ။ အမိုက်စားစတိုင်နဲ့ ယုံကြည်ချက် ရှိတဲ့ အမျိုးသမီးတစ်ယောက် အဖြစ် ဆက်လက် ရှိနေပါတယ်။ ဒါပေမယ့် အရင်တုန်းကထက် ၉၂ ပေါင် လောက် ပိုပေါ့ပါးသွားပါတယ်။

(၁၃) ၉၁ ပေါင် လျှော့ချနိုင်ပြီးတဲ့နောက်မှာ သူမဟာ တခြားလူတစ်ယောက်လို ဖြစ်သွားပါတယ်။

(၁၄) အစားလျှော့စားပြီး လေ့ကျင့်ခန်း ပုံမှန် လုပ်ခြင်းဟာ ၇၂ ပေါင် လျှော့ချနိုင်ခဲ့တဲ့ မိန်းမလှလေးတစ်ယောက်ရဲ့ အဓိက သော့ချက်ပါပဲ။

(၁၅) ၁၃ လအတွင်းမှာ ပေါင် ၉၀ ကျော် လျှော့ချနိုင်ခဲ့ပြီးနောက် စတိုင်တွေပါ လန်းသွားပါတော့တယ်။

Writer_Htoo2 Lay ( Daily Hot News )

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment