International Celebrity

ပွဲစားခ တစ်သန်းကျော်မပေးလို့တရားစွဲဆိုခံရတဲ့ Taylor Swift

တေလာဆွစ် နှင့် Manhattanပြည်နယ်က အိမ်ခြံမြေပွဲစားကြားမှာ တင်းမာမှုလေးတွေဖြစ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့သူမက Tribeca အိမ်ယာ ကဝယ်ယူထားတဲ့ အခန်းတွဲအိမ် အတွက် ဒေါ်လာ သန်းကျော် ပွဲခပေးဖို့ ငြင်းဆိုခဲ့တာကြောင့်လို့ထွက်ဆိုထားပါတယ်။

Mahhattan ပြည်နယ် တရားမထုံး စီရင်မှုသတင်းအရ အမေရိကန် အိမ်ခြံမြေ ကုမ္ပဏီ ဖြစ်တဲ့ Douglas Elliman မှ ဝန်ထမ်းတစ်ဦးက ၁၅၃ Franklin လမ်းမှာရှိတဲ့အခန်းတွဲအိမ်ကိုသူမကိုပြသပေးခဲ့ပါတယ်။ အခုပြတဲ့အိမ်နဲ့ကပ်ရက် ၁၅၅ Franklin လမ်း က တိုက်ခန်းတွဲ တွဲကို ၂၀၁၄ခုနှစ်တုန်းကသူမဝယ်ယူခဲ့ပါသေးတယ်။”လို့အဆိုတင်သွင်းခဲ့ပါတယ်။

အခုအသစ်ဝယ်လိုက်တဲ့အိမ်က သူမအတွက် ပါပါရာဇီတွေရန်က ရှောင်ရှားလို့ရမယ့် အကောင်းဆုံးအိမ်ပါ။ အရင်တိုက်ခန်းမှာ ဒီလိုမျိုးကားဂိုဒေါင် မရှိတဲ့အတွက်လမ်းမမှာပဲကားရပ်ထားရပါတယ်။

ပွဲစားက တေလာဆွစ်ကို ၂၀၁၁ ခုနှစ်က ပြင်သစ် နိုင်ငံရေးသမားဖြစ်သူ Dominique Strauss-Kahn လိင်ပိုင်းဆိုင်ရာစော်ကားမှု နဲ့တရားစွဲဆိုခံရစဉ်အချိန်က နေထိုင်ခဲ့တဲ့ ၂၇ ပေအကျယ်ရှိ အခန်းတွဲအိမ်ကိုလည်းပြသခဲ့ပါတယ်။အသေးစိပ်ဆွဲထားတဲ့ တိုက်ခန်းပုံစံကိုလည်းသူမကိုပြသခဲ့ပါတယ်။

ဒါပေမယ့် တေလာဆွစ်ရဲ့ ကိစ္စအဝဝကို စီမံခန့်ခွဲပေးနေတဲ့ ကုမ္ပဏီက အောက်တိုဘာလကုန်မှာ Douglas Elliman ကုမ္ပဏီကို မျှတမှုမရှိစွာနဲ့ တိုက်ခန်းဝယ်ယူတဲ့နေရာမှာ ပါဝင်ပတ်သက်ခွင့်မပေးခဲ့ပါဘူး။ Douglas Elliman ကုမ္ပဏီကလည်း ရောင်းခရဲ့ ရာခိုင်နှုန်းနှင့် ညီမျှတဲ့ ပွဲခကိုရဖို့တရားစွဲဆိုခဲ့ပါတယ်။ ဒီအကြောင်းရင်းနဲ့ပတ်သက်ပြီး မေးမြန်းလာမှုတွေအပေါ် တေလာဆွစ်ရဲ့ ကိုယ်စားလှယ်တွေက ချက်ချင်းဖြေကြားခြင်း မပြုခဲ့ကြပါဘူး။

Ref: Taylor Swift sued by real estate company over $1M commission

May Moe (ရိုးရာလေး)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment