OMG

အမျိုးသားတစ်ယောက်ရဲ့လိင်အင်္ဂါထဲမှ သုံးပေရှည်တဲ့ ကြိုးတစ်ချောင်းခွဲထုတ်ခဲ့ရ

သူကတော့ ယားလို့ အယားဖြေတယ်ပြောတာပဲ ။

တရုတ်နိုင်ငံကဆရာဝန်တွေအတွက်တော့ အထူးအဆန်း ကိစ္စတစ်ခုကြုံလိုက်ရတာပေါ့ ။
သုံးမီတာရှည်တဲ့ကြိုးတစ်ချောင်း အမျိုးသားအင်္ဂါထဲကနေခွဲထုတ်ပေးလိုက်ရတာ… ။
အသက် ၆၀ အရွယ်ရှိတဲ့ ဒီအမည်မသိ အမျိုးသားဟာ သူ့ရဲ့ယားယံမှုကိုဖြေဖျောက်ဖို့အတွက်အခုလိုထိန်လန့်စရာကောင်းတဲ့ကိစ္စကိုလုပ်ခဲ့တာပါတဲ့ ။

ဆီးကြိတ်ရောင်ယမ်းနေတဲ့ ဒီအမျိုးသားဟာ သူ့ရဲ့ဆီးလမ်းကြောင်းမှာယားယံတာကို အတော်ကြာခံစားခဲ့ရတယ် ။
ဒါနဲ့သူဟာ သူကြိုးကို အထဲထည့်ပြီးတော့ အယားဖြေလေ့ရှိတယ် ။
ဒီတစ်ကြိမ်မှာတော့ ဆီးအိမ်ထဲက ကြိုးကထုံးသွားပြီးတော့ ဆွဲထုတ်မရပဲ သွေးတွေပါထွက်လာခဲ့တယ် ။

သူ့ကိုတော့ ခွဲစိတ်ဖို့အတွက် ချက်ချင်းဆေးရုံခေါ်လာခဲ့ရတယ် ။

ဒေါက်တာ Gao Zhanfeng အပြောအရတော့
ဒီကြိုးဟာ လုံးပတ် ၅ မီလီမီတာရှိပြီးတော့ အားနဲ့ဆွဲထုတ်လိုက်တဲ့အတွက် ဆီးအိမ်ထဲမှာထုံးသွားတာဖြစ်တယ်လို့ပြောတယ် ။
ဒီတော့ ကြိုးကလျောလျောလျူလျူထွက်မလာတော့ပဲ ခံနေပြီး သွေးတွေထွက်လာခဲ့တော့တာပေါ့ ။

ဆီးလမ်းကြောင်းဆရာဝန်တွေက ဒီကြိုးကို လေဆာနဲ့အပိုင်းပိုင်းဖြတ်ပစ်ပြီးတော့လူနာကိုယ်ထဲက ဆွဲထုတ်ခဲ့ရတယ် ။

အကောင်းဆုံးနည်းလမ်းကတော့ လေဆာနဲ့ဖယ်ရှားဖို့ပဲလို့ Dr.Gao ကဆုံးဖြတ်ပြီးလုပ်ဆောင်ခဲ့တာဖြစ်တယ် ။

ဆီးလမ်းကြောင်းဌာနရဲ့ ခေါင်းဆောင်ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Gao အပြောအရတော့
ဒီကြိုးကိုဆီးလမ်းကြောင်းထဲထိုးထည့်တဲ့အခါမှာ လွယ်လွယ်ဝင်သွားပေမယ့် အထဲမှာထုံးသွားတဲ့အတွက် ပြန်ဆွဲထုတ်ဖို့ခဲယဉ်းသွားတာပါတဲ့ ။

Kankan News က လူနာကို အင်တာဗျုးတဲ့အခါမှာတော့ သူသင်ခန်းစာရသွားပြီဖြစ်ကြောင်း
နောက်တစ်ခါဘယ်တော့မှထပ်လုပ်မှာမဟုတ်တော့တဲ့အကြောင်းပြောသွားတယ် ။

ကြိုးကိုသူ့ဆီးလမ်းကြောင်းထဲထိုးမထည့်ခင် သန့်ရှင်းရေးလုပ်ပါသလားလို့မေးတဲ့အခါမှာတော့
ရေသန့်နဲ့တော့ ဆေးတယ်လို့ပြောတယ် ။
ဒီလိုလုပ်တာဟာ တော်တော်လေးကို ဗရုတ်သုတ်ခနိုင်ပေမယ့်လည်း မာကြောတဲ့အရာတွေကိုထိုးသွင်းပြီးအယားဖြေခဲ့တာမဟုတ်လို့တော်သေးတယ် ။
မဟုတ်ရင်တော့ ဆီးအိမ်ကွဲပြီးတော့ ဒီထက်ဆိုးတဲ့အခြေအနေရောက်သွားနိုင်တယ် ။

Writer – Min Thu [Daily Hot News]

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment