News

တစ်ပတ်လျှင် ယောက်ျားတစ်ယောက်နှုန်း မင်္ဂလာဆောင်ပြီး မင်္ဂလာစရိတ် လိမ်လည် ထွက်ပြေးနေသော အမျိုးသမီး

ထိုင်းရဲတပ်ဖွဲ့က အမျိုးသားများကို လှည့်လည်မင်္ဂလာဆောင်လျက် တစ်ကြိမ်လျှင် ဒေါ်လာ ၆၀၀၀ မှ ဒေါ်လာ ၁၅၀၀၀ ပမာဏရှိသော မင်္ဂလာကြေးများကို ယူငင်ထွက်ပြေးနေသူ အမျိုးသမီးကို အပူတပြင်း ရှာဖွေလျက်ရှိပါတယ်။

လက်ရှိအချိန်မှာ တိုင်ကြားထားသည့် အမျိုးသား (၁၃) ဦးအထိ ရှိနေပြီဖြစ်ပြီး သူတို့က အဆိုပါ အမျိုးသမီးကို မင်္ဂလာကြေး ထုတ်ပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။အဆိုပါ အမျိုးသမီးရဲ့ ဓလေ့အရ သတို့သမီးက သတို့သားကို တင်တောင်းရပြီး၊ ထိုသို့ ဓလေ့အတိုင်း တင်တောင်းနိုင်ရန် အမျိုးသားများက ကြိုထုတ်ပေးထားတဲ့ ငွေများကို လိမ်လည် ထွက်ပြေးသွားခဲ့တာလည်း ဖြစ်ပါတယ်။

အမျိုးသမီးရဲ့ သားကောင်ဖြစ်ခဲ့ရသူ တစ်ဦးကတော့ အသက် ၃၂ နှစ် အရွယ် ပရာဆမ် တိုင်ရာမြန် ဖြစ်ပြီး သူ့ထံမှ မင်္ဂလာကြေး ဘတ် ၂၀၀၀၀၀ လိမ်လည်ယူငင်မှုနဲ့ တရားစွဲထားပါတယ်။သူတို့ နှစ်ဦးဟာ ပရာချက် ကီရီ ကန်ပြည်နယ်၊
ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတစ်ခုမှာ မင်္ဂလာဆောင်ခဲ့ ကြပြီး၊ လေးရက်အကြာမှာ အဆိုပါ အမျိုးသမီးက ထွက်ပြေးသွားခဲ့တာပါ။

Amarin TV ကို ပြောကြားခဲ့ရာမှာ ပရာဆန် က နန်မွန် ဆိုသူ အမျိုးသမီးကို ဖေ့ဘုတ်ပေါ်မှာ သိခဲ့ကြောင်း၊ ကိုးလအတွင်း ချစ်သူဖြစ်ခဲ့ကြပြီး၊ နောက်ပိုင်းတွင် ကိုယ်ဝန်ရှိနေပြီဟု ပြောကြားသော ကြောင့် လက်ထပ်ယူရန် သဘောတူခဲ့ကြောင်း ပြောပြပါတယ်။ ရည်းစားဘ၀ ရှိစဉ်တုန်းကလည်း အကြောင်းအမျိုးမျိုးနဲ့ မိဘများနဲ့ ပေးမတွေ့ခဲ့ဘဲ လက်ထပ်ပြီး လေးရက်အကြာမှာ နန်မွန် ဟာ သူတို့ နွန်ခိုင်ပြည်နယ်ရှိ သစ်သီးလုပ်ငန်း ဆောင်ရွက်ရန်ဟု
ပြောကြားပြီး ထွက်ခွာသွားခဲ့ရာမှ မတွေ့ရတော့ခြင်း ဖြစ်ပါတယ်။သိပ်မကြာမီ နန်မွန် ရဲ့ တူမဆိုသူထံမှ ဖုန်းခေါ်ဆိုမှု ၀င်ရောက်လာကာ ကလေးပျက်ကျသွားပြီ ဖြစ်ကြောင်း သူ့ကို ပြောကြားခဲ့ပါတယ်။ပရာဆန် ဟာ သူ့ရဲ့ ဇာတ်လမ်းကို ဖေ့ဘုတ်ပေါ်တက်ပြီး ရင်ဖွင့်မိရာမှ လိမ်လည်ခံ လိုက်ရခြင်း ဖြစ်ကြောင်း သိခဲ့လိုက်ရပါတယ်။

ခါအိုဆော့ဒ် ဆိုသူ အမျိုးသား တစ်ဦးဟာလည်း နန်မွန် ကို ဖေ့ဘုတ်ပေါ်မှာ တွေ့ရှိခဲ့ပြီး ထိုင်းဘတ်ငွေ ငါးသိန်း ကို ဖေဖော်ဝါရီ မှာ ဘဏ်မှတစ်ဆင့် လွှဲခိုင်းကြောင်း။လက်ထပ်ရန် ပြောသောအခါ နက္ခတ်အချိန်အခါ မသင့်သေးကြောင်းပြော၍ စောင့်ဆိုင်းခိုင်းထားသည်မှာ ယနေ့ချိန်အထိ ဖြစ်ကြောင်း တိုင်ကြားလာခဲ့ပါတယ်။

ဝီချစ် ဆိုသူ အမျိုးသား တစ်ဦးလည်း ဖေ့ဘုတ်ပေါ်တွင်တွေ့၊ အတူတူ ချစ်ကြိုက်၊ လင်မယားကဲ့သို့ အတူနေပြီးနောက် လိမ်လည် ငွေကြေး တောင်းခံလိုက်ကြောင်း ပြောကြားခဲ့ပြီး၊ ကျန်အမျိုးသားများမှာလည်း အလားသဏ္ဍန်တူဇာတ်လမ်းမျိုးနှင့်
ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဖေ့ဘုတ်ပေါ်မှာ ပျံ့နှံ့သွားတဲ့ ပို့စ်အရ နန်မွန်ဟာ ပျှမ်းမျှ တစ်ပတ်လျှင် အမျိုးသားတစ်ဦးကျ လက်ထပ်ပြီး လိမ်လည်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က နန်မွန် ရဲ့ အစ်မဖြစ်သူထံ သွားရောက်စုံစမ်းရာမှာ သူမထံမှလည်း
တိုင်းဘတ်ငွေ တစ်သိန်း ချေးယူသွားပြီး ပြန်မပေးဘဲ ပျောက်နေ သည်မှာ ယခုထိဖြစ်ကြောင်း အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thomas

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment