LifeStyle

စာသင်ခန်းထဲကို လာချင်အောင်စွမ်းဆောင်နိုင်တဲ့ ဆရာ/ဆရာမ အလန်းများ

တော်တော်များများကတော စာသင်ချင်စိတ်ဖြစ်ပေးဖို့ အရမ်းကိုခက်ခဲလှပါတယ်။ ဒါပေမယ့် သင်ကြားပေးမယ့်ဆရာက စူပါမော်ဒယ်တွေလိုချောမောလှနေရင်တော့ သင့်ကိုစာသင်ချင်စိတ်ဖြစ်အောင်လှုံဆော်ပေးနိုင်မှာလိမ့်မယ်။

ကျောင်းသားတွေကို စာသင်ချင်လာအောင် အားပေးနိုင်ပြီး ကျောင်းသားမိဘတွေ ကျောင်းကိုအလည်လာချင်အောင်လှုံဆော်ပေးနိုင်တဲ့ ဆရာ၊ဆရာမများကို M-Note ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁)ဒီဂျီနေ (Dejinay)
Gym မှာ အချိန်ယူပြီးလေ့ကျင့်ခဲ့လို့ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်း ပိုင်ဆိုင်ထားတဲ့ ဆရာမလေးတစ်ယောက်ပါ။ ထို့အပြင် သူမရဲ့ သင်ခန်းစာတွေကို ကျောင်းသားတွေစိတ်ဝင်စားအောင်လဲ သေချာဂရုစိုက်ပြီးသင်ကြားပြသပေးသူပါ။ ဒီဂျီနေ(Dejinay) ကကျောင်းသားတွေ တက်တက်ကြွကြွရှိနေဖို့လိုတယ်တွေးထားပြီး မနက်တိုင်း သူ(မ)ရဲ့တပည့်တွေနဲ့အတူ ကိုယ်ကာယလေ့ကျင့်ခန်းများလုပ်လေ့ရှိပါတယ်

(၂)နီကိုလပ်(စ်) ဖာရွန်နီ (Nicholas Ferroni)
မစ္စတာဖာရွန်နီရဲ့ အသွင်အပြင်ကိုမြင်လိုက်မိတဲ့ကျောင်းသားတိုင်းစိတ်ဓာတ်တွေတက်ကြွလာအောင် လှုံဆော်ပေးနိုင်ပါတယ်။ အဆင့် A ရတဲ့ကျောင်းသားတွေရဲ့ နာမည်ကို သူရဲ့လက်မောင်းမှာ ဒန်းပင်ဆိုးဆေးနဲ့ တက်တူးထိုးထားမယ်လို့ ကတိပေးခဲ့ပြီး ကတိတည်ခဲ့ပါတယ်။ “ ငါကလေးဘ၀တုန်းက စူပါလူစွမ်းကောင်းတစ်ယောက် ၊ စိတ်ရောဂါပညာရှင်တစ်ယောက်၊ အတွေးအခေါ်ပညာရှင်၊ ပရဟိတသမား၊ သရုပ်ဆောင်တစ်ယောက် အဲ့တာတွေအကုန်လုံးဖြစ်ချင်ပါတယ် အဲ့ဒါကြောင့် ငါအခုကျောင်းဆရာတစ်ယောက်လုပ်နေတာပါလို့” ဖာရွန်နီက သူရဲ့အလုပ်နဲ့ပတ်သတ်ပြီးရွေးချယ်မှုအကြောင်းကိုရှင်းပြခဲ့ပါတယ်။

(၃) ဘန်ဂျဝမ် ဆွန်း(Benjawan Som)
ဘန်ဂျဝမ်ကတော့ လှပပြီးအလုပ်ကြိုးစားတဲ့ အင်္ဂလိပ်စာ ဆရာမတစ်ယောက်ပါ။ ကျောင်းသားတွေကို စာသင်ကြားတဲ့နေရာမှာ စိတ်ပါဝင်စားလာအောင် လုပ်ဆောင်နိုင်ပြီး အင်္ဂလိပ်ဘာသာစကားလေ့လာတဲ့နေရာမှာ လွယ်ကူအောင် ကူညီပေးပါတယ်။

(၄) မိုက်ကယ်ဘွန်နာ (Michael Bonner)
မစ္စတာဘွန်နာကတော့ တကယ့်ကို စိတ်ထားပြည့်ဝတဲ့ဆရာတစ်ယောက်ပါ။ သူရဲ့တပည့်တွေက ဆင်းရဲ့ချို့တဲ့ တဲ့မိသားစုကတွေကဖြစ်ပါတယ်။ အိမ်တွင်းရေးပြဿနာကြောင့် စာသင်ကြားတဲ့နေရာမှာ အခက်အခဲတွေ့နေတာကို မိုက်ကယ်က နားလည်ပေးထားပြီး တပည့်တွေနဲ့အတူ သီချင်းတွေအတူဆိုပြီးကခုန်ခြင်းဖြင့် တပည့်တွေရဲ့ရင်းနှီးချစ်ခင်မှုကိုရယူနိုင်ခဲ့ပါတယ်။ အယ်လန်ဒီဂျနရီး(စ်)က ဘွန်နာကို ကူညီဖို့ဆုံးဖြတ်ခဲ့ပြီး သူရဲ့ကျောင်းအတွက် အမေရိကန်ဒေါ်လာ (၂၅၀၀၀) လှူဒန်းခဲ့ပါတယ်။

(၅) ပတ်ထရစ်ဘရောင်း (Patrice Brown)
ကျောင်းသားမိဘတွေကြားမှာ ပတ်ထရစ်ရဲ့ပုံတွေက ဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့ပါတယ်။ ကျောင်းသားတွေရဲ့ အမေဖြစ်သူတွေက ဆရာမတစ်ယောက်အနေနဲ့ ကျပ်ထုပ်နေအောင်ဝတ်စားဆင်ယင်ခြင်းက မသင့်တော်ဘူးလို့ထင်မြင်နေပေမယ့် အဖေဖြစ်သူတွေကတော့ဘယ်လိုမှသဘောမထားပါဘူး။ သူတို့ရဲ့ ကလေးတွေအတွက် ဆရာမကောင်းတစ်ယောက်နဲကသင်ခွင့်ရလို့ သဘောကျနေကြပါတယ်။

(၆)ဗင်ဝစ်(ခ်) (Vin Wick)
ဗင်က မူကြိုကျောင်းဆရာလဲဖြစ်သလို မော်ဒယ်တစ်ယောက်လဲဖြစ်ပါတယ်။

(၇)အီဗာလို (Eva Loo)
အီဗာတော့ ကျောင်းသားတွေအတွက် ဆရာမတစ်ယောက်ဖြစ်တယ်ဆိုတာကို အထင်မှားမိစေပါတယ်။ သူ(မ)ဟာ အားကစားဘက်မှာထူးချွန်ပြောင်မြောက်စွာနဲ့ အောင်မြင်မှုတွေရရှိထားပြီး သူ(မ)ရဲ့ကျောင်းသားတွေအတွက်အမြဲဂုဏ်ယူလေ့ရှိသူပါ။

(၈) ခရစ်ပတ်(ခ်) (Chris Peck)
ခရစ်ကစာသင်ကြားတဲ့နေရာမှာ တကယ့်ကိုထူးချွန်လှပါတယ်။ သူရဲ့စာသင်ခန်းကို အံ့သြစရာဖြစ်အောင်ပြင်ဆင်ထား ပြီး သူရဲ့ကျောင်းသားတွေကလဲ စာသင်ကြားတဲ့နေရာမှာ စိတ်ပါဝင်စားမှုရှိကြပါတယ်။ ဘာလိုအုံးမှာလဲဗျာ ကျောင်းသားတွေက စာသင်တာကိုဂရုစိုက်ကြတော့။ သူရဲ့ လျှိုဝှက်ချက်ကတော့ ကျောင်းသားတွေ တကယ်တတ်မြောက်ချင်တဲ့သင်ခန်းစွာတွေကို လွတ်လပ်စွာလေ့လာခွင့်ပေးထားခြင်းပဲဖြစ်ပါတယ်။

(၉) ဂျော့ဒန် ဂေါ့ဒတ်(Jordyn Goddard)
ဂျော့ဒန်က မူလတန်းပြဆရာမတစ်ယောက်ဖြစ်ပြီး ကိုလံဘီယာပြည်နယ်ရဲ့ အလှမယ်ဘွဲ့ကိုရရှိထားသူပါ။ သူ(မ)ရဲ့ ကျောင်းသားလေးတွေက သူ့ကို စိတ်ဓာတ်ထက်သန်စေပြီး ကျောင်းသားလေးတွေရဲ့ အခက်အခဲ့ကိုကူညီပေးပါတယ်။ သူ(မ)က ဆက်လက်ပြီး အလှမယ်ပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်ပါသေးတယ်။ သေချာတာကတော့ သူ(မ) က သရဖူတွေ တစ်ခုပြီးတစ်ခု ရှိသွားမှာပါ။

(၁၀) ပိုင်ထရို ဘော့စ်လီ (Pietro Boselli)
တက္ကသိုလ် ဆရာတစ်ယောက်အဖြစ် ပုံဖော်ကြည့်ဖို့တော်တော်လေးကို ခက်ခဲလောက်မှာပါ။ ပိုင်ထရိုက မော်ဒယ်အလုပ်ပါလုပ်ကိုင်နေတာကို လျှိုဝှက်ထားခဲ့ပါတယ်။ အကြောင်းအရင်းကတော့ အခြား ဆရာတွေရဲ့ အထင်မြင်သေးခံရမှာကြောက်လို့ပါ။ အခုလက်ရှိမှာတော့ ပိုင်ထရိုက မော်ဒယ်တစ်ယောက်ဖြစ်နဲ့ ဂရုတစိုက်လုပ်ကိုင်နေသော်လည်း သူရဲ့ကလေးတွေကိုမေ့မထားခဲ့ပါဘူး ။ပြီးတော့ ကမ္ဘာအနှံ့မှာ ပညာသင်ကြားဖို့ ခက်ခဲနေတဲ့ကလေးတွေကို ပညာသင်ဖို့အတွက် လှူဒန်းမှုတွေတောင် ပြုလုပ်နေပါသေးတယ်။

(၁၁)ပတ်ခ်ဟွန်းဆို (Park Hyun Seo)
ဆွဲဆောင်မှုရှိတဲ့ တောင်ကိုရီးယားက လက်ချာဆရာမလေးတစ်ယောက်အဖြစ် အင်စတာဂရမ်နာမည်ကြီး ကျော်ကြားနေတဲ့ဆရာမလေးပါ ။ ကျောင်းသားတွေကတော့ သူ(မ)ရဲ့စာသင်ခန်းကိုသွားလည်ရတာ အကျိုးရှိပါတယ်လို့ ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတာ သိမှာပါ။
Lwin Phay Oo(MyanmarNote)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment