Knowledge

လူသူအရောက်နည်းတဲ့ တောအုပ်ကြီးတွေထဲမှာ တွေ့ရှိခဲ့တဲ့ ထူးထူးဆန်းဆန်းအရာ ( ၅ ) ခု

တောတောင်သဘာဝတွေဟာ ကမ္ဘာကြီးရဲ့ဇီဝဗေဒစနစ်အတွက်တော့ တကယ်ကိုအရေးပါတဲ့အရာတွေပဲ ။
ကမ္ဘာပေါ်မှာ သစ်တော ၇ ရာခိုင်နှုန်းပဲရှိပေမယ့် ဆင့်ကဲတိုးတက်မှုဖြစ်စဉ်တွေ မျိုးစိတ်အသစ်တွေ့ရှိရမှုတွေ နှစ်တိုင်းဒီသစ်တောတွေထဲမှာပဲဖြစ်ပေါ်နေတာပါ ။
သစ်တောတွေရဲ့ဒဏ္ဍာရီဟာ ဘယ်တော့မှအဆုံးသတ်သွာမှာမဟုတ်သလို သစ်တောထဲမှာရှာဖွေတွေ့ရှိရတဲ့
ပစ္စည်းတွေဟာလည်း ကျွန်တော်တို့ကိုအမြဲတမ်းအံ့သြနေစေမှာပါပဲ ။
ပြောတာတော်လောက်ပြီ…သစ်တောထဲက အဆန်းပြားဆုံးပစ္စည် ၅ မျိုးကိုကြည့်လိုက်ရအောင် ….

၁. တာဇန်

တောအုပ်ထဲမှာလမ်းပျောက်သွားလို့လမ်းရှာရတယ်ဆိုတာပဲကြားဖူးလိမ့်မယ် ။
ဒါပေမယ့် တောအုပ်ထဲမှာ သူကိုယ်တိုင်ပျောက်ဆုံသွားတဲံသူတွေလည်းရှိတယ် ။
ဗီယက်နမ် တောအုပ်ထဲမှာ နှစ်ပေါင်း ၄၀ လောက်နေထိုင်ခဲ့တဲ့ သားအဖ နှစ်ယောက်ရှိခဲ့တယ် ။
သူတို့ဟာ အမေရိကန် လေတပ်က သူ့အမျိုးသမီးနဲ့ သားကြီးနှစ်ယောက်ကိုသတ်ဖြတ်ခဲ့ပြီးနောက်မှာ တောအုပ်ထဲမှာ ခိုအောင်းနေထိုင်ခဲ့တာဖြစ်တယ် ။
ဒီနှစ်ယောက်ကို ရွာနဲ့ ၂၅ မိုင်အကွာက တောအုပ်ထဲမှာတွေကရတာဖြစ်ပြီးတော့သူတို့မှာကိုယ်ပိုင်သစ်ပင်အိမ်နဲ့ ကိုယ့်ကိုယ်ကို
ကာကွယ်ဖို့ပြင်ဆင်ထားတဲ့လက်နက်တွေလည်းရှိပါတယ် ။
ထို့အပြင် ကြံစိုက်ခင်း တစ်ခုပြုလုပ်ဖို့လည်းပြင်ဆင်ထားတဲ့ပုံပဲ ။
ထိုသူကတော့ အခုချိန်မှာ အသက် ၈၀ ရှိနေပြီး သူ့သားကတော့ တောအုပ်ထဲပြန်သွားဖို့ကြိုးစားနေတာကြောင့် ဆေးရုံမှာ ချုပ်ထားရပါတယ် ။

၂. တောအုပ်ထဲက Guatemala ကျောက်ခေါင်းပြတ်ကြီး

၁၉၈၇ ခုနှစ် မှာ ဖီလိုဆီုဖီဒေါက်တာတစ်ယောက်ဖြစ်တဲ့ Oscar Rafael Padilla ဟာ
၁၉၅၀ ပြည့်နှစ်တုန်းက လူတစ်ယောက်ရိုက်ထားခဲ့တဲ့ Guatemala တောအုပ်ထဲက ကျောက်တုံးကြီးတစ်တုံးရဲ့ပုံကိုလက်ခံရရှိခဲ့ပါတယ် ။
သူဟာ ဒီကျောက်တုံးကိုလိုက်ရှာခဲ့ပေမယ့်လုံးဝရှာမတွေ့ခဲ့ဘူး ။
ကျောက်တုံးက အဲ့ဒီနေရာမှာရှိနေပေမယ့်ဘယ်သူ့ကိုမှမတွေ့စေချင်တဲ့ပုံပဲ ။
Guatemala ဟာ ၁၉၆၀ မှာပြည်တွင်းစစ်ဖြစ်ပွားခဲ့တဲ့နေရာဖြစ်ခဲ့တဲ့အတွက် ဒီကျောက်တုံးခေါင်းကို ပစ်မှတ်အနေနဲ့လေ့ကျင့်ကြတာဖြစ်နိုင်တယ် ။
အခြားကျောက်တုံးတွေကိုတော့ တိုင်းပြည်ထဲမှာ ရှာတွေ့ခဲ့ပြီး Olmec လူမျိုးတွေဖန်တီးခဲ့တဲ့ယူဆရပါတယ် ။
အခုဖော်ပြထားတဲ့ကျောက်တုံးကတော့ နီဂရိုးတစ်ယောက်ပုံနဲ့တူနေတဲ့အတွက် ဒီဟာကိုတွေ့ခဲ့ရင်တော့သီအိုရီတစ်ချို့ကိုတူးဖော်နိုင်မှာအမှန်ပါပဲ ။

၃. Costa Rica မှ ကျောက်လုံးများ

Costa Rica တောင်ဘက်ပိုင်းမှာ ၁၉၃၀ တစ်ဝိုက်ကစပြီးတော့ ကျောက်လုံးတွေကိုရှာတွေ့ခဲ့ရတယ် ။
လယ်သမားတွေဟာ ငှက်ပျောသီးစိုက်ဖို့အတွက် တောရှင်းတဲ့အချိန်မှာ အခုလိုမျိုး လုံးဝန်းပြီးအရွယ်အစားအားဖြင့်လက်မအနည်းငယ်မှ ၆
ပေကျော်အချင်းရှိတဲ့ကျောက်လုံးတွေကို ရှာဖွေတွေ့ရှိခဲ့တယ် ။
ကျောက်လုံးတစ်လုံး ရဲ့ အလေးချိန်ဟာ အများဆုံး ၁၅ တန်အထိရှိနိုင်တယ် ။
ဒီကျောက်တုံးတွေထဲမှာ ရွှေတွေရှိနိုင်တယ်ဆိုပြီးဖောက်ခွဲကြည့်တဲ့အခါမှာတော့ ဘာရွှေမှမရှိကြောင်းတွေ့ရတယ် ။
သမိုင်းပညာရှင်တွေလေ့လာပြီးတော့နောက်မှာတော့ ဒီကျောက်တုံးတွေဟာ AD 1000 လောက်က
စက်ဝိုင်းပုံအိမ်ဆောက်တဲ့နေရာမှာအသုံးပြုကြတာဖြစ်ကြောင်းသိရတယ် ။
စက်ဝိုင်းတွေဟာညီညာမှုမရှိပေမယ့်လည်း ထိုခေတ်ထိုအချိန်ကနည်းပညာနဲ့အခုလိုမျိုး လုံးဝန်း ဖန်တီးထားနိုင်တာကတော့ စိတ်ဝင်စားစရာပါပဲ ။
နောက်တစ်ချက်က စက်လုံးတွေကို စီထားတဲ့ပုံစံဟာ မြောက်ဝင်ရိုးစွန်းဘက်ကိုတန်းနေတဲ့အချက်ပါပဲ ။

၎. ကမ္ဘာ့အကြီးဆုံးပန်းပွင့်

အကျယ် ၃.၃ ပေရှိပြီးတော့ အလေးချိန် ၂၄ ပေါင်ရှိတဲ့ The Raffesia Arnoldli ပန်းဟာ ကမ္ဘာ့အကြီးဆုံးပန်းပွင့်ဖြစ်တယ် ။
အမျိုးအစားပေါင်း ၁၇ မျိုးလောက်ရှိနိုင်ပြီးတော့ အင်ဒိုနီးရှား နဲ့ မလေးရှား ၊ ထိုင်း ၊ ဖိလစ်ပိုင် နဲ့ ဆူမားတြားက မိုးသစ်တောတွေမှာတွေ့နိုင်တယ် ။
ပန်းရဲ့ပုံက လန့်စရာကောင်းတဲ့အပြင် အနံ့ကလည်း ဆိုးရွားလွန်းတဲ့အတွက် အပုပ်ပန်းလို့ခေါ်ကြပါတယ် ။
ဒီပန်းဟာ သူ့အနံ့နဲ့မွှားကောင်တွေ ယင်ကောင်တွေကို ဆွဲဆောင်ပြီးတော့ စားသုံးတဲ့အပင်တစ်မျိုးဖြစ်တယ် ။
ထို့အပြင် ပင်စည်မရှိ ရိုးတံမရှိ အရွက်မရှိပဲပွင့်နေတဲ့ ပန်းတစ်ပွင့်ပဲဖြစ်ပါတယ် ။

၅. Sigiriya

ကမ္ဘာ့အံဖွယ်ရှစ်ပါးထဲမှာအပါအဝင်ဖြစ်တဲ့ ဒီကျောက်ဆောင်ကြီးဟာ သိရိလင်္ကာမှာတည်ရှိတာဖြစ်ပြီးတော့ အမြင့်ပေ ၆၀၀ ကျော်ရှိပါတယ် ။
အေဒီ ၅ ရာစုလောက်က ဘုရင် Kashyapa ဟာ သူ့ရဲ့ အဖေကိုသတ်ကာ အစ်ကိုတွေကို နယ်နှင်ပြီး သိရိလင်္ကာကိုအုပ်ချုပ်ခဲ့တယ်။
သူ့အစ်ကိုက ပြန်တိုက်ခိုက်တဲ့အချိန်မှာတော့ ဘုရင် Kashyapa ဟာ မြို့တော်ကို Anuradhapura မှနေပြီးတော့ ခုခံဖို့ပိုပြီးအဆင်ပြေတဲ့ Sigiriya
ကိုပြောင်းရွေ့ခဲ့တယ် ။
လွန်ခဲ့တဲ့နှစ်ထောင်ချီတုန်းက စစ်မြေပြင်ဖြစ်ခဲ့နေရာက အခုတော့ UNESCO ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်နေပါပြီ ။

Writer – Min Thu (Daily Hot News)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment