ကိုရီးယားနိုင်ငံဟာ Entertainment ဖြင့် တစ်ကမ္ဘာလုံးကို လွှမ်းမိုးပြီး နည်းပညာ၊ အလှအပရေးရာ နှင့် အစစအရာရာ တရှိန်ထိုး တိုးတက်လာတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ K-Pop ဖြင့် လူသားတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့သလို ကိုရီးယား ဇာတ်လမ်းတွဲများကလည်း မကြည့်ရမနေနိုင်လောက်အောင် စွဲလမ်းမှုတွေ ပေးစွမ်းဆဲပါပဲ။ ဒီနောက်ပိုင်းမှာတော့ သူတို့နိုင်ငံရဲ့ TV program တွေကအစ ကမ္ဘာအနှံ့ စောင့်ကြည့်သူတွေ ရှိလာခဲ့ပါပြီ။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကတော့ အံ့မခန်းပါပဲ။
ကိုရီးယားနိုင်ငံရဲ့ အနပညာ ဖျော်ဖြေရေးလောကမှာ နေရာတစ်ခုရဖို့ဆိုတာ မလွယ်ကူပါဘူး။ သူ့ထက်ငါ အပြိုင်အဆိုင်ကြိုးစားပြီး ဘက်စုံထူးချွန်သူတွေကသာ နေရာရကြပါတယ်။ တစ်ဖက်မှာလည်း လူတိုင်းရဲ့ စိတ်ဝင်စားခြင်းခံရတဲ့ အနုပညာလောကသားတွေဟာ ကောလဟလ၊ မကောင်းသတင်းမျိုးစုံနှင့် အဖက်ဖက်မှ ဝေဖန်တိုက်ခိုက်မှုတွေကို မကြာခဏ ရင်ဆိုင်ရလေ့ ရှိပါတယ်။ ဒါဟာ သူတို့လောကအတွက်တော့ မဆန်းတဲ့ အရာတစ်ခုပါ။ ဆန်းတာကတော့ ဒီလိုဝေဖန်တိုက်ခိုက်မှု နှင့် မကောင်းသတင်း ၊ ကောလဟာလများ တစ်ခါမှ ထွက်ပေါ်ခြင်းမရှိသေးတဲ့ ကို၇ီးယား အနုပညာရှင် ၉ဦးရှိပါတယ်။ သူတို့တွေကတော့…
1. GOT7’s Jinyoung
2. BTOB’s Peniel
3. Minzy
4. Lim
5. BTS’ Jin
6. 2PM’s Jun.K
7. SHINee’s Taemin
8. Girls’ Generation’s Seohyun
9. B.A.P’s Zelo
CHAN (ရွှေအင်းလေး)
Leave a Comment