love

လူတစ်ယောက် ကိုယ့်ကိုချစ်လာစေနိုင်မယ့် သိပ္ပံနည်းကျ နည်းစနစ်များ

ဒီနည်းလမ်းတွေအတိုင်းလုပ်ဆောင်ရင် သင့်ကိုချစ်ကြိုက်လာမယ့်အခွင့်အလမ်းများမယ်တဲ့…

သင့်ရဲ့ရင်ခုန်သံတွေကိုဂရုမစိုက်ပဲရှိနေတဲ့သူတစ်ယောက်ရှိနေလိမ့်မယ် ။
သင်နည်းလမ်းပေါင်းများစွာနဲ့ သူ့ကိုထုတ်ပြခဲ့ပြီးဖြစ်ပေမယ့် သူက ဒါကိုမမြင်နိုင်သေးဘူးဆိုရင်တော့ အခုပြောပြမယ့်
သိပ္ပံနည်းကျနည်းလမ်းလေးတွေနဲ့ကြိုးစားကြည့်ပါဦး ။

၁. အကြည့်ချင်းဆုံအောင်ကြိုးစားပါ

တစိမ်းနှစ်ယောက်တောင်မှအကြည့်ချင်းဆုံတဲ့အခါမှာရင်းနှီးသွားတတ်တယ် ။ ထို့အပြင် စုံတွဲတွေဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေတဲ့အခါ ပိုပြီးတော့ ရင်းနှီးလာသလိုခံစားလာရတယ် ။ ဒီတော့ သင့်သဘောကျနေတဲ့သူနဲ့ အကြည့်ချင်းဆုံအောင်ကြိုးစားပါ ။

၂. ပထမဆုံးချိန်းတွေတဲ့အချိန်မှာ အဆင်ပြေပါစေ

ကြည့်ကောင်းအောင်ဝတ်ဆင်သွားရုံနဲ့မပြီးဘူး ။ သင့်အနေနဲ့အကောင်းမြင်ဝါဒကိုလည်းဝတ်ဆင်သွားဖို့လိုတယ် ။
အကောင်းမြင်ဝါဒရှိတဲ့သူတွေရယ် အဆိုးမြင်ဝါဒရှိတဲ့သူတွေရယ် ဆွဲဆောင်မှုရှိတဲ့သူတွေရယ်ဆိုပြီးတော့ အုပ်စုသုံးစွဲခွဲပြီးအမျိုးသမီးတွေနဲ့တွေ့ဆုံခိုင်းတဲ့အခါ အကောင်းမြင်ဝါဒရှိတဲ့သူတွေကို ပိုပြီးတော့သဘောကျတာကိုတွေ့ရတယ် ။

၃. ပထမဆုံးတွေ့တဲ့အချိန်မှာ ကော်ဖီတိုက်ပါ

ပထဆုံးတွေ့တဲ့နေရာဟာ ကော်ဖီဆိုင်ဆိုရင်တော့ သင်လမ်းအမှန်ပေါ်ရောက်နေပြီလို့မှတ်လိုက်တော့
လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အပူချိန်ဟာ Personality နဲ့ဆက်စပ်နေတယ် ။
ခန္ဓာကိုယ်နွေးထွေးနေတဲ့အခါ စိတ်ကလည်းပျော့ပြောင်းနေတတ်တယ် ။
ဒီတော့ ပထမဆုံးဒိတ်မှာရေခဲမုန့်စားမယ့်အစား ကော်ဖီဆိုင်ကောင်းကောင်းလေးတစ်မှာ အတူထိုင်ဖို့အတွက်နေရာရှာထားလိုက်ပါတော့ ။

၎. အာရုံစိုက်နားထောင်

စုံတွဲတွေအတွက်တော့ အသစ်မဟုတ်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ တစ်ယောက်ပြောတာကို တစ်ယောက်နားထောင်နေရတာကိုး ဒါပေမယ့်လည်း ပထမဆုံးတွေ့တဲ့အချိန်မှာထဲက သူပြောတာကို အာရုံစိုက်နားထောင်ရမယ် ။
ဘာကြောင့်လည်းဆိုတော့ သူတို့ပြောချင်တာတွေကိုနားထောင်ပေးတဲ့အခါမှာ သဘောကျကျတဲ့အတွက်ပဲ ။

၅. ကျေးဇူးတင်ပါတယ်လို့ပြောပါ

ကျေးဇူးတင်ပါတယ်လို့ပြောတာဟာ ပြောတဲ့သူအတွက်ရော အပြောခံရတဲ့သူအတွက်ပါ ကျေနပ်မှုရှိစေပါတယ် ။
ဒီလိုပြောတာဟာ တစ်ယောက်အပေါ်တစ်ယောက်နက်ရှိုင်းတဲ့ခံစားမှုကိုပြတယ်လို့ လေ့လာချက်တွေအရသိရပါတယ် ။

၆. ပြုံးပါ

အပြုံးတစ်ခုရဲ့စွမ်းအားကိုလျော့မတွက်နဲ့.. ။
ဟန်ဆောင်ပြုံးသလိုမျိုးမလုပ်နဲ့
အပြုံးတစ်ခုဟာ သင်ချစ်နေတဲ့သူအပေါ်အများကြီးသက်ရောက်မှုရှိတယ် ။

၇. ကိုယ့်ကိုယ်ကို ဖော်ပြပါ

လေ့လာချက်တွေအရ ပွင့်လင်းတဲ့သူတွေကိုပဲကိုယ့်လက်တွဲဖော်အဖြစ်ရွေးချင်ကြတယ်လို့သိရတယ် ။
ကိုယ်ဘယ်သူလဲ ဘယ်လိုမျိုးဖြစ်ချင်လဲဆိုတာကို ဖုံးကွယ်ထားတဲ့သူတွေကိုတော့ သိပ်ပြီးစိတ်ဝင်စားလေ့မရှိကြဘူး ။

၈. လျို့ဝှက် ဘာသာစကား..

သင်နဲ့သင်ချစ်နေသူနှစ်ယောက်ကြားမှာ လျို့ဝှက်နားလည်နိုင်တဲ့အရာလေးတွေထားရှိပါ ။
ဒါဟာ ရိုမန့်တစ်ဆန်ပြီးတော့ သင်တို့နှစ်ယောက်ကြားက ဆက်ဆံမှုကိုလည်းပိုရင်းနှီးလာစေပါတယ် ။

၉. အတွေ့အထိရဲ့စွမ်းအား

အမျိုးသမီးတွေကိုမလိုလားအပ်ပဲသွားမထိတာကောင်းပေမယ့်လည်း အထိအတွေ့ဆိုတာက သုံးတတ်ရင် လက်နက်တစ်ခုပါပဲ ။ ပြင်သစ်မှာပြုလုပ်ခဲ့တဲ့လေ့လာချက်အရ ကောင်မလေးတစ်ယောက် ရဲ့လက်မောင်းကိုညင်ညင်သာသာလေးထိပြီးတော့စကားပြောမယ်ဆိုရင်  သူ့ဖုန်းနံပတ်ကိုမတောင်းပဲနဲ့ပေးသွားပါလိမ့်မယ်တဲ့ ။

၁၀. မွတ်သိပ်စွာနမ်းပါ

လေ့လာချက်အရတော့ လူတွေဟာ မက်မောစရာကောင်းတဲ့အနမ်းတွေကို သတိရနေလေ့ရှိတယ်တဲ့ ။
ဒီတော့ သင့်မှာအခွင့်အရေးရပြီဆိုရင် ထာဝရမမေ့နိုင်စရာအနမ်းတစ်ခုပေးလိုက်ပါတော့ ။

၁၁. မိန်းကလေးသူငယ်ချင်းကိုခေါ်ပါ

တစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ဆိုတာကလွယ်ပေမယ့် ကိုယ်ချစ်သူနဲ့ဘယ်လောက်ကြာအောင်အတူရှိနိုင်မလဲဆိုတာကတော့ခက်ခဲတဲ့အရာတစ်ခုပဲ ။
တကယ်လို့ပြဿနာတက်လာပြီဆိုရင် သင့်ရဲ့အမျိုးသမီးသူငယ်ချင်းတစ်ယောက်ကိုခေါ်လိုက်ပါ။
အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားသူငယ်ချင်းတစ်ယောက်ထက် ပိုပြီးတော့ဖြေရှင်းပေးနိုင်ပါလိမ့်မယ် ။
မဟုတ်ရင်တော့ သင်တို့အချစ်ဇာတ်လမ်းက ၆ လတောင်ကြာမှာမဟုတ်ပါဘူး ။

၁၂. အတူမအိပ်ခင် ချစ်တယ် လို့ပြောပါ

သူနဲ့အတူတူအချိန်အကြာကြီးဖြတ်သန်းချင်တယ်ဆိုရင် ဘယ်တော့မှချစ်တယ်လို့ပြောဖို့မမေ့ပါနဲ့ ။
ဘာကြောင့်လည်းဆိုတော့ ဒီစကားနှစ်ခွန်းဟာ သင်တို့နှစ်ယောက်ကြားက သံယောဇဉ်ကို ပိုမိုခိုင်မာစေတဲ့အတွက်ပါပဲ။

၁၃. တစ်ကိုယ်ကောင်းသမားတွေကိုသတိထား

တစ်ကိုယ်ကောင်းသမားတွေဆိုတာကတော့သူတို့ကိုယ်သူတို့ကြည့်ကောင်းအောင်ပြင်ပြီးတော့ သူတို့ကိုယ်သူတို့ပဲကြည့်နေတဲ့သူတွေပဲ ။
များသောအားဖြင့်တော့ ဆွဲဆောင်မှုရှိကြတယ်ဆိုပေမယ့် ဒီလိုလူတစ်ယောက်နဲ့တွဲမယ်ဆိုရင်တော့
သူတို့ကိုယ်သူတို့ပဲချစ်နေမှာဖြစ်ပြီးသင့်အတွက်တော့ဘာမှရမှာမဟုတ်ဘူး ။

၁၄. အကြိုက်ချင်းတူညီပါ

အကြိုက်ချင်းတူပြီး သဘောထားခြင်းတိုက်ဆိုင်တဲ့ စုံတွဲတွေဟာ ပိုပြီးတော့ စုံတွဲသက်တမ်းကြာရှည်ကြောင်း လေ့လာချက်တွေအရသိရှိရပါတယ် ။
သင်တို့နှစ်ယောက်ကြားမှာ အကြိုက်ချင်းတူတဲ့အကြောင်းအရာတွေကို ဖလှယ်တာမျိုးဟာ တစ်ယောက်နဲ့တစ်ယောက်ပိုမိုရင်းနှီးလာစေတယ် ။

၁၅. သင့်ချစ်သူကိုလေးစားပါ

စစ်တမ်းတွေအရတော့ ပြတ်ဆဲသွားတဲ့ စုံတွဲ ၄၈ ရာခိုင်နှုန်းလောက်ဟာ မချစ်ကြလို့မဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက်မလေးစားကြလို့ပဲဖြစ်တယ် ။
ဒီတော့ ကိုယ့်ရဲ့လက်တွဲဖော်အပေါ်မှာ အမြဲတမ်းလေးစားမှုထားပါ ။

Writer – Min Thu (Daily Hot News)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment