LifeStyle

နှစ်သစ်ကူးသင်္ကြန်ပွဲတော်မှာ ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲနေတဲ့ ကိုရီးယားအဆိုတော်မလေး

မြန်မာတို့ရဲ့ နှစ်သစ်ကူးပွဲတော်ဖြစ်တဲ့ သင်္ကြန်ပွဲတော်ကတော့ ဒီကနေ့မှာ သင်္ကြန်အကြိုနေ့အဖြစ်နဲ့ စတင်ခဲ့ပြီဖြစ်ပါတယ်။

 

 

မြန်မာနိုင်ငံသားတိုင်းပျော်ရွှင်စွာဆင်နွှဲနေကြတဲ့ သင်္ကြန်ပွဲတော်ကိုတော့ ကိုရီးယားနိုင်ငံရဲ နာမည်ကျော်အဆိုတော်အဖွဲဖြစ်တဲ့ Girl’s Day အဖွဲ့ဝင် Sojin ကလည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။

 

 

သူမကတော့ မြန်မာနိုင်ငံကို KBS ရုပ်သံလှိုင်းရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Battle Trip ဆိုတဲ့ အစီအစဉ်ကိုရိုက်ကူးဖို့အတွက်ရောက်ရှိနေတာဖြစ်ပြီး သင်္ကြန်မတိုင်ခင်ကလည်း ပုဂံကို အလည်သွားခဲ့ပါသေးတယ်။

 

 

 

 

သူမကတော့ သင်္ကြန်ပွဲကို ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲနေတာဖြစ်ပြီး ပရိသတ်တွေနဲ့ ဓါတ်ပုံတွေရိုက်ပေးခဲ့ပါသေးတယ်။

သင်္ကြန်ရေကစားနေတဲ့ သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကိုတော့ ပရိသတ်တစ်ဦးက ရိုက်ပြီး ဖေစ်ဘုတ်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။

Source: Park Su Zan, SoJin Instagram

credit – shwemom

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment