Local Celebrity

နှစ်သစ်ကူးမှာ ငွေတွေအလိမ်ခံလိုက်ရတဲ့ လူရွှင်တော်ဒိန်းဒေါင်

အနုပညာလောကမှာနာမည်ကြီး ထိပ်တန်းဟာသလူရွှင်တော်တစ်ဦးဖြစ်တဲ့ ဒိန်းဒေါင်ကတော့ လူရွှင်တော်အ စည်းအရုံးဥက္ကဌတစ်ယောက်အဖြစ်နဲ့ လူရွှင်တော်တွေရဲ့ အခက်ခဲတွေကို မားမားမတ်မတ်ရပ်တည်ဖြေရှင်းပေး နေသူတစ်ဦးဖြစ်ပါတယ်။ဘာသာ၊သာသနာရေးနှင့် အလှူအတန်းကိစ္စတွေမှာလည်း ကုသိုလ်ရေးလက်မနှေးဆို သလို အမြဲရက်ရက်ရောရောနဲ့ လှူဒါန်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ဘုရားတည်၊ကျောင်းဆောက်ကာ ဘုရားတ ကာ ကျောင်းတကာတစ်ယောက် အဖြစ်နဲ့လည်း သာသနာအကျိုးပြုနေတာပဲ ဖြစ်ပါတယ်။

 

ဧပြီလ(၁၀)ရက်နေ့မှာတော့ အင်မတန်စိတ်မကောင်းဖြစ်စရာကောင်းတဲ့ အဖြစ်အပျက်လေးတစ်ခုနဲ့ ကြုံတွေ့ခဲ့ တဲ့အကြောင်းလေးကို သူရဲ့ လူမူကွန်ယက်မှာရေးသားခဲ့ပါတယ်။အကြောင်းကတော့ ရှေ့ဆက်ပြီး သာသနာပြု လုပ်ငန်းတွေလုပ်မယ့် ငွေတွေအလိမ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ အလိမ်ခံလိုက်ရတဲ့ငွေသားစုစုပေါင်း (၁၀) သိန်း ဖြစ်တယ်လို့သိရပါတယ်။

 

ငွေလိမ်သွားတဲ့ သူကတော့ သထုံမြို့ကလူတစ်ဦးဖြစ်ပြီး အဆိုပါလူရဲ့ ဓာတ်ပုံနဲ့ နာမည်ကိုလည်းဒိန်းဒေါင်ရဲ့ လူမှုကွန်ယက်မှာရေးသားဖော်ပြခဲ့ပါတယ်။ သာသနာပြုမယ့် ငွေတွေဖြစ်တာကြောင့် ပရိသတ်တွေတော်တော် ကိုစိတ်မကောင်းဖြစ်နေရပါတယ်။

 

 

သထုံမြို့ကသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပရိသတ်တွေကိုလည်း လူမှုကွန် ယက်ကနေတဆင့် မေတ္တာရပ်ခံအကူညီ တောင်းခံလိုက်တာပဲ ဖြစ်ပါတယ်။ပရိသတ်တွေလည်းကူညီတဲ့ အနေနဲ့ Share ပေးကြပါအုန်းနော်။

သတင်းအရင်းအမြစ် – ဒိန်းဒေါင်

credit – myanmarload

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment