love

ယောက်ျားလေးတွေ အသဲယား တဲ့ မိန်းကလေးတွေရဲ့ အမူအရာ(၆)မျိုး

တစ်ခါတစ်လေ မိန်းကလေးတွေ မထင်မှတ်ပဲလုပ်တတ်တဲ့အရာတွေကို ယောက်ျားလေးတွေက စိတ်ထဲကနေ ကျိတ်ပြီး အသဲယားနေတာရှိတတ်ပါတယ်။ တစ်ခါတစ်လေ ချစ်စရာကောင်းလွန်းလို့မျက်လုံးထဲက မထွက်တာမျိုး ရှိတတ်ပါတယ်။ တစ်ခါတစ်လေ အဲ့ဒီလို အမူအရာလေးတစ်ချက်ကြောင့် ချစ်တဲ့စိတ်တောင် ဖြစ်ပေါ်သွားနိုင်ပါတယ်။ လွန်လှချည်လားလို့ တော့မပြောပါနဲ့။ အဲ့ဒါတကယ်ပါ။ သင့်ရဲ့ နှုတ်ခမ်းကိုက်တာလေး တစ်ချက်ကြောင့် ယောက်ျားလေး တစ်ယောက် အအိပ်တောင် ပျက်သွားတတ်ပါတယ်။ ဘယ်လို အမူအရာလေးတွေကို ယောက်ျားလေးတွေ အသဲယားတတ်လဲကြည့်ရအောင်။

(၁) ရနံ့သင်းသင်းလေးတွေ

မိန်းကလေးတွေ သုံးတတ်တဲ့ ရေမွှေးနံ့သင်းသင်းလေးတွေဟာ ယောက်ျားလေးတွေကို အသဲယားစေပါတယ်။ ခေါင်းလျှော်ရည်နံ့လည်း အလားတူပါပဲ။ အနံ့ပြင်းပြင်းကြီးတွေမဟုတ်ပဲခပ်သင်းသင်းလေးနဲ့ဆိုရင် တစ်နေ့လုံးတောင် အဲ့ဒီ အနံ့ လေး ရနေတတ်ပါတယ်။ တစ်ညလုံးလည်း အဲ့ဒီရနံ့လေးရရင်း သင့်အကြောင်းတွေးနေဖို့ များပါတယ်။ ယောက်ျားလေး တွေဟာ သူတို့ကိုယ်တိုင် သိပ်ပြီး အမွှေးအကြိုင်သုံးလေ့မရှိတဲ့အတွက် မိန်းကလေး တစ်ယောက်ယောက်ဆီက ဆွဲဆောင် မှုရှိတဲ့ အနံ့သင်းသင်းသင်းလေးတွေကို ပိုပြီး သတိထားမိလေ့ရှိကြပါတယ်။

(၂) မျက်လုံးမှိတ်တာလေး

အချို့မိန်းကလေးတွေက ကျင့်များ ကျင့်ထားသလားအောက်မေ့ရအောင် မျက်လုံးအဖွင့်အပိတ်လုပ်တာ လှလွန်းတတ် ပါတယ်။ အဲ့ဒီလို အမူအရာလေးကြောင့်လည်း ယောက်ျားလေးတွေ အသဲယားတတ်ကြပါတယ်။ ဘာမှ မဟုတ်တဲ့ အမူအရာ လေးလို့ မိန်းကလေးတွေက ထင်ကောင်းထင်နိုင်ပေမယ့် ယောက်ျားလေးတွေအတွက်တော့ စွဲမက်ဖွယ် အမူအရာလေး ဖြစ်နေတတ်ပါတယ်။

(၃) နှုတ်ခမ်းကိုကိုက်တာ၊ လျှာနဲ့သပ်တာ

တစ်ခါတစ်လေ အချို့မိန်းကလေးတွေ စကားပြောခါနီး မသိမသာလေး နှုတ်ခမ်းလေးကိုကိုက်တာမျိုး၊ လျှာလေးနဲ့သပ်တာ မျိုးဟာ ယောက်ျားလေး တစ်ယေက်ကို အိပ်ရေးတောင် ပျက်သွားစေနိုင်ပါတယ်။ အဲ့ဒီပုံစံလေးကို စွဲလမ်းလွန်းလို့ အိမ်မက်ထဲတောင် မက်ချင်မက်ပါလိမ့်မယ်။

(၄) ဆံပင်လေးတွေ ရမ်းတဲ့အခါ

ဆံပင်လေးတွေကို ကိုင်ပြီး သိမ်းတင်တာပဲဖြစ်ဖြစ်၊ ဆံပင်လေးတွေကို ရမ်းခါတာပဲ ဖြစ်ဖြစ် အဲ့ဒီလိုအမူအရာလေးတွေဟာ ယောက်ျားလေးတွေရဲ့ ရင်ကို တဖြုတ်ဖြုတ်ကြွေစေပါတယ်။ ဒါ့ကြောင့် သီချင်းတွေထဲမှာတောင် ဆံနွယ်လေးတွေအကြောင်း တင်စားကြတာဖြစ်ပါတယ်။

(၅) ပြောင်စပ်စပ်လုပ်နေတာလေး

တစ်ခါတစ်လေ ပြောင်စပ်စပ်လုပ်နေတာလေးကလည်း အသဲယားစရာကောင်းလွန်းတတ်ပါတယ်။ ရယ်စရာမကောင်းပဲ အရမ်းကို ချစ်စရာကောင်းနေတတ်ပါတယ်။ ကိုယ့်ရဲ့ ဘယ်လို ပြောင်စပ်စပ်အမူအရာက အချစ်ဆုံးလဲဆိုတော့ မှန်ထဲ ကြည့်ကြည့်ပေါ့နော်။ သင်ပေးစရာမလိုလောက်အောင် မိန်းကလေးတွေ သိတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း Facebook ပေါ်တင်တဲ့အခါ ပြောင်စပ်စပ်လေးတွေ လုပ်ပြီး တင်ကြတာဖြစ်ပါတယ်။

(၆) ရှက်သွေးလေးတွေ ဖြာတဲ့အခါ

တစ်ချို့တွေက ရှက်သွားရင် အရမ်းကြီးချစ်ဖို့ကောင်းတာပါ။ ရှက်တာတစ်ခုပဲ သူ့မှာ အာရုံစိုက်နေတဲ့အခါ ပါးလေးတွေနီပြီး အရမ်းကို ချစ်စရာကောင်းနေတတ်ပါတယ်။

Credit to Original Uploader

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected]com ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment