News

ရည်းစားမှ “နင့်ဟာကသေးလိုက်တာ” လို့ပြောတဲ့အတွက် ကိုယ့်ဟာကိုယ်ဖြတ်ပစ်လိုက်တဲ့ကောလိပ်ကျောင်းသား

သူတို့နှစ်ယောက်ပြတ်သွားခဲ့တယ်တဲ့ ။

Guangzhou မှကောလိပ်ကျောင်းသားတစ်ယောက်ဟာ သူ့ရည်းစားနဲ့ စကားများပြီးနောက်မှာ သူ့ဟာသူဖြတ်ပစ်လိုက်တယ်လို့ကြားရပါတယ် ။
ဒီကောလဟာလကတော့ WeChat မှာ ကောလိပ်ကျောင်းသားတစ်ယောက်ရဲ့ပုံတွေ ပျံ့သွားပြီးတဲ့နောက်မှာထွက်ပေါ်လာတာပါ ။
ဓါတ်ပုံတွေထဲမှာတော့ ဘောင်းဘီမပါတဲ့ ကောလိပ်ကျောင်းသားတစ်ယောက် ရဲကခြေထောက်မှာသွေးတွေစီးကျနေတာကိုတွေ့ရပါတယ် ။

Guangdong Peizheng ကောလိပ်မှသတင်းတွေအရတော့သူရဲ့ကောင်မလေးက သေးလွန်းတယ်လို့ပြောတာကြောင့်
သူ့အင်္ဂါကိုသူဖြတ်ပစ်လိုက်တယ်လို့သိရပါတယ် ။
နေ့လည် ၂ နာရီလောက်မှာ သူ့ကိုယ်သူဒဏ်ရာရအောင်လုပ်လိုက်ကြောင်း ကောလိပ်ကအတည်ပြုပြောကြားပါတယ် ။
ဒီအကြောင်းကို သိသိချင်းမှာပဲ ကောလိပ်က သူ့ကို ဆေးရုံကိုဆေးရုံကိုလိုက်ပို့ပေးခဲ့ပါတယ် ။

အခုတွေ့ရတဲ့ပုံကတော့ ခြေထောက်မှာသွေးတွေစီးကျနေတဲ့ ကောလိပ်ကျောင်းသားပါပဲ ။ ဘယ်နားထိခိုက်သွားလဲဆိုတာတော့ မမြင်ရပါဘူး  ။ ကောလဟာလတွေအရတော့ သူ့ကောင်မလေးက သေးလွန်းတယ်လို့ပြောတဲ့အတွက်ကြောင့် သူ့ဟာသူဖြတ်ပစ်လိုက်တာပါတဲ့ ။

“ဒီကျောင်းသားဟာ အရက်မူးနေတာမျိုးမရှိပါဘူး သူဟာ ပုံမှန်အတိုင်းပဲရှိနေခဲ့ပါတယ် ။
ဒါပေမယ့်လည်း သူ့ခြေထောက်ကြားမှာဘာကြောင့်သွေးတွေစီးနေရလဲဆိုတဲ့အချက်ကိုတော့ ကောလိပ်ကလည်းသေချာမသိပါဘူး” လို့ Medium မှာရေးသားထားပါတယ် ။

ပြီးတော့ ဘယ်နေရာဒဏ်ရာရထားလဲဆိုတာကိုလည်း သေချာမမြင်ရပါဘူး ။
ကျောင်းသားကိုကြည့်ရတာကလည်းအေးဆေးပဲ..ဘာဒဏ်ရာမှမရထားသလိုပဲ ။
ကောလဟာလတွေကတော့ သူနဲ့သူ့ကောင်မလေးပြတ်သွားလို့ပါတဲ့ ။
သူ့ကောင်မလေးက သူ့ဟာကိုသေးတယ်လို့ပြောပြီး သူ့ကိုထားခဲ့တဲ့အတွက်သူ့ပစ္စည်းကိုသူဖြတ်ထုတ်ပစ်လိုက်တာပါတဲ့ ။
ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ထပ်မံဝေမျှခြင်းမပြုအောင် ကျောင်းသားတွေကို ကောလိပ်က တောင်းဆိုထားပါတယ် ။
ထို့အပြင် ဒီကိစ္စနဲ့ပတ်သတ်ပြီးကောလဟာလတွေဖြန့်ဝေတာမျိုးမလုပ်အောင်လည်း ကျောင်းသားတွေကို တိုက်တွန်းထားပါတယ် ။
ဒါပေမယ့်လည်း အတင်းအဖျင်းတွေ ကောလဟာလတွေကတော့ ပျောက်ပျက်မသွားပါဘူး ။
ကောလိပ်ကတော့ ကောလဟာလတွေကိုမဟုတ်မမှန်တဲ့သတင်းတွေအဖြစ် အပုတ်ချထားပါတယ် ။

Writer – Min Thu (Daily Hot News)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment