Knowledge

ထူးဆန်းစွာ ပျောက်ဆုံးနေတဲ့ ဒဏ္ဍာရီထဲက မြို့တော် ( ၅ ) ခု

စွန့်စားခန်းဇာတ်လမ်းတွေကိုသဘောမကျတဲ့သူရှိလား ။
အင်ဒီယာနာဂျုန်းကိုမကြိုက်တဲ့သူများတွေ့ဖူးလား ။
တစ်နေ့မှာ အက်တလန်းတစ်မြို့ကြီးကိုရှာတွေ့မယ်ဆိုရင်အရမ်းမိုက်မယ်မထင်ဘူးလား ။

အက်တလန်းတစ်မြို့ကြီးအပြင် ဆန်းကြယ်စွာ ပျောက်ဆုံးသွားတဲ့ အက်တလန်းတစ်လိုလှပတဲ့မြို့တော်ကြီးတွေရှိပါသေးတယ် ။ အခုဖော်ပြမှာကတော့ ရှာဖွေသူတွေနှစ်ပေါင်းစွာကြာအောင် ရှာကြပေမယ့်လည်း ရှာမတွေ့တဲ့ ဆန်းကြယ်စွာပျောက်ဆုံးနေတဲ့မြို့တော်ကြီး ၅ ခုပါပဲ ။

1.The Lost City of Z

၁၉၂၅ ခုနှစ် ဧပရယ်လမှာ ဒီမြို့တော်အကြောင်းကို Percy Fawcett ဆိုတဲ့ ဗြိတိန်စွန့်စားရှာဖွေသူတစ်ယောက်ကဖော်ပြခဲ့တာပါ ။
ဘရာဇီးက Mato Crosso တောအုပ်ထဲမှာတည်ရှိတာဖြစ်ပြီးတော့ Fawcett က ဒီမြို့တော်ကို Z လို့နာမည်ပေးခဲ့ပါတယ် ။
Fawcett ဟာ သူ့ရဲ့စွန့်စားတဲ့ခရီးကနေဘယ်တော့မှအိမ်ပြန်မရောက်လာခဲ့တော့ပါဘူး ။
သူအခိုင်အမာယူဆထားတဲ့ ဒီ ဘရာဇီးတောအုပ်ထဲက ပျောက်ဆုံးနေတဲ့မြို့တော်ကိုရှာဖွေဖို့အတွက် Rio de Janeiro စာကြည့်တိုက်က စာမူ ၅၁၂ ကိုဖတ်ရှုခဲ့ပါတယ် ။
စာမူ ၅၀၁ ဟာ ပေါ်တူဂီစွန့်စားသွားလာသူတစ်ယောက်က ၁၇၅၃ ခုနှစ်မှာ ရေးသားထားခဲ့တဲ့စာတမ်းဖြစ်ပြီးတော့ Mato Grosso အပိုင်းမှာသူရှာတွေ့ခဲ့တဲ့
နံရံအမြင့်ကြီးတွေနဲ့ပိတ်ထားတဲ့ ဂရိရှေးဟောင်းမြို့တစ်ခုအကြောင်းဖြစ်ပါတယ် ။
Lost City of Z ကို Fawcett ရှာဖွေဖို့ထွက်သွားခဲ့တာ ပထမဆုံးအကြိမ်မဟုတ်ပေမယ့်လည်း ဒီတစ်ခေါက်ကတော့ တကယ်ရှာတွေ့သွားခဲ့ပြီလားတော့မသိဘူး ။
ယနေ့ထက်တိုင် Lost City of Z ဟာတကယ်ရှိလားမရှိဘူးလားဆိုတာကို အငြင်းပွားနေကြတုန်းပါပဲ ။

2.Shambala

ရှမ်းဘဲလားကလည်း အစွမ်းအပြည့်နဲ့မြို့တော်တစ်ခုပါပဲ ။
ရှန်ဂရလီလာလို့လည်းခေါ်တဲ့ ရှမ်းဘဲလား ဟာ ဟင်ဒီ နဲ့ တိဘတ်ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ အရေးပါတဲ့နေရာတစ်ခုပါပဲ ။
ဒီမြို့တော်ကြီးကိုအရွယ်အစားတူညီတဲ့နှင်းတောင်ကြီး ၈ ခုက ပိတ်ကွယ်ထားတာဖြစ်ကြောင်း ဒဏ္ဍာရီတွေထဲမှာရေးသားထားတယ် ။
ရှမ်းဘဲလားမြို့တော်ရဲ့အလည်ဗဟိုမှာ နန်းတော်ကြီးတစ်ခုရှိပြီး သူတို့ရဲ့ဘုရင် Kalapa နေထိုင်တဲ့နေရာဖြစ်ပါတယ် ။
ဟင်ဒီစာတွေမှာတော့ ရှမ်းဘဲလားကို Kalki ရဲ့ မွေးရပ်မြေအဖြစ်ရေးသားထားကြပါတယ် ။

3.Aztlan

အမေရိကတိုက်အတွင်းမှာတည်ရှိတဲ့ ရှေးခေတ်လူမျိုးတွေနေထိုင်ကြတဲ့ ဒီဒဏ္ဍာရီထဲက မြို့တော်ကိုဘယ်တော့မှရှာမတွေ့ကြပါဘူး ။
Aztlan ဟာ အမေရိကတိုက်ရဲ့ အက်တလန်းတစ်မြို့တော်ပါပဲ ။
တစ်ချို့ပညာရှင်တွေက ဒီမြို့တော်ဟာ ကျွန်တော်တို့ရှာဖွေနေတဲ့ အက်တလန်းတစ်ဖြစ်နိုင်တယ်လို့တောင်ပြောကြတယ် ။
Aztlan ဟာ Aztecs လူမျိုးတွေရဲ့ မြို့တော်ဖြစ်ပြီးတော့ သူတို့ဟာ Mexico မြို့က ကြီးကျယ်တဲ့အဆောက်အအုံတွေကို ဆောက်လုပ်ခဲ့တဲ့လူမျိုးတွေပဲဖြစ်တယ် ။
သီအိုရီတွေအရတော့ ဒီမြို့တော်ဟာ မြောက်အမေရိကမှာလို့ပြောကြပြီးတော့ အခုချိန်ထိ တည်ရှိနေတုန်းဖြစ်တယ်လို့ ယူဆထားကြတယ် ။
Aztlan ဆိုတာကတော့ “မြောက်ပိုင်းရဲ့နယ်မြေ” ဒါမှမဟုတ် “အဖြူရောင်နယ်မြေ” လို့အဓိပ္ပါယ်ရပြီး အခုချိန်ထိတော့ရှာမတွေ့သေးတဲ့မြို့တော်တစ်ခုပါပဲ ။

4.ပျောက်ဆုံးနေသောရွှေမြို့တော်ကြီး

El Dorado အကြောင်းကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ ။
ဒီမြို့တော်ဟာ ရွှေသားတွေနဲ့ဆောက်လုပ်ထားတာဖြစ်ပြီးတော့ တောင်အမေရိက နယ်မြေထဲမှာတည်ရှိတာဖြစ်တယ် ။
ဒဏ္ဍာရီအရတော့ ဒီမြို့ကိုအုပ်ချုပ်ခဲ့တဲ့သူဟာမနက်မှာရွှေတွေနဲ့ရေချိုးပြီးတော့ ညမှာတော့ Guatavita ဆိုတဲ့ ရတနာတွေ မြုပ်နှံထားတဲ့
ရေကန်မှာရေချိုးတယ်လို့သိရတယ် ။
၁၅၁၄ ခုနှစ်မျာ Francisco de Orellana ဆိုတဲ့ ဥရောပသား စူးစမ်းရှာဖွေသူတစ်ယောက်ဟာ အမေဇုန်မြစ်ကိုဖြတ်ပြီးတော့ ရွှေမြို့တော်ကိုရှာဖွေဖို့
ထွက်သွားခဲ့ဖူးတယ် ။
ဆာ Walter Releigh က လည်း ၁၅၉၄ ခုနှစ်မှာရွှေမြို့တော်ကိုရှာဖွေဖို့နှစ်ကြိမ်ထွက်သွားခဲ့ပေမယ့်လည်း နှစ်ကြိမ်လုံးမအောင်မြင်ခဲ့ပါဘူး ။
အက်တလန်းတစ်နဲ့ Aztlan လိုပဲ ဒီမြို့တော်ကိုအခုချိန်ထိရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး ။
လူတော်တော်များများကတော့ ဒါကို ဒဏ္ဍာရီတစ်ပုဒ်လိုပဲသဘောထားကြပါတယ် ။

5.Camelot

ကမ်းမလော့ဆိုတာကတော့ ဘုရင်အာသာ စစ်ပွဲတွေအမြောက်အများတိုက်ခိုက်အောင်မြင်ခဲ့တဲ့
ခံတပ်ကြီးနဲ့ပြည်ထောင်ကြီးကိုခေါ်တွင်တဲ့အမည်ပါပဲ ။
တခြားပျောက်ဆုံးနေတဲ့မြို့တော်တွေလိုပဲ ကမ်းမလော့ ပြည်ထောင်ရဲ့ တည်နေရာဟာလည်း ထူးဆန်းစွာပျောက်ဆုံးနေပါတယ် ။
ပညာရှင်တွေကတော့ ကမ်းမလော့ဆိုတာဟာ ယုံတမ်းတစ်ခုသာဖြစ်ပြီးတော့ တကယ်မရှိကြောင်းငြင်းခုန်နေကြပါတယ် ။
ဒီပုံပြင်တွေဟာ ဂရိတ်ဗြိတိန်နိုင်ငံမှာပေါ်ထွက်လာခဲ့တာဖြစ်ပြီးတော့ ပုံပြင်တွေထဲမှာ တကယ်ရှိတဲ့မြို့တွေပါဝင်ပေမယ့်လည်း
ကမ်းမလော့ရဲ့တည်နေရာကိုတော့ အတိအကျဖော်ပြထားတာမျိုးမရှိပါဘူး ။
၁၁၇၀ ခုနှစ်မှာ ပြင်သစ်စိတ်ကူးယဉ်စာရေးဆရာတစ်ယောက်က သူ့ရဲ့ Chretien ကဗျာတစ်ပုဒ်ဖြစ်တဲ့
“Lancelot , Teh Knight of the Cart” ဆိုတဲ့ကဗျာမှာ ပထမဆုံးအကြိမ်ရေးသားဖော်ပြထားခဲ့တာဖြစ်တယ် ။
ဒါပေမယ့်လည်း ကမ်းမလော့ပြည်ကြီးရှိနေကြောင်း အခြားသက်သေအထောက်အထားတွေတော့မတွေ့ရပါဘူး ။
ကမ်းမလော့ပြည်ကြီး တကယ်ရှိနေတယ်ဆိုရင်တော့ ဒီပြည်ထောင်ကြီးဟာ အရမ်းကိုရှေးကျလွန်းတဲ့နေရာကြီးတစ်ခုပဲဖြစ်ပါလိမ့်မယ် ။

Writer – Min Thu (Daily Hot News)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment