News

အသက်၂၀ မှာ ပြစ်မှု ၁၀၀ ကျော်ကျူးလွန်ခဲ့ပြီးဖြစ်တဲ့ ကမ္ဘာ့ Sexy အကျဆုံး အပြစ်သား

ကနေဒါနိုင်ငံရဲ့ အွန်လိုင်းမှာနာမည်ကျော် ဆက်စီအကျဆုံးမိန်းကလေး အပြစ်သား စတက်ဖက်နီ ဘိုဒိုအင် ကိုပြီးခဲ့တဲ့လကပြစ်မှုပေါင်း ၁၁၀ ကျော် နဲ့ ဖမ်းဆီးလိုက်တာကြောင့် သူမကိုပိုပြီးနာမည်ကျော်သွားခဲ့ပါတယ်။ အ သက်ကလေး၂၀ ကို စွန်းရုံမျှရှိသေးကာ ပြစ်မှုကတစ်ရာကျော်ရှိတာကြောင့် နာမည်ဆိုးနေတဲ့အတွက် ပတ်ဝန်းကျင်မှာ စောင့်ကြည့်နေခြင်းခံရသူဖြစ်ပါ တယ်။

ပြီးခဲ့တဲ့လကမှ နေအိမ် ၄၇ လုံးကို ကျူးကျော်ဝင်ရောက်မှုဖြင့် ကနေဒါနိုင်ငံ ဗစ်တိုရီဗယ်လီ တရားရုံးကနေ ဖမ်းဆီးမိန့်ချကာ ဖမ်းဝရမ်းထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ တွစ်တာနဲ့ အွန်လိုင်းစာမျက်နှာ ပြစ်မှုတွေနဲ့အမြဲသတင်းကြီးနေ တဲ့ အသက်ငယ်ငယ် အလန်းစားမိန်းကလေးတစ်ယောက်ရဲ့ ဒီလို အကျဉ်း ကျမယ်ဆိုတာကို သတင်းဂျာနယ်တွေမှာ သူမရဲ့ဘီကီနီပုံနဲ့တွဲပြီးဖော်ပြထား တာကြောင့် စာဖတ်ပရိတ်သတ်တွေအတွက် တအံ့တသြဖြစ်ခဲ့ရပါတယ်။

အာဏာပိုင်တွေရဲ့ဖော်ပြချက်အရ သူမက အသက် ၁၃နှစ်၊ ၁၅၊၁၇ နှစ်တို့ မှာ အသက်ပိုင်းခြားကန့်သတ်ထားတဲ့ ၀င်ခွင့်ရနယ်မြေ အက်သာဘာစကာ နဲ့မက်ပယ် စတဲ့နယ်ပယ်တွေမှာ တရားမ၀င်ဝင်ရောက် အလုပ်လုပ်ကိုင်ခဲ့ ဖူးတဲ့ပြစ်မှုမှတ်တမ်းတွေရှိခဲ့ပါတယ်။

ဒါ့အပြင် သူမရဲ့ တကယ့်အကြီး မား ဆုံးပြစ်မှုဖြစ်တဲ့ တရားမ၀င်လက်နက်ကိုင်ဆောင်မှုပါတဲ့။အမြဲလိုလို ရဲတပ် ဖွဲ့ဝင်တွေက မသင်္ကာမှုနဲ့စောင့်ကြည့် ရှာဖွေနေခိုက်မှာပဲကိုင်ဆောင်ခွင့် တားမြစ်ထားတဲ့ လက်နက် ၉ လက်ကိုထပ်ပြီး ရှာဖွေတွေ့ရှိသွားတာပဲဖြစ် ပါတယ်။

ဘိုအိုအင်ကို အမိန့်ချမယ့်တရားရုံးတော်က သူမရဲ့ဖိုင်ထူထူပြစ်မှုတွေနေ အိမ်ဖောက်ထွင်းဝင်ရောက်မှု၊ တန်ဖိုးကြီးပစ္စည်းများခိုးယူမှု၊ တားမြစ်နယ်မြေ ၀င်ရောက်မှု၊ တရားမ၀င်လက်နက်ကိုင် ဆောင်မှုစတဲ့ အမှုပေါင်းများစွာကို အမိန့်ချနိုင်ဖို့အတွက် တရားခွင်စစ်ဆေးရေးအမှုစစ်တွေ၊ရှေ့နေ၊တရားလို ရှေ့နေ၊ရုံးစာရေးတို့က ခေါင်းချင်းဆိုင် ဆုံးဖြတ်ရမယ့်အခြေအနေကြောင့် နိုဝင်ဘာ ၁၇ ရက်နေ့မှ အတည်ပြုအမိန့်ချဖို့ရက်သတ်မှတ်ထားပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment