News

မရပ်မနား ဖုန်းဂိမ်းဆော့ခဲ့တာကြောင့် မျက်စိကန်းရရှာတဲ့ တရုတ်နိုင်ငံသူလေး

တရုတ်နိုင်ငံ၊ Dongguan မြို့က ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူ အသက် ၂၁နှစ်အရွယ် အမျိုးသမီးလေးဟာ တစ်နေ့လုံး ဖုန်းထဲက ဂိမ်းတွေကို မရပ်မနားဆော့တာကြောင့် ညာဘက်မျက်လုံးကန်းသွားခဲ့ရပါတယ်။

ဒီတရုတ်အမျိုးသမီးငယ်လေးဟာ အောက်တိုဘာ ၂ရက်နေ့မှာ မျက်လုံးထဲက ထူးဆန်းတဲ့ခံစားမှုကို ခံစားရပြီး ဆေးရုံကို အရေးပေါ်ရောက်လာခဲ့ပါတယ်။

နောက်တော့မှ သူမမှာ သက်ကြီးအရွယ်တွေမှာသာ တွေ့ရလေ့ရှိတဲ့ Retinal Artery Occlusion (RAO) လို့ခေါ်တဲ့ မျက်စိရောဂါတစ်မျိုးဖြစနေကြောင်းနဲ့ ထာဝရအမြင်အာရုံဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ကြောင်း သိခဲ့ရပါတယ်။

အဲဒီနေ့မတိုင်ခင် အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံရဲ့ အားလပ်ရက်ဖြစ်တာကြောင့် “King of Glory” ဆိုတဲ့ အွန်လိုင်းဂိမ်းကို အတူတူကစားဖို့ သူငယ်ချင်းတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။

သူမဟာ ဒီဂိမ်းကို အရမ်းစွဲလမ်းနေပြီး တစ်နေ့ကို ၇နာရီ ၈နာရီလောက် ဆော့လေ့ရှိကြောင်း ပြောခဲ့ပါတယ်။ တစ်ခါတလေဆိုရင် လုံးဝမအိပ်ပဲနဲ့တောင် ဒီဂိမ်းကိုဆော့တယ်လို့ ပြောပါတယ်။

အဲဒီနေ့ညနေခင်း ညနေစာစားပြီးလို့ ဖုန်းကိုကိုင်လိုက်ချိန်မှာ သူမရဲ့ ညာဘက်မျက်လုံးထဲမှာ ထူးခြားတဲ့ ခံစားမှုတစ်ခုကို စတင်သတိပြုမိခဲ့ပါတယ်။ အဲဒီည တစ်ညလုံး ကြောက်ကြောက်လန့်လန့်နဲ့ ငိုနေခဲ့ပြီး နောက်တစ်နေ့မနက်လင်းတာနဲ့ ဆေးရုံကို သွားခဲ့ပါတယ်။

သူမကို ကုသပေးနေတဲ့ ဆရာဝန်တွေကတော့ ဖုန်းတွေ၊ ကွန်ပျူတာတွေကို အလွန်အကျွံအသုံးပြုတာကြောင့် မျက်စိက ဒဏ်ပိသွားတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

သူမဟာ မနက် ၆နာရီလောက်ဆိုရင် မနက်စာစားပြီးတာနဲ့ ဂိမ်းကို တန်းဆော့ပါတယ်။ မနက်ကနေ ညနေ ၄ နာရီလောက်ထိ ဆက်တိုက်ဆော့လေ့ရှိတယ်လို့လည်း သိရပါတယ်။ ညနေ ၄နာရီလောက်မှာ ခဏနားပြီး အွန်လိုင်းကနေ ပြိုင်ရတဲ့ arena game ကို ည ၁ နာရီ၊ ၂နာရီလောက်ထိ ဆက်တိုက်ထိုင်ဆော့တတ်ပါတယ်။

“တစ်ခါတလေဆိုရင် ဂိမ်းဆော့ရင်းနဲ့ အချိန်တွေကိုတောင် မေ့သွားတတ်တယ်။ အဖေနဲ့အမေက ထမင်းလာစားဖို့ခေါ်တာတောင်မှ မစားခဲ့ဘူး” လို့ သူမက ပြောခဲ့ပါတယ်။
ပြီးတော့ သူမဂိမ်းကစားတဲ့အခါ မိဘနှစ်ပါးပြောလေ့ရှိတဲ့ “ဂိမ်းဆော့တာ လျှော့ဦး။ မျက်စိကန်းလိမ့်မယ်” ဆိုတဲ့ စကားသံတွေကို ပြန်ကြားမိတယ်လို့လည်း ပြောပါတယ်။

“အခု ကျွန်မ ကြောက်သွားပါပြီ။ မိဘစကားနားမထောင်လို့လည်း နောင်တတွေရနေပါပြီ” လို့ လည်း ပြောခဲ့ပါသေးတယ်။

credit –

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment