Local Celebrity

ချစ်သူနဲ့အတူ ရေပက်ခံထွက်နေတဲ့ နန်းဆု

နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းဆုရတီစိုးတစ်ယောက် ဒီကနေ့ မဟာ သင်္ကြန် အကြတ်နေ့မှာ သူမရဲ့ချစ်ရသူတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်ရေပက်ခံထွက်နေတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိတ်သတ်တွေရဲ့အားပေးချစ်ခင် မှုကို အပြည့်အ၀ရရှိ ထားသူလေးတစ်ဦးလည်းဖြစ်ပါတယ်။ နန်းဆုလေးတစ်ယောက် ဒီနေ့မှာ အပြတ်ကဲတော့မယ့်ပုံရိပ်လေး တွေကိုမ​နေ့က သင်္ကြန်​အကျ​နေ့မှာ အားရပါးရကဲပီးပြီ ဒီ​နေ့ထပ်​ကဲမယ်ဆိုပြီးတင်ထားတာ ဖြစ်ပါတယ်။

 

သူမရဲ့ချစ်သူ အဆိုတော် G-Fatt နဲ့အတူ သူမရဲ့တူလေးနှစ်ယောက်ပါအပါ ပျော်ရွှင်စရာ ပုံရိပ်လေး တွေကို Facebook မှာတင်ထားတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သူမတို့ချစ်သူနှစ်ဦးရဲ့ ကတောက်ကဆတစ်ချို့ကြောင့် ၀မ်းနည်းစရာစာလေးတင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ သူမတို့ချစ်သူ နှစ်ဦးပုံကို Cover Photo အဖြစ် ပြန်လည်ပြောင်းလဲခဲ့ပါ တယ်။ ရန်ဖြစ်ပြီးရင် ပြန်ချစ်တတ်တဲ့ ချစ်သူတွေရဲ့ ပျော်စရာသဘောသဘာဝလေးကို ပေါ်လွင်စေပါတယ်။

 

 

ပျော်ရွှင်စရာပုံရိပ်လေးတွေနဲ့ သူမတို့ရဲ့ ရေပက်ခံထွက်တော့မယ့် အလန်းစားဖက်ရှင်နဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေက တကယ်ကိုကြည်နူးစရာကောင်းလွန်းပါတယ် ပရိတ်သတ်ကြီး ရေ။ ပျော်ရွှင်ဖွယ်ရာ ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

credit – MyanmarLoad .com

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment