Knowledge

ကြောက်စရာကောင်းလွန်းတဲ့ ဇာပနအခမ်းအနား ( ၁၀ ) ခု

သင်ဟာဘယ်လိုလူမျိုးပဲဖြစ်နေပါစေ ..သေမင်းကတော့ သင့်ကိုချမ်းသာပေးမှာမဟုတ်ဘူး ။
ဒါပေမယ့်လည်း သေတဲ့အခါမှာ ဘယ်လိုမျိုးဇာပနအခန်းအနားလုပ်ချင်လဲဆိုတာတော့ သင်ဆုံးဖြတ်လို့ရပါသေးတယ် ။
အခုဖော်ပြမှာကတော့ ကြောက်စရာအကောင်းဆုံး ဇာပနအခန်းအနား ၁၀ မျိုးပါပဲ….. ။

၁. Sati စနစ်…

အတူရှင် အတူသေမယ် ဆိုတဲ့စနစ်ပေါ့ ။
ဒီရိုးရာဟာအမျိုးသမီးတွေအတွက်ပဲ အကျုံးဝင်တာဖြစ်တယ် ။ Sati စနစ်ကိုတော့ အိန္ဒိယမှာကျင့်သုံးခဲ့တာပဲဖြစ်တယ် ။
အမျိုးသားသေတဲ့အခါမှာ သူ့အလောင်းကိုရှို့နေတဲ့မီးထဲကိုအမျိုးသမီးကိုပါဝင်စေပြီး အရှင်လတ်လတ်မီးရှို့ပစ်တာပဲဖြစ်တယ် ။ နောက်ပိုင်းမှာတော့ စနစ်သစ်ပြန်လည်ထူထောင်သူတွေရဲ့ ကြိုးစားမှုကြောင့် ဒီစနစ်ကိုဖျက်သိမ်းခဲ့တယ် ။

၂. Norse အသုဘ

ဗိုက်ကင်းဇာပနလို့လည်းခေါ်တဲ့ ဒီအခန်းအနားကို ဒိန်းမတ် ၊ ဆွီဒင် ၊ နော်ဝေးနဲ့ Scandinavia တို့မှာကျင့်သုံးတာဖြစ်တယ် ။
လှေတစ်စီးပေါ်မှာ သေဆုံးသွားတဲ့သူရဲ့အဆင့်အတန်းပေါ်မူတည်ပြီးတော့ အဆင်တန်ဆာတွေထည့်ပေးပြီး ကျွန်တွေကိုပါထည့်ပေးလိုက်တာပဲဖြစ်တယ် ။ ၁၀ ရာစုနှစ်ရဲ့ ဆွီဒင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Ahmad Lbn Fadlan ကို ဒီနည်းလမ်းအတိုင်း သဂြိုလ်ခဲ့တာဖြစ်တယ် ။

ခေါင်းဆောင်ကို ခေတ္တဂူသွင်းထားပြီး အဝတ်အစားအသစ်တွေချုပ်လုပ်နေတဲ့အချိန်မှာ သူ့ရဲ့ကျွန်မ တစ်ယောက်ကိုရွေးချယ်ရတယ် ။
ဒီကျွန်မဟာ အဆိပ်ခပ်ခံရပြီးတော့ ရွာထဲမှာရှိတဲ့ ယောက်ျားအားလုံးနဲ့လိင်ဆက်ဆံရပါတယ် ။
ဒီနောက်မှာတော့ သူ့ကိုကြိုးတစ်ချောင်းနဲ့ လေထဲမှာဆွဲထားပြီး ရွာသူကြီးက သူ့ကိုဓါးနဲ့ထိုးသတ်ပါတယ် ။
ဒီကျွန်မ ရဲ့အလောင်းကိုတော့ သူရဲ့သခင်ရဲ့လှေနဲ့အတူထည့်ပေးလိုက်တာပဲဖြစ်တယ် ။
ဘယ်လိုငရဲမျိုးလဲမသိပါဘူး… ။

၃. လက်ဖြတ်တဲ့ ရိုးရာ…

New Guinea က Dani လူမျိုးတွေကျင့်သုံးတဲ့ရိုးရာပါပဲ ။
သေသွားတဲ့လူနဲ့ပတ်သတ်တဲ့မိန်းမနဲ့ကလေးတွေက ပူဆွေးကြောင်းပြဖို့အတွက် သူတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပေးလှူရတယ် ။
အင်း..ကြောက်စရာကောင်းတဲ့ဓလေ့က ဒီလောက်နဲ့မရပ်သေးပါဘူး ။
လက်ကိုကြိုးနဲ့ချည်ပြီးတော့ ပုဆိန်နဲ့ခုတ်ဖြတ်ပစ်လိုက်တာထက် လန့်စရာကောင်းတာရှိဦးမလား ။
ပြတ်သွားတဲ့အပိုင်းကိုတော့ အခြောက်ခံပြီးနောက်မီးရှို့ကာရလာတဲ့ပြာကို သီးသန့်နေရာတစ်ခုမှာသိမ်းဆည်းထားပါတယ် ။

၎. Famadihana

ကြောက်စရာအကောင်းဆုံး ဇာပနလို့တောင်ပြောလို့ရတယ် ။
မီဒါဂတ်စကာမှာ ကျင့်သုံးတဲ့ဓလေ့တစ်ခုပါ ။
လူသေကိုပြန်ဖော်ပြီး အဝတ်အစားတွေဝတ်ဆင်ပေးပြီးတော့ သေဆုံးသွားတဲ့သူအတွက် အရက်တွေ အကတွေနဲ့ ပါတီပေးတာဖြစ်တယ် ။
ဒီပွဲကိုတော့ ၇ နှစ်တစ်ကြိမ်ကျင်းပတာဖြစ်ပါတယ် ။
လူသေတောင် အေးအေးဆေးဆေး မနားရပါလား.. ။.

၅. Ifugao Ritual

လူသေရဲ့လက်တွေခြေတွေကို ခုံမှာချည်နှောင်ထားပြီး ထိုင်နေတဲ့အနေအထားဖြစ်အောင်ပြုလုပ်ထားတယ် ။
ဒီပုံစံအတိုင်း ၈ ရက်လောက် ပုပ်ဆွေးသွားတဲ့အထိ ထားထားပါတယ် ။
ဆွေမျိုးတွေကတော့ ဒီလူသေဘေးမှာ ဝမ်းနည်းပူဆွေးငိုကြွေးကြပြီးတော့ မကြာခင်မှာပဲ အရက်တွေသောက်စားမူးယစ်ပြီးပါတီလုပ်ကြပါတော့တယ် ။
လူသေကိုတော့ သူ့အသုဘကို သူမမြင်အောင်လို့ မျက်လုံးကိုအဝတ်နဲ့ကာထားပေးပါတယ်တဲ့.. ။

၆. Tibetan Buddhist Sky Burial

အလောင်းကို တောင်ကုန်းတောင်တန်းပေါ်မှာနေထိုင်တဲ့ဘုန်းတော်ကြီးတွေဆီကို ယူဆောင်သွားပြီး လှူဒါန်းမှုပြုလုပ်ပါတယ် ။
တကယ်တော့ အလောင်းကို တစ်စစီလုပ်လိုက်ပြီးတော့ ငှက်တွေကိုကျွေးတာဖြစ်ပြီး အရိုးတွေကိုတော့ ပြန်ယူသွားလို့ရပါတယ် ။
သူတို့ဟာ ဒီခန္ဓာကိုယ်ကြီးဟာ ဝိညာဉ်အတွက် အခွံတစ်ခုလို့ပဲယူဆထားတာဖြစ်တယ် ။
ဒီတော့ တွယ်တာမနေနဲ့…ဖြတ်ပြီးတော့ငှက်တွေကိုသာကျွေးလိုက်တော့ ။

၇. Endocannibalism

သေသူရဲ့အသားကိုစားတဲာ့..
ဒီဓလေ့ကိုတော့ ကမ္ဘာတစ်ဝှမ်းမှာကျင့်သုံးခဲ့ကြောင်းတွေ့ရတယ် ။
အိန္ဒိယမြောက်ပိုင်းက Aghoris တွေဟာ ဆိုရင် သေသူရဲ့အသားကိုစားကြတယ် ။
ပီရူးက Amahuaca အင်ဒီယန်းတွေဟာ သေသူရဲ့အရိုးပြာကို ပြောင်းမှုန့်ရောပြီးတော့ သောက်သုံးကြတယ် ။
Yonomami ဆိုတဲ့ လူမျိုးစုကတော့ အရိုးပြာတွေကို အသီးတွေနဲ့ရောပြီးစားသုံးကြတယ် ။
ပြာတွေပါဆိုမှ အရသာဘယ်ရှိမှာလဲ ။

၈. Sokushinbutsu

၁၈၀၀ ပြည့်နှစ်လောက်က ဂျပန်က ဘုန်းကြီးတွေကျင့်သုံးခဲ့ဓလေ့တစ်ခုပါပဲ ။
ကိုယ့်ကိုယ်ကို နှစ်နှစ်ထောင်လောက် ကြာအောင်မပျက်ဆီးနိုင်တဲ့မံမီတစ်ခုအဖြစ် ပြင်ဆင်ရတယ် ။
ပြီးရင်တော့ ကျောက်တုံးခန်းလေးတစ်ခုအတွင်းမှာထိုင်နေရုံပါပဲ ။
ဘုန်းကြီးဟာ အသက်ကုန်သွားတဲ့အထိ ဒီနေရာလေးမှာပဲထိုင်နေရတယ် ။
ဆိုးရွားတဲ့သေခြင်းဟာ ဥာဏ်အလင်းပွင့်စေတယ်လို့သူတို့ကယူဆပေမယ့် ဘာဥာဏ်အလင်းပွင့်သွားလဲဆိုတာတော့
ဆန်းကြယ်မှုတစ်ခုအဖြစ်တည်ရှိနေပါသေးတယ် ။
ဒီမံမီဘုန်းကြီးတွေကိုပဲသွားမေးရင်ကောင်းမလား ။

၉. Mortuary Totem Poles

အထက်တန်းစားလူတွေအတွက်ပါပဲ ။
အလောင်းကို တင်းပုပ်တွေနဲ့ချေမွှပြီးတော့ သစ်သားအခေါင်းထဲမှာထည့်ထားပြီး အခေါင်းကို Totem ရုပ်ထုရဲ့အပေါ်ဆုံးအဆင့်မှာ ထည့်ထားပြီး ။
ရုပ်ထုကိုတော့အိမ်ရှေ့မှာထောင်ထားလေ့ရှိတယ် ။

ဒီအမှတ်အသားတွေဟာ သေသူရဲ့ဝိညာဉ်ကိုတမလွန်ဘဝမှာလမ်းပြပေးနိုင်မယ်လို့သူတို့ကယုံ ။ကြည်ကြတယ် ။
အင်း..သေတဲ့အခါ လမ်းမပျောက်ဖို့အတွက်ချမ်းသာဖို့တော့လိုတာပေါ့နော်…

၁၀. Space Burial

ဒီနေရာမှာလည်းပိုက်ဆံက စကားပြောတာပဲ ။
ဘယ်နေရာမှာ မြှုပ်နှံစေချင်လဲ…လပေါ်မှာလား..ဒါမှမဟုတ် တခြားအာကာသထဲကနေရာတစ်ခုမှာလား ။
၆၉၅ ဒေါ်လာ ကနေပြီးတော့ ဒေါ်လာ ၆သောင်းအထိ အခကြေးငွေယူပြီးတော့ဆောင်ရွက်ပေးနေတဲ့ ဝန်ဆောင်မှုဆားဗစ်တွေရှိပါတယ် ။
NASA အပြင် Celestis ဆိုတဲ့ ကုမ္ပဏ္ဍီတစ်ခုကလည်း အာကာသမှာမြုပ်နှံတဲ့ဝန်ဆောင်မှုပေးပါသေးတယ် ။
အာကသယာဉ်မှူးတွေမဟုတ်ပဲ အာကာသမှာ အဆုံးသတ်သွားချင်တဲ့သူတွေရဲ့ အိမ်မက်တွေတကယ်ဖြစ်လာတာပေါ့ ။

ဆန်းကြယ်မှုတွေကတော့ အတိုင်းအဆမဲ့ပါပဲ…

Writer – Min Thu (Daily Hot News)

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment