Entertainment International Celebrity

ဆယ်လီတွေ အနေခက်စရာဖြစ်သွားတဲ့ အခိုက်အတန့် များ

ကော်ဇောနီပေါ်မှာ ဝတ်စုံတက်နင်းပြီးချော်လဲတာတို့ ၊ လမ်းလျောက်ရင်းခြေချော်သွားတာတို့ဆိုတာ တစ်ချိန်လုံးဖြစ်နေတာပဲ ။ ဒီဖြစ်ရပ်တွေကိုကျွန်တော်တို့ စိတ်ထဲထည့်တောင်မထားမိကြပါဘူး ။
ဒါပေမယ့်လည်းအခုဖော်ပြမယ့် ဆယ်လီတွေရဲ့အဖြစ်လေးတွေကတော့ တကယ်ကိုသတိပြုစရာ နဲ့ ရှက်စရာကောင်းတဲ့အခိုက်အတန့်လေးတွေပဲဖြစ်ပါတယ် ။

၁. Tonight အစီအစဉ်မှာ Jimmy Fallon နဲ့ Jimmy Kimmel ကို ရောနေတဲ့ Emma Watson

သူပြောတာမှားသွားလို့ဖြစ်သွားတဲ့မျက်နှာကိုကြည့်လိုက်ဦး ။
တကယ်တမ်းသူပြောချင်တာက I Told My Kids I Ate Their Halloween Candy ကားထဲက Jimmy Kimmel ကို သဘောကျတာဖြစ်ကြောင်းဆိုပေမယ့်
တကယ်တမ်းရှိုးပွဲမှာ သူပြောမိသွားတာက Jimmy Fallon ကိုသဘောကျတယ်လို့ပြောလိုက်တာပဲဖြစ်တယ် ။

၂. Julianne Moore ကတော့ ဒေါက်ဖိနပ်တွေရဲ့ဒဏ်ကို နားလည်သွားပြီ

ကော်ဇောနီပေါ်မှာ သူတို့လုပ်နေကြတာတွေဟာ တကယ့်ကို စိတ်ရှုပ်စရာတွေပါပဲ ။
ဆယ်လီတစ်ယောက်ဖြစ်ရတာမလွယ်သလို အခုလိုရူးသွပ်မှုတွေကို လိုက်လုပ်ဖို့လည်းမလွယ်ပါဘူး ။

၃. Despacito စာသားမေ့သွားတဲ့ Justin Bieber

Justin Bieber စာသားမေ့တဲ့အချိန်တွေများစွာရှိခဲ့ဖူးပါတယ် ။
ကျွန်တော်တို့သူ့ကိုသဘောကျတယ်ဆိုပေမယ့်လည်း သူက တစ်နည်းနည်းနဲ့ သူ့အပေါ်လေးစားမှုကိုဖျက်ဆီးနေတာပဲ ။
သူစာသားမေ့သွားတဲ့အခါမှာ ပရိတ်သတ်တွေက သူ့ပါးစပ်ကိုကြည့်တဲ့အခါ ဝါးချနေတာကိုတွေ့ရတယ် ။

၎. Victor’s Secret Angel မော်ဒယ်တစ်ယောက် လျောက်လမ်းပေါ်မှာ ဝင်တိုက်သွားခဲ့တဲ့ Arina Grande

လျောက်လမ်းပေါ်မှာပဲပေးပြီးလျောက်လာတဲ့ Ariana ကို ကိုယ်ဟန်မထိန်းနိုင်တော့တဲ့မော်ဒယ်တစ်ယောက်ကဝင်တိုက်ခဲ့ပါတယ် ။
အခုလိုမျိုးဖြစ်ရပ်တွေမကြာခနဆိုသလိုဖြစ်နေကြပါပဲ ။

၅. Lorax Premiere မှာ ကွန်ဒုံးပြုတ်ကျခဲ့တဲ့ Zac Efron

ဆယ်လီတစ်ယောက်အတွက် ဒီကိစ္စလောက်ရုပ်ဆိုးတာရှိဦးမလား ။
ဒါပေမယ့်လည်း သူက ဒါကိုဟာသဖြစ်ရပ်တစ်ခုအဖြစ်ပြောင်းလိုက်နိုင်ခဲ့တယ် ။

၆. Christina Aguilera ခြေထောက်မှ သွေးစီးကြောင်း

သူတော့ဘယ်လောက်တောင်ရှက်သွားမလဲမသိဘူး ။
နောက်ပိုင်းမှာတော့ ဒါဟာ အသားညိုစေတဲ့စပရေးဘူးမှ အရည်ဖြစ်ကြောင်း မီဒီယာတွေမှပြောကြားခဲ့ပါတယ် ။

၇. အော်စကာဆုပေးပွဲမှာ La La Land နဲ့ Moonlight ဇာတ်ကားမှားသွားတဲ့အခိုက်အတန့်

ဆုပေးပွဲမှာ ကိုယ့်နာမည်ခေါ်ပြီးမှ မှားသွားလို့ပါဆိုပြီးပြောတဲ့အခိုက်အတန့်ထက် အနေထက်စရာကောင်းတဲ့အချိန်အခါမျိုးမရှိတော့ပါဘူး ။
စင်ပေါ်ကိုတက်သွားပြီးဆုယူတဲ့အချိန်မှာ လူမှားသွားလို့ပါလို့အပြောခံလိုက်ရတာဟာ အဆိုးဆုံးအနေအထားပါပဲ ။

၈. ပန်ကာထဲဆံပင်ညပ်သွားတဲ့ Beyonce

အခုလိုမျိုး ဖြစ်သွားပြီဆိုရင်တော့ ဖျော်ဖြေသူတွေမှာရွေးစရာနှစ်လမ်းပဲရှိတယ် ။
ဆက်ဖျော်ဖြေမလား ရပ်တန့်မလားဆိုတာပဲ ။
သူကတော့ ဆက်ဖျော်ဖြေဖို့ကိုရွေးချယ်ခဲ့တယ်…ဘာကြောင့်လဲဆိုတော့ သူက Beyonce လေ ။

၉. ကိတ်မုန့်ထဲပြုတ်ကျသွားတဲ့ Katy Perry

စင်ပေါ်မှာဖျော်ဖြေနေတုန်းကိတ်မုန့်ထဲလဲကျသွားပြီးတော့ ပြန်တောင်မထနိုင်တော့ပါဘူးတဲ့ ။
တခြားကောင်မလေးတွေလိုပဲ သူလည်း ဂရုမစိုက်တတ်ပဲနေမိလို့လားမသိ… ။
ဒါပေမယ့်လည်း မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ဆင်မြန်းထားနိုင်ခဲ့ပါတယ် ။

၁၀. အော်စကာဆုသွားယူတုန်းချော်လဲသွားတဲ့ Jennifer Lawrence

သူကတော့ ခနခနဖြစ်နေကြပဲ ။
ဒီဝတ်စုံရှည်တွေက လမ်းလျောက်ရခက်တယ်ဆိုတာ ကျွန်တော်တို့လည်းသိပြီးသားပဲ ။
ဒါပေမယ့်လည်း အခမ်းနားဆုံးဆုကြီးကိုတက်ယူတဲ့အချိန်မှာ လှေကားမှာချော်လဲသွားတဲ့အခါမှာတော့ မျက်စိတွေအားလုံးသူ့ဆီကိုရောက်လာပါတော့တယ် ။

၁၁. Ashley Simpson ရဲ့ စကားလုံးတွေဝါးချတဲ့ပုံစံ

ကျွန်တော်တို့တွေ ဘာပြောရမှန်းမသိတဲ့အခြေအနေတစ်ခုကနေလွတ်မြောက်ဖို့အတွက်သူကလမ်းစပေးလိုက်တာပဲ ။
စကားသံကို အိုင်းရစ်သံဝဲဝဲနဲ့ရောချလိုက်တာဟာ ဘာမှန်းမသိတော့ပဲ ဘယ်သူမှလည်းသတိမထားမိတဲ့စကားလုံးဖြစ်သွားပါတယ် ။

၁၂. ၂၀၁၅ Brit ဆုပေးပွဲမှာ စင်ပေါ်က ပြုတ်ကျခဲ့တဲ့ မက်ဒေါနား

ရှက်စရာကောင်းတဲ့အပြင် အတော်လည်းနာကျင်သွားမှာပါ ။
ကြားရမြင်ရတဲ့သူတွေအတွက်လည်း စိတ်မကောင်းစရာအခိုက်အတန့်တစ်ခုပါပဲ ။

Writer – Min Thu [Daily Hot News]

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment