Uncategorized

ချစ်သူကောင်လေးကလှည့်ဖျားသွားလို့ အပျိုစင်ဘဝကို လေလံရောင်းချခဲ့တဲ့မိန်းကလေး

ချစ်သူရဲ့လိမ်လည်ဖောက်ပြားခြင်းကို ခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အပျိုစင်ဘဝကို အမြင့်ဆုံးလေလံကြေးနဲ့ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဘေလေးဂစ် ဆန်ဆိုသူ မိန်းကလေးဟာ သူမရဲ့ချစ်သူနဲ့ လက်ထပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင် ပြီးတော့ လိမ်လည်လှည့်ဖျားနေတဲ့ ချစ်သူကို စွန့်ပစ်ခဲ့လိုက်ပါတယ်။

သူမရဲ့နောက်ကွယ်မှာ ဖောက်ပြန်သစ္စာမဲ့နေတဲ့ ချစ်သူကောင်လေးနဲ့ လမ်းခွဲပြီးနောက်မှာတော့ သူမဟာ အပျိုစင်ဘဝကို အမြင့်ဆုံးလေလံကြေးနဲ့ ရောင်းချဖို့ စီစဉ်ခဲ့ပြီးတော့ ချစ်သူကို လက်စား ချေချင်ခဲ့တယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ အဆိုပါမိန်းကလေး မစ္စဂစ်ဆန်ဟာ  သူမကို အမြင့်ဆုံးကြေးပေးပြီးတော့ အပျိုဘဝကို ဝယ်ယူမယ့် ငွေကြေးနဲ့ သူမရဲ့ဘဝကို အကောင်း ဆုံးနဲ့ အဆင်ပြေဆုံးတည်ဆောက်သွားဖို့အတွက် ဆန္ဒတွေရှိနေတယ်လို့လည်း ပြောပြခဲ့ပါတယ်။

“ လူတွေကတော့ ကျွန်မကို ကဲ့ရဲ့ပြစ်တင်ကြမှာပါပဲ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ကျွန်မအဆင်ပြေပါ တယ်။ ဘာလို့ဆို ကျွန်မခန္ဓာကိုယ်နဲ့ ကျွန်မကိုး။ ကျွန်မဘဝအတွက်လည်း အကောင်းဆုံးဆိုတဲ့အရာ တွေ လိုချင်သေးလို့ ဒီလိုရွေးချယ်လိုက်တာပါ” လို့ ဆိုပါတယ်။

ဂစ်ဆန်က ချစ်သူကောင်လေးနဲ့ လက်ထပ်ဖို့အထိ ရည်ရွယ်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ ချစ်သူများနေ့မှာပဲ ချစ်သူ ကောင်လေးရဲ့ လိမ်ညာလှည့်စားမှုတွေသိသွားခဲ့လို့ စိတ်ထိခိုက်၊ စိတ်ပျက်မှုတွေ ကြုံတွေ့ခံစား ခဲ့ရသလို နောက်ထပ်လည်း အကျိုးမရှိတဲ့ပေးဆပ်မှုတွေနဲ့ အချိန်ကုန်မခံချင်တော့ဘူးဆိုတာကြောင့် သူမရဲ့ အပျိုစင်ဘဝကို ရောင်းချကာ ပိုကောင်းတဲ့ဘဝအဖြစ် ရွေးချယ်တည်ဆောက်သွားချင်ကြောင်း ပြောကြားခဲ့ပါတယ်။

မေ(ရွှေအင်းလေး)

( ဒီသတင်းကို Takhon ၏ မိတ်ဖက် Shweinnlay အွန်လိုင်းမီဒီယာမှ ကူးယူဖော်ပြပါသည် )

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment