Entertainment International Celebrity

၂၀၁၇ ခုနှစ်မှာ ပြိုကွဲခဲ့တဲ့ ကိုရီးယားကေပေါ့ပ်အဖွဲ့များ . .

၁) miss A

JYP Entertainment မှ Jia နှင့် Min လမ်းခွဲပြီးနောက် miss A အဖွဲ့ဖျက်သိမ်းကြောင်း အေဂျင်စီက တရားဝင်ကြေညာခဲ့ပါတယ်။ အဲ့ဒီအစား Fei နှင့် Suzy က တစ်ကိုယ်တော်အစီအစဉ်နှင့် သရုပ်ဆောင်အလုပ်ကို ဆက်လက်လုပ်ကိုင်လျက် ရှိပါတယ်။

၂) Wonder Girls

JYP Entertainment မှ Sunmi နှင့် Yeeun ထွက်ခွာပြီးနောက် အဖွဲ့ဖျက်သိမ်းကြောင်း ဇန်နဝါရီလမှာ ကြေညာခဲ့ပါတယ်။ တရားဝင်မပြိုကွဲခင်မှာ နောက်ဆုံးသီချင်းဖြစ်တဲ့ “Draw Me” ကို ထုတ်ခဲ့ပါတယ်။

၃) I.O.I

တစ်နှစ်တာစီမံကိန်းအဖွဲ့အဖြစ် အောင်မြင်ခဲ့မှုရရှိပြီးနောက် I.O.I အဖွဲ့ဟာ တရားဝင်ဖျက်သိမ်းခဲ့ပါတယ်။ Wonder Girls အဖွဲ့လိုပဲ နှုတ်ဆက်သီချင်း ထွက်ရှိခဲ့ပါသေးတယ်။

၎) SISTAR

စာချုပ်ပြည့်ပြီးနောက် အဖွဲ့ဝင်များက အဖွဲ့ဖျက်သိမ်းဖို့ တူညီစွာဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

၅) SPICA

ငါးနှစ်ကြာ အတူတကွ အခက်အခဲကျော်ဖြတ်ခဲ့ပြီးနောက် Spica အဖွဲ့ ဖျက်သိမ်းကြောင်း ဖေဖော်ဝါရီလက တရားဝင်ကြေညာခဲ့ပါတယ်။

၆) History

အဖွဲ့ဝင်တစ်ဦးချင်းစီကို တစ်ကိုယ်တော် ပွဲထုတ်ဖို့ FAVE Entertainment က ဆုံးဖြတ်ခဲ့ပါတယ်။

၇) I.B.I

I.O.I အဖွဲ့လိုပဲ ရေတိုစီမံကိန်းအဖြစ် ပြီးစီးပြီးနောက် အဖွဲ့ဖျက်သိမ်းခဲ့ပါတယ်။

၈) Chocolat

၂၀၁၃ ခုနှစ်ထဲက လှုပ်ရှားမှုတွေမရှိခဲ့ပေမဲ့ ဖေဖော်ဝါရီလကမှ စာချုပ်ပြည့်ခဲ့တာဖြစ်ပါတယ်။

၉) D. Holic

Rena ကလွဲလို့ အဖွဲ့ဝင်အားလုံး ထွက်ခွာသွားကြရာမှ အဖွဲ့ပြိုကွဲခြင်းကို ဦးတည်ခဲ့တာဖြစ်ပါတယ်။

၁၀) The Legend

မေလတွင် အဖွဲ့ကကုမ္ပဏီကို တရားစွဲဆိုမှုအနိုင်ရရှိပြီးနောက် တရားဝင်အဖွဲ့ဖျက်သိမ်းခဲ့ပါတယ်။

၁၁) Unicorn

အဖွဲ့ဝင် Rumi က သူမရဲ့အင်စတာဂရမ်အကောင့်ကတစ်ဆင့် အဖွဲ့ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

၁၂) VX

VX ယောကျာ်းလေးအဖွဲ့ဟာ နိုဝင်ဘာလက တရားဝင် ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

( ဒီသတင်းကို Takhon ၏ မိတ်ဖက် Shweinnlay အွန်လိုင်းမီဒီယာမှ ကူးယူဖော်ပြပါသည် )

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment