International Celebrity

ကိုယ်ဝန်ရှိသွားလို့ လက်ထပ်ရတော့မယ့် K-Pop စုံတွဲ

FT Island အဖွဲ့ဝင် Choi Minhwa နှင့် LABOUM အဖွဲ့ဝင်ဟောင်း ယူဟီးတို့ဟာ မကြာခင်မှာ လက်ထပ်တော့မယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ပြည့်ပြည့်စုံစုံပြောရလျှင်တော့ ယူဟီးမှာ ကိုယ်ဝန်ရသွားတာကြောင့်ပါပဲ။

 

 

မင်ဟွာ ရဲ့ ပြောပြချက်အရ သူတို့နှစ်ယောက် လက်ထပ်ဖို့ကို ပြီးခဲ့တဲ့ နှစ်ကတည်းက ပြင်ဆင်နေခဲ့တယ်လို့လည်း သိရှိခဲ့ရပါတယ်။ မင်္ဂလာပွဲအတွက် သေချာပြင်ဆင်ရင်းမှာပင် မိန်းကလေးမှာ ပထမဆုံး ကိုယ်ဝန်ကို ရရှိသွားခဲ့ခြင်း ဖြစ်ပါတယ်။

ယူဟီးဟာ ၂၀၁၇ နိုဝင်ဘာ ၃ရက်နေ့မှာ LABOUM အဖွဲ့မှ တရားဝင် နှုတ်ထွက်ခဲ့ပါတယ်။သူတို့နှစ်ယောက် တွဲနေတဲ့အကြောင်းကိုလည်း သိပ်မကြာခင်ကမှ ဖော်ထုတ်ပြောဆိုခဲ့တာပါ။သူမတို့အဖွဲ့ရဲ့ တာဝန်ရှိသူတွေကတော့ သူမကိုယ်ဝန်ရှိခြင်း ကိစ္စနှင့်ပတ်သက်ပြီး ဘာမှမသိရှိခဲ့သလို ဒီသတင်း မှန်၊မမှန်ဆိုတာလည်း မသိရပါဘူးလို့ ဆိုပါတယ် ။

FT Island အဖွဲ့ရဲ့ အေဂျင်စီကတော့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာကိစ္စကို အတည်ပြုခဲ့ပြီး မင်္ဂလာပွဲပြီးလျှင်လည်း FT Island အနေဖြင့် သီချင်းတွေ ဆက်လက်လုပ်ဆောင်သွားဦးမှာပါလို့ ဆိုပါတယ်။

CHAN (ရွှေအင်းလေး)

( ဒီသတင်းကို Takhon ၏ မိတ်ဖက် Shweinnlay အွန်လိုင်းမီဒီယာမှ ကူးယူဖော်ပြပါသည် )

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment