Entertainment International Celebrity

အမြင်မတင့်တယ်တဲ့ကကွက်နဲ့ အဝတ်အစားတွေကြောင့် ပိတ်ပင်တားမြစ်ခံလိုက်ရတဲ့ Rookie Girl Group

သူတိုအဖွဲ့ဟာ sexy ဆန်ဆန် အမြင်ရိုင်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြီး ဖျော်ဖြေကပြခဲ့တဲ့ ဗီဒီယိုတွေကို public သို့ ထုတ်လွှင့်ခဲ့တာကြောင့် ပိတ်ပင်ခြင်း ခံလိုက်ရပါပြီ။

၂၀၁၃ ခုနှစ်တုန်းကလည်း Rookie Girl Group မှ”Naked Girl” အမည်ဖြင့် သူတို့ရဲ့ ပထမဆုံး ပွဲဦးထွက် concept ကို အခုလိုပဲ sexy ကျတဲ့ ကကွက်တွေနဲ့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ထိုအခါတုန်းကလည်း ဝတ်ဆင်မှုနဲ့ ရိုင်းစိုင်းတဲ့ကကွက်တွေကြောင့် များစွာသော အဆိုးမြင်ကွန်မန့်တွေကို အချိန်တိုအတွင်းမှာ ရရှိခဲ့ပါတယ်။ထိုပွဲမှာ သေးငယ်ကျပ်ထုပ်ပီး အသားရောင်ရှိတဲ့အဝတ်အစားတွေကို ဝတ်ဆင်ဖျော်ဖြေခဲ့တာကြောင့် ရုတ်တရက်ကြည့်လျှင် အဝတ်အစားမပါဘဲ ဖျော်ဖြေနေသလို ဖြစ်နေပါတယ်။သူတို့ရဲ့ ဝတ်စားဆင်ယင်မှုကြောင့် ရုပ်သံလိုင်းတွေမှ ထုတ်လွှင့်ပေးဖို့ရာ အခက်အခဲရှိသဖြင့် ရုပ်သံလိုင်းတွေဟာ သူတို့နှင့် အလုပ်လုပ်ဖို့ကို ငြင်းဆန်ခဲ့ရပါတယ်။

 

သို့သော်လည်း သူတို့တွေဟာ Naked Girl အမည်ဖြင့် ဓါတ်ပုံတွေနှင့် promotion video တွေကို ဆက်လက်ရိုက်ကူးနေခဲ့ပါတယ်။မိန်းကလေး၃ယောက် ပါဝင်ဖွဲ့စည်းထားပြီး သူတို့ဟာ ရင်သားကို အသားပေးဖော်ပြတတ်ပြီး ဖျော်ဖြေတင်ဆက်ပုံတွေက sexy ဆန်တဲ့ဘက်ကိုသာ သွားပါတယ်။

သူတို့ဟာ ဘယ်လိုပင် ပွဲထွက်ဖို့ ကြိုးစားသော်လည်း သူတို့ရဲ့ ဖျော်ဖြေတင်ဆက်ပုံတွေဟာ ထုတ်လွှင့်ပြသဖို့အတွက် အဆင်မပြေတာကြောင့် ပိတ်ပင်တားမြစ်ခြင်းကို ခံရပြီး နောက်ဆုံးမှာတော့ ရပ်ဆဲသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

CHAN(ရွှေအင်းလေး)

( ဒီသတင်းကို Takhon ၏ မိတ်ဖက် Shweinnlay အွန်လိုင်းမီဒီယာမှ ကူးယူဖော်ပြပါသည် )

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment