Knowledge

ကမ္ဘာတစ်ဝန်းက သေကြောင်းကြံစည်မှုအများဆုံး အထင်ကရနေရာများ

သေကြောင်းကြံစည်ကြသူ အများစုကတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များနဲ့ စိတ်ဓာတ်ကျမှုကြောင့် မိမိကိုယ်ကိုအဆုံးစီရင်ပြီး ဘဝကို အရှုံးပေးလိုက်ကြသူတွေပါ။ ကြုံလာတဲ့ ပြဿနာကို ဒီလိုနည်းနဲ့ ဖြေရှင်းတာက အဖန်ငါးရာ့ငါးကမ္ဘာဝဋ်ဆင်းရဲ ဒုက္ခကို ခံစားရမှာ မလွဲဧကန်ပါပဲ။ အခုဖော်ပြပေးချင်တာက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သေကြောင်းကြံစည်မှု အများဆုံးနေရာတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

(၁)  ဂျပန်နိုင်ငံ Mihara တောင်

ဂျပန်နိုင်ငံမှာရှိတဲ့ Mihara တောင်ကနေ မိမိကိုယ်ကိုယ်အဆုံးစီရင်ကြသူတွေ အလွန်များပြားတယ်လို့ သိရပါတယ်။ တောင်ရဲ့ အမြင့်ပေ ၂၂၀၀ကနေ ခုန်ချပြီး အဆုံးစီရင်မှုတွေက ၁၉၂၀ဝန်းကျင်လောက်ကတည်းက အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။

(၂) တရုတ်နိုင်ငံ Nanjing Yangtze မြစ်တံတား

တရုတ်ပြည်မှာ လူသေမှုအများဆုံးနေရာလို့ ဆိုနိုင်ပါတယ်။ မိမိကိုယ်ကိုသေကြောင်းကြံစည်သူတွေက တံတားအမြင့်ကနေ မြစ်ထဲကို ခုံချပြီး အဆုံးစီရင်တာဆိုရင် ဒီနေ့အထိ လူပေါင်း ၂၀၀၀ဝန်ုးကျင်လောက် ရှိသွားပြီလို့ မှတ်တမ်းတွေအရ သိရပါတယ်။

(၃) အမေရိကန်နိုင်ငံ၊ Golden Gate တံတား

ဒီတံတားကိုတော့ ဟောလိဝုဒ်ဇာတ်ကား ကြိုက်တဲ့သူ တော်တော်များများ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီလိုအထင်အက တံတားကနေပြီးတော့လည်း လူပေါင်း ၁၂၀၀ လောက်က မိမိကိုယ်ကိုအဆုံးစီရင်မှု ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ တံတားအမြင့် ၂၄၅ပေအမြင့်ကနေ အေးစက်တဲ့ရေထဲ ခုန်ချပြီး အဆုံးစီရင်ကြတာပါ။

(၄) Niagara ရေတံခွန်

ကနေဒါနဲ့ အမေရိကန် ကြားမှာတည်ရှိတဲ့ Niagara ရေတံခွန်ကလည်း လူသေဆုံးမှု အများဆုံး နေရာလို့ ဆိုရပါမယ်။ ၁၈၅၀ ခုနှစ်ကနေပြီးတော့ ၂၀၁၁ ခုနှစ်အတွင်းမှာ ဒီရေတံခွန်ထဲခုန်ချပြီး မိမိကိုယ်ကိုအဆုံးစီရင်သူပေါင်း ၅၀၀၀ခန့် ရှိသွားပြီလို့ သိရပါတယ်။

(၅) ပြင်သစ်နိုင်ငံ၊ အီဖယ်မျှော်စင်

ကမ္ဘာ့အထင်ကရနေရာလည်းဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်နိုင်တဲ့ အလှပဆုံးသော နေရာလို့ ဆိုနိုင်ပါတယ်။ အီဖယ်မျှော်စင်ကို လုံခြုံစိတ်ချမှုရှိစေဖို့အတွက် တိကျသေချာတဲ့ ဆောက်လုပ်မှုပုံစံတွေနဲ့ ဖန်တီးထားပေမယ့် လူအတော်များများကတော့ ၁၀၆၃ပေရှိတဲ့ အီဖယ်မျှော်စင်ကနေ ခုန်ချပြီး မိမိကိုယ်ကို သေကြောင်းကြံစည်နေကြတုန်းပဲလို့ သိရပါတယ်။

နန်း(ရွှေအင်းလေး)

( ဒီသတင်းကို Takhon ၏ မိတ်ဖက် Shweinnlay အွန်လိုင်းမီဒီယာမှ ကူးယူဖော်ပြပါသည် )

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment