Tech News

Nokia 6 2018 ကို HMD Global မိတ်ဆက်

HMD Global အနေနဲ့ ဒုတိယမျိုးဆက် Nokia 6(2018) စမတ်ဖုန်းအသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ ယခင်မျိုးဆက်ထက် ပိုမိုစွမ်းရည်မြင့်မားတဲ့ Chipset တပ်ဆင်ထားပေမယ့် အခြား အစိတ်အပိုင်း အများစုမှာ မူလ Nokia 6 နဲ့ တူညီကြပါတယ်။ အဓိက ပြောင်းလဲမှုတစ်ခုက မော်ဒယ်အသစ်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။

Nokia 6 အသစ်မှာ ၅.၅ လက်မ IPS LCD Full HD Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 16:9 ဖြစ်ပါတယ်။ Qualcomm Snapdragon 630 Chipset မောင်းနှင်မှာ ဖြစ်ပြီး 2.2GHz Octa-Core CPU တပ်ဆင်ထားပါတယ်။ 4GB RAM ပါပါတယ်။ စကရင်ကို Corning Gorilla Glass 3 ဖြင့် ကာကွယ်ထားပါတယ်။

Android 7.1 Nougat မောင်းနှင်မှာ ဖြစ်ပြီး 8.0 Oreo အဆင့်မြှင့်ပေးမှာ ဖြစ်ပါတယ်။ ဒေတာ ကူးပြောင်းဖို့နဲ့ အားသွင်းဖို့အတွက် USB-C Port ပါပါတယ်။ ဒါပေမယ့် ကင်မရာများကတော့ ယခင်မျိုးဆက်နဲ့ တူညီကြပါတယ်။ အနောက်ဘက်မှာ 16MP ကင်မရာနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ များ ပါပါတယ်။

32GB နဲ့ 64GB Storage များ ထုတ်လုပ်ပေးထားပြီး microSD Card စိုက်နိုင်ပါတယ်။ စပီကာနဲ့ 3.5mm နားကြပ်ပေါက်တပ်ဆင်ထားပါတယ်။ အနက်နဲ့ ငွေရောင်များ ထုတ်လုပ်ပေးထားပြီး 32GB ကို ၂၃၀ ဒေါ်လာနဲ့ 64GB ကို ၂၆၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ယခုလ ၁၀ ရက်နေ့မှာ ရောင်းချမှာပါ။

kk(shweinnlay)

( ဒီသတင်းကို Takhon ၏ မိတ်ဖက် Shweinnlay အွန်လိုင်းမီဒီယာမှ ကူးယူဖော်ပြပါသည် )

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment