Tech News

Samsung က Exynos 9810 Chipset ကို ကြေညာ

ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီ Samsung မှ ဥာဏ်ရည်တု နည်းပညာနဲ့  Multimedia Content များကို ကိုင်တွယ်နိုင်တဲ့ စွမ်းဆောင်ရည်မြင့် Series 9 Exynos 9810 Chipset ကို ကြေညာလိုက်ပါတယ်။ Exynos 9810 ဟာ နိုင်ငံအချို့မှာ ရောင်းချမယ့် Galaxy S9 နဲ့ Galaxy S9+ များမှာ ထည့်သွင်းထားမှာပါ။

Samsung ရဲ့ဒုတိယမျိုးဆက် 10nm FinFET Process အပေါ်မှာ အခြေခံ ဖန်တီးထားပြီး Core ၈ လုံးပါတဲ့ CPU ထည့်သွင်းထားပါတယ်။ သူ့မှာ 1.2Gbps LTE Modem ထည့်သွင်းထားတဲ့အတွက် 6x Carrier Aggregation ကို ထောက်ပံ့ပါတယ်။ အဲဒီအတွက် Download Speed အနေဖြင့် 1.2Gbps နဲ့ Upload Speed အနေဖြင့် 200 Megabits အထိ ထောက်ပံ့နိုင်ပါတယ်။

ဂရပ်ဖစ် စွမ်းဆောင်ရည်ဟာလည်း နောက်ဆုံးထုတ် ARM Mali-G72 GPU ကြောင့် တိုးတက်လာပါတယ်။ ယခင်မျိုးဆက်များထက် စွမ်းဆောင်ရည်ဟာ ၂၀ ရာခိုင်နှုန်း ပိုမို ကောင်းမွန်လာပြီး စွမ်းအင်စားသုံးမှု ပိုမို နည်းပါးလာပါတယ်။ ဗီဒီယိုအပိုင်းမှာ 10-bit HEVC (High Efficiency Video Coding) နဲ့ VP9 Codecs များကို ထောက်ပံ့ပါတယ်။

Exynos 9810 မှာ UHD Resolution အထိ ဓါတ်ပုံနဲ့ ဗီဒီယိုများအတွက် အဆင့်မြင့် Stabilization ကို ထောက်ပံ့တဲ့ Dual-ISP ပါလာပါတယ်။ သူဟာ ကင်မရာ လေးလုံးကိုလည်း ကိုင်တွယ်ပေးနိုင်ပါတယ်။ လာမယ့်တစ်ပတ်မှာ ကျင်းပမယ့် CES ပွဲမှာ Exynos 9810 ကို Samsung က ပြသမှာပါ။

kk(shweinnlay)

( ဒီဆောင်းပါးကို Takhon ၏ မိတ်ဖက် Shweinnlay အွန်လိုင်းမီဒီယာမှ ကူးယူဖော်ပြပါသည် )

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment