ယနေ့ ခေတ်သုံးနေတဲ့  ဘလူးတု နည်းပညာဆိုတာဟာ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်က ပင်လယ်ဓားပြခေါင်းဆောင်ကြီးတစ်ဦးကို အစွဲပြုပြီး အမည်ပေးခဲ့တာပဲဖြစ်ပါတယ်။
များပြားလှတဲ့ ရုပ်ရှင်တွေ၊ တီဗွီအစီအစဉ်တွေ၊ ဝတ္ထုတွေ နဲ့  ရုပ်ပြစာအုပ်တွေမှာ ပင်လယ်ဓားပြတွေကို အကြင်နာတရားကင်းမဲ့ပြီး လူမဆန်လောက်အောင် ရိုင်းစိုင်းရက်စက်ကြသူတွေအဖြစ် ပုံဖော်ခံထားရသည်မှာ ခေတ်တစ်လျောက်ပဲဖြစ်ပါတယ်။
သို့သော်လည်း အခိုင်အမာ ရှာဖွေတွေ့ ရှိထားတဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ အချက်အလက်တွေအရဆိုရင် သူတို့တွေဟာ အများကဖော်ပြကြသလို အစွမ်းကုန် ရိုင်းစိုင်းတဲ့သူတွေတော့ ဖြစ်ပုံမပေါ်ပါဘူး။
ပင်လယ်ဓားပြတွေ အသုံးပြုခဲ့တဲ့ စကင်ဒီနေဗီးယား ဘာသာစကားလုံးတွေဟာ ခေတ်သစ်အင်္ဂလိပ်စာပေထဲမှာ မရေမတွက်နိုင်လောက်အောင် ပေါင်းစပ်ပါဝင်လာခဲ့ကြသလို သူတို့ရဲ့ ယဉ်ကျေးမှုပုံစတွေဟာလည်း ခေတ်သစ်ထိတိုင်အောင် မတိမ်မမြုပ်ဘဲ ရှိနေခဲ့ကြပါတယ်။
အမှန်တကယ်တော့ ဘလူးတုနည်းပညာဆိုတာဟာ ပင်လယ်ဓားပြခေါင်းဆောင်ကြီး Harald Blåtand (Harald Bluetooth) ကို အစွဲပြုပေးခဲ့တာပဲဖြစ်ပါတယ်။
ရှေးနှစ်ပေါင်းများစွာကတည်းက ကြိုးမဲ့အချက်အလက်ဖလှယ်ခြင်းကို အသုံးချနိုင်ခဲ့ပြီးဖြစ်ပါတယ်။
၁၉၉၄ ခုနှစ်မှာ သုတေသနပညာရှင် Ericsson က ပိုမိုတိုးတက်အောင် ဆောင်ရွက်ခဲ့ပါတယ်။
Ericsson က ဒီနည်းပညာ ပရောဂျက်ပြုလုပ်စဉ် အတွင်းမှာ ယာယီနာမည်ပေးခဲ့ပြီး ပရောဂျက်ပြီးဆုံးချိန်မှာတော့ အမြဲတမ်းအသုံးပြုဖို့ အမည်ရွေးချယ်ခဲ့ပါတယ်။
အမည်ပေးရန်အတွက် အဆိုပြုကြတဲ့အထဲမှာဆိုရင် RadioWire နဲ့ PAN ( Personal Area Networking) ဆိုတဲ့အမည်တွေတောင် ပါခဲ့သေးပါတယ်။ အမှန်တကယ် ရွှေးချယ်ဖြစ်ခဲ့တဲ့အမည်ကတော့ Bluetooth ပဲဖြစ်ပါတယ်။
ဆွီဒင် တယ်လီကွန် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Ericsson က ယင်းနည်းပညာကို ဘလူးတု လို့အမည်ပေးခဲ့ပြီး လူအများနှစ်လိုဖွယ်ဖြစ်မယ့် လိုဂိုတစ်ခုပါ ဖန်တီးခဲ့ပါတယ်။
အဲ့ဒီလိုဂိုကိုတော့ ဘုရင်ကြီးရဲ့ အမည် အစစာလုံးများဖြစ်တဲ့ ‘H’ နဲ့  ‘B’ ကိုပေါင်းစပ်ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။
ဘုရင် Harald Bluetooth ရဲ့  မွေးနေ့အတိအကျနဲ့ပတ်သက်ပြီး ငြင်းခုံနေကြဆဲဖြစ်ပါတယ်။
သမိုင်းပညာရှင်တချို့ကတော့ ဘုရင်ကြီးရဲ့မွေးနေ့ဟာ ၉၁၀ ခုနှစ်ဝန်းကျင်ဖြစ်ခဲ့တယ်လို့ လက်ခံယူဆကြပါတယ်။ ၎င်းသေဆုံးခဲ့တဲ့ခုနှစ်နဲ့ပတ်သက်ပြီးတော့လည်း အငြင်းပွားစရာဖြစ်နေတုန်းပါပဲ။
ဘုရင်ကြီးရဲ့ ဘလူးတုဆိုတဲ့ ချစ်စနိုးအမည်ဟာဆိုရင် ၁၁၄၀ ခုနှစ်က ရေးထိုးထားတဲ့ Roskilde မော်ကွန်းကြောင့် စတင်ပေါ်လာတယ်လို့ ဆိုကြပါတယ်။
ပုံပြင်တစ်ပုဒ်မှာဆိုရင် ဘုရင်ကြီးမှာ ခိုင်မာတဲ့ အပြာရောင်သွားတစ်ချောင်းရှိတယ်လို့  ဆိုပါတယ်။ ဒါဟာရယ်စရာပဲ ဖြစ်မှာပါ။
Ericsson ဝက်ဘ်ဆိုက်မှာဖော်ပြခဲ့တဲ့ တခြားဖြစ်နိုင်ချေတစ်ခုကတော့  ပထမဆုံး ဒိန်းမတ် ဘုရင်ကြီးမှာ အပြာရောင်သွားတွေရှိပြီး ဘလူးဘယ်ရီသီးတွေ အများအပြားစားရတာကို နှစ်သက်တယ်လို့  ဆိုပါတယ်။
နောက်ထပ်ပုံပြင်တစ်ခုမှာဆိုရင် ဘုရင်ကြီးက အပြာရောင်အဝတ်တန်ဆာတွေကို မကြာခဏ ဝတ်ဆင်လေ့ရှိပြီး သူ့ရဲ ဘုရင့် အဆောင်အယောင်ကိုလည်း အပြာရောင်ဦးစားပေးပြီး ပြုလုပ်စေတယ်လို့  ဆိုပြန်ပါတယ်။
ယနေ့ ခေတ်မှာတော့ ဘလူးတု ဆိုတဲ့အမည်တစ်ခုက အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်တဲ့အမည် ဖြစ်နေပါပြီ။ သမိုင်းမှာ အရေးပါခဲ့တဲ့ ဘုရင်ကြီးရဲ့နာမည်ကို နည်းပညာဆိုင်ရာ အမည်တစ်ခုအဖြစ် အစွဲပြုပေးခဲ့တာအတွက်တော့ ကျေးဇူးတင်ရမှာပါ။
Cherie(ShweInnlay)
( ဒီသတင်းကို Takhon ၏ မိတ်ဖက် Shweinnlay အွန်လိုင်းမီဒီယာမှ ကူးယူဖော်ပြပါသည် )
Leave a Comment