News sport

ု့ပြတ်လိုက်ဆက်လိုက် နေမာတို့စုံတွဲ

ဘရာဇီးနှင့် ပီအက်စ်ဂျီကစားသမားနေမာတစ်ယောက် ဆောင်းရာသီအားလပ်ချိန်ရချိန်မှာ အချိန်ကိုအကျိုးရှိစွာအသုံးချနေပါတယ်။ ပြင်သစ်လိဂ်ခဏရပ်နားချိန်ဖြစ်လို့ PSGအသင်းကအနားပေးခဲ့တာဖြစ်ပြီး နေမာတစ်ယောက် ချစ်သူ ဘရူနာနဲ့အတူ အားလပ်ရက်ကိုဖြတ်သန်းနေခဲ့တာဖြစ်ပါတယ်။

အားလပ်ရက်အတွင်းနေမာရဲ့ ပုံရိပ်တွေကို မီဒီယာတွေကလည်းအလွတ်မပေးခဲ့ဘဲ စောင့်ကြည့်နေခဲ့ပြီး မီဒီယာစာမျက်နှာများပေါ်ရောက်ရှိလာခဲ့တာပါ။ နေမာနဲ့ ဘရူနာဟာ ချစ်သူဘဝကိုဖြတ်သန်းခဲ့တာကြာပြီဖြစ်ပေမဲ့ မကြာခဏဆိုသလို လမ်းခွဲပြီဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်ဖူးတာဖြစ်ပါတယ်။

ဒါပေမဲ့အခုချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ ကြည်နူးသာယာနေတဲ့ပုံကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး အပန်းဖြေခရီးမှာ နေမာတို့ စုံတွဲအပြင်PSGဂိုးသမား ထရက်နဲ့ ချစ်သူဂေါ်လာတို့ကိုပါ အတူတကွမြင်ခဲ့ရပါတယ်။

ဒီစုံတွဲနှစ်တွဲဟာ ဘရာဇီးကမ်းခြေ ပါနမ်ဘူကိုကမ်းခြေနဲ့ (၂၂၀)မိုင်အကွာမှာရှိတဲ့ နိုရွန်ဟာကျွန်းမှာ သွားရောက်အပန်းဖြေခဲ့တာဖြစ်ပြီး နေမာနဲ့ ဘရူနာတို့ရဲ့အနမ်းတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ နေမာတို့စုံတွဲဟာ ဂျပ်စတင်ဘီဘာတို့နဲ့ လည်းရင်းနှီးတာဖြစ်ပြီး ဘီဘာတို့စုံတွဲလို ပြတ်လိုက်ဆက်လိုက်လုပ်နေတဲ့စုံတွဲလို့လည်း မီဒီယာတွေက နောက်ပြောင်ခဲ့ပါသေးတယ်။

M2O

ပြန်လည်မျှဝေလိုက်ပါ..

Leave a Comment