LifeStyle

စောစီးစွာအပျိုဖော်ဝင်တဲ့ မိန်းကလေးငယ်တွေမှာ စိတ်ဓာတ်ကျမှုဆင်းပိုမိုခံစားရကြောင်း သုတေသနပြုချက်ထုတ်ပြန်

အရွယ်မတိုင်မီ စောစီးစွာ အပျိုဖော်ဝင်လာတဲ့ မိန်းကလေးငယ်တွေမှာဆိုရင် အခြားရွယ်တူ မိန်းက လေးငယ်တွေထက်ကို ပိုပြီးတော့ စိတ်ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာကျဆင်းမှုတွေ ခံစားရနိုင်တယ်လို့ လေ့ လာတွေ့ရှိချက်နဲ့ ဆေးပညာမှတ်တမ်းတွေအရ ဖော်ပြထားပါတယ်။ ပျမ်းမျှအားဖြင့် အသက် ၁၂ နှစ် အရွယ်မှစတင်ပြီးတော့ ပထမဆုံးအကြိမ်နဲ့ အပျိုဖော်ဝင် ရာသီလာတတ်ကြပြီး အချို့သော မိန်းက လေးငယ်တွေမှာတော့ အသက် ၈ နှစ်အရွယ်ကစပြီးတော့ အပျိုဖော်ဝင်လေ့ရှိကြတယ်လို့ သိရပါ တယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိမှုတွေမှာဆိုရင်တော့ အရွယ်မတိုင်မီစောပြီး အပျိုဖော်ဝင် တဲ့ မိန်းကလေးတွေမှာ စိတ်ဓာတ် ကျခြင်းလက္ခဏာတွေပိုမိုတွေ့ရှိရတယ်လို့ သိရပါတယ်။ ဘာ့ကြောင့် ဒီလိုမျိုးဖြစ်ရတယ်ဆိုတဲ့ ရလာဒ်အဖြေရှာဖွေခြင်းမှာတော့ ပင်ကိုယ်ဗီဇလက္ခဏာနဲ့ ပတ်ဝန်းကျင်အခြေအနေတွေက ငယ်ရွယ်သူမိန်းကလေးတွေအပေါ်မှာ ပြောင်းလဲသွားခြင်းကြောင့် ဖြစ်တယ်လို့ တွေ့ရှိခဲ့ ရပါတယ်။

သူတို့တွေရဲ့ စိတ်အာရုံခံစားမှုတွေနဲ့ ဟော်မုန်းတွေက ငယ်ရွယ်သူတွေရဲ့ စိတ်ခံစားမှုတွေကို ပြောင်း လဲပစ်နိုင်ကာ အနီးအနား မှာရှိနေတဲ့ လူတွေရဲ့အမြင်နဲ့ ပြောင်းလဲသွားတဲ့ဆက်ဆံရေးတွေကလည်း စိတ်ဓာတ်ကျခြင်းတွေကို ဖြစ်စေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကလေးတုန်းကလို မဟုတ်ပဲ လူကြီး တစ်ယောက်လို ထိန်းထိန်းသိမ်းသိမ်းနေထိုင်လာရမယ့် ခံစားမှုကို သူတို့ကို ကြီးလေး တဲ့စိတ်ဆင်းရဲ ဒုက္ခဖြစ်စေကာ အခြားသော အခက်အခဲတွေဖြစ်လာနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။

အပျိုဖော်ဝင်သွားလို့ သူတို့ကိုယ် သူတို့ လူကြီးတစ်ယောက်ဖြစ်သွားပြီဆိုတဲ့ အသိလက်ခံမှုနဲ့ အသက် ကြီးသွားပြီဆိုတဲ့ အသိက သူတို့ကို စိတ်ကျေနပ်မှုမပေးနိုင်ဘူးလို့ သိရပါတယ်။ နောက်ပြီး စောစီးစွာ အပျိုဖော်ဝင်သွားတဲ့အတွက်မို့လို့လည်း ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာကော အပြောင်းအလဲ တွေကိုလည်း လက်မခံလိုပဲ အခြားရွယ်တူကလေးငယ်တွေလိုပဲ အပျိုမဖြစ်ပဲ ကလေးဘာသာ ဘာဝ နေချင်သေးတယ်ဆိုတဲ့ ဆန္ဒတွေလည်းရှိတာကြောင့် စိတ်ဖိစီးမှုတွေ ခံစားလာရတာပဲဖြစ်ပါတယ်။

မေ(ရွှေအင်းလေး)

( ဒီသတင်းကို Takhon ဧ။် မိတ်ဖက်အွန်လိုင်းမီဒီယာ Shweinnlay မှကူးယူဖော်ပြပါသည် )

ပြန်လည်မျှဝေလိုက်ပါ..
TaKhon အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြထားသော Post များသည် ကိုယ်ပိုင်မဟုတ်ပါ။ အများပြည်သူ ဖတ်ရအဆင်ပြေအောင် ဖေ့ဘွတ်စာမျက်နှာတွင်ပြန့်ကျဲနေသော သတင်းဆောင်းပါးများကို ကူးယူဖော်ပြထားပါသည်။ သို့ဖြစ်သောကြောင့် ကူးယူဖော်ပြခံရသော မီဒီယာများအနေဖြင့် မိမ်တို့၏ content များကု ကူးယူဖော်ပြခြင်းကို ကန့်ကွက်လိုပါက [email protected] ကို အီးမေလ်း ပေးပို့နိုင်ပါသည်။

Leave a Comment